ပျော်ရျွှင်းငြိမ်းချမ်းသောကမ္ဘာလေးရနိုင်ကျပါစေ
လာရောက်လည်ပတ်သူများကိုအထူပဲကျေးဇူတင်ပါသည်.ဇူလိုင်.မင်းဝေ

.

.

နိုင်ငံတကာ လာရောက်မိတ်ဆွေများ

วันศุกร์ที่ 10 พฤศจิกายน พ.ศ. 2560

အထွေထွေဗဟုသုတ

အထွေထွေဗဟုသုတ
**************************

ဖေ​ဖေ သမီး ဘုရား​ကို ​နောက်​တစ်​ခါ ထပ်​မသွား​တော့ဘူး
ဘာဖြစ်​လို့လဲ သမီး
ဘုရား​ကို သမီးသွား​တော့ ​တွေ့တဲ့လူတိုင်းက ဘုရားဝတ်ပြုနေတဲ့ အချိန်မှာတောင်​ ဖုန်းသုံး​နေတဲ့သူနဲ့ အတင်း​ပြော​နေတဲ့သူနဲ့ ဘယ်​သူမှ တလေးတစား မရှိကြဘူး သူတို့​အားလုံးဟာ သူ​တော်​​ကောင်း​ယောင်​ ​ဆောင်​​နေကြတာပဲ ​ဖေ​ဖေ
အင်း ဒါဆို သမီး ဘုရား​ မသွား​တော့ဖို့ မဆုံးဖြတ်​ခင်​ ​ဖေ​ဖေ သမီးကို တစ်ခုလောက်​ လုပ်​ခိုင်းလို့ရမလား
ပြောကြည့်​​လေ ​ဖေ​ဖေ ဘာများလဲ
ဒါဆို သမီး ဖန်​ခွက်​ထဲ ​ရေအပြည့်​ထည့်​ပြီး ဘုရားကို ၂ ပတ်​ လမ်း​လျောက်​ရမယ်​ ဒါပေမယ့်​ ​ရေ​တော့ လုံးဝမဖိတ်​ရဘူး​နော်
ဒါ​လေးများ ​အေး​ဆေး လုပ်​နိုင်​ပါတယ်​ ​ဖေဖေ
သမီး ပြန်ရောက်ပီ ဖေဖေ ဒီမှာကြည့်​ ​ရေ လုံးဝမဖိတ်​ဘူး
ဟုတ်​ပီ ဒါဆို ​ဖေ​ဖေ သမီးကို ​မေးခွန်း ၃ ခု ​မေးမယ်
သမီး ဘုရား​​ပေါ်မှာ ဖုန်းသုံး​နေတဲ့သူ​တွေ ​တွေ့ခဲ့လား
အတင်း​ပြော​နေတာ​တွေ​ရော ကြားခဲ့လား
သမာဓိပျက်​​နေတဲ့သူ​တွေ​ရော ရှိခဲ့လား
ဘယ်​လိုလုပ်​ ​တွေ့ခဲ့မှာလဲ ​ဖေ​ဖေရယ်​ အဲဒါတွေ သွားကြည့်​ရင်​ သမီး ဖန်ခွက်ထဲက​ရေ ဖိတ်​သွားမှာ​ပေါ့ ကိုယ့်ဟာကိုယ်​ အာရုံစိုက်​ထားရတာ သူတို့ကို မကြည့်​အားပါဘူး
ဖေ​ဖေလိုချင်​တာ အဲဒါပဲ သမီး
သမီး ဘုရား​ကျောင်းကို သွားတယ်​ဆိုရင်​ လုပ်​သင့်​တာက ကိုယ့်​အလုပ်​ကိုကိုယ် အာရုံစိုက်​ပြီး ဘုရားကို အာရုံပြု​နေဖို့ပဲ
ကျန်​တာ​တွေက ကိုယ့်​ကိစ္စ မဟုတ်​ဘူး
ကိုယ့်​သမာဓိ မပျက်​ဖို့ပဲ အ​ရေးကြီးတယ်​ မဟုတ်​လား သမီး
ဘယ်​သူ တရားပျက်​​ပျက်​ ကိုယ်​မပျက်​ဖို့ လိုတယ်​သမီး
ဒါဆိုရင်​ သမီးဘဝ တစ်လျှောက်မှာ ဘယ်လို အဖြစ်အပျက်နဲ့ပဲ ကြုံရကြုံရ ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာသာ အာရုံအပြည့်အဝ စူးစိုက်ထားမယ်ဆိုရင် ပြင်ပ ဘယ်အရာကမှ သမီးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး သမီး
ကျေးဇူးပါ ​ဖေ​ဖေ ​ဖေ​ဖေ​ပေးတဲ့ သင်ခန်းစာက သမီးအတွက်​ တကယ်​ကို ​ကောင်းလွန်းပါတယ်​​ ဖေ​ဖေ
Lotus dharma yoga
Criedit.... Thiha Thiha
****************************************************************************************************

ไม่มีความคิดเห็น:

แสดงความคิดเห็น