ပျော်ရျွှင်းငြိမ်းချမ်းသောကမ္ဘာလေးရနိုင်ကျပါစေ
လာရောက်လည်ပတ်သူများကိုအထူပဲကျေးဇူတင်ပါသည်.ဇူလိုင်.မင်းဝေ

.

.

နိုင်ငံတကာ လာရောက်မိတ်ဆွေများ

แสดงบทความที่มีป้ายกำกับ နိုင်ငံတကာအံဖွယ်ရာ แสดงบทความทั้งหมด
แสดงบทความที่มีป้ายกำกับ နိုင်ငံတကာအံဖွယ်ရာ แสดงบทความทั้งหมด

วันอาทิตย์ที่ 23 สิงหาคม พ.ศ. 2558

ကင်ညာနိုင်ငံက အမျိုးသားတွေနေလို့မရတဲ့ရွာ

ကင်ညာနိုင်ငံက အမျိုးသားတွေနေလို့မရတဲ့ရွာ



===================================================

နိုင်ရိုဘီ- ကင်ညာနိုင်ငံရှိ ယူမိုဂျာလို့အ မည်ရတဲ့ ရွာလေးတစ်ရွာဟာ အမျိုးသား တွေ လုံးဝနေထိုင်ခွင့်မရှိတဲ့ရွာဖြစ်တယ် လို့ သိရပါတယ်။ အဲဒီယူမိုဂျာရွာလေးကို စတင်တည်ထောင်ခဲ့စဉ်ကတည်းက အမျိုး သားတွေကို အလာမခံသလို ကျေးရွာသား အဖြစ်လည်း အသိအမှတ်မပြုပါဘူး။
ကင်ညာနိုင်ငံအတွင်းမှာ အမျိုး သမီးတွေဟာ အမျိုးသားတွေရဲ့အနိုင်ကျင့် မှုနဲ့ နိုင့်ထက်စီးနင်း ပြုလုပ်ခြင်းခံရတာကို ဆန့်ကျင်တဲ့အနေနဲ့ အဲဒီရွာလေးဟာ အမျိုး သားတွေကို လက်မခံတာဖြစ်တယ်လို့ သိ ရပါတယ်။
အဆိုပါ ယူမိုဂျာရွာလေးကို ၁၉၉ဝပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အခုဆို ၂၅နှစ်ရှိခဲ့ပါပြီ။ ရွာထဲမှာနေထိုင် တဲ့ အမျိုးသမီးဦးရေနဲ့ ကလေးဦးရေ ၂၄၇ဦးခန့်ရှိတယ်လို့ သိရပါတယ်။
အမျိုးသားဖြစ်သူရဲ့ ညှဉ်းပန်း နှိပ်စက်မှုကိုခံရလို့ ထွက်ပြေးလာသူတွေ၊ မုဒိမ်းအကျင့်ခံခဲ့ရသူ အမျိုးသမီးတွေနဲ့ အကြမ်းဖက်ခံနေရသူတို့ကို ဦးစားပေးလက် ခံတဲ့ ဒုက္ခသည်စခန်းလို့လည်း ဆိုလို့ရပါ တယ်။
ရွာအတွင်းမှာနေထိုင်တဲ့ အမျိုး သမီးတွေဟာ ဒေသထွက် ကျောက်မျက် ရတနာကို ရောင်းချခြင်းအပြင် ခရီးသွား ဧည့်သည်တွေဆီက ဝင်ငွေတွေကို ရကြ ပါတယ်။ ခရီးသွားဧည့်သည်တွေထဲမှာ ယောက်ျားဝင်ခွင့်မရှိဘူးလို့ အမိန့်မထုတ် ထားပေမယ့် အကြာကြီး နေလို့မရဘူးလို့ သိရပါတယ်။
ဗြိတိန်စစ်သားတွေရဲ့အနိုင်ကျင့် စော်ကားမှုကိုခံခဲ့ရတဲ့ အမျိုးသမီး ၁၅ဦးက ယူမိုဂျာရွာကို စတင်တည်ထောင်ခဲ့တာဖြစ် ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေသာ နေ ထိုင်တာဖြစ်လို့ ခြိမ်းခြောက်ခံရမှုအချို့ တော့ ယခုအထိရှိတယ်လို့ သိရပါတယ်။