ပျော်ရျွှင်းငြိမ်းချမ်းသောကမ္ဘာလေးရနိုင်ကျပါစေ
လာရောက်လည်ပတ်သူများကိုအထူပဲကျေးဇူတင်ပါသည်.ဇူလိုင်.မင်းဝေ

.

.

နိုင်ငံတကာ လာရောက်မိတ်ဆွေများ

วันศุกร์ที่ 11 กันยายน พ.ศ. 2558

FBပေါ်မှာ ရုပ်အရှင်တင်နည်းလေးပါ



FBပေါ်မှာ ရုပ်အရှင်တင်နည်းလေးပါ
ဘော်ဘော်တို့ခဏခဏလာမေးနေလိုတင်ပေးလိုက်ပီနော်
လုပ်နည်းကတော့အောက်မှာ ပုံလေးတွေ့နဲ့တင်ပြထားပါတယ် ..ခင်ဗျာ....လင့်ကဒီမှာပါ.
......https://giphy







<<<<<<<<<<<<<ဇူလိုင်မင်းဝေ>>>>>>>>>>>>>


.com/upload/

วันจันทร์ที่ 7 กันยายน พ.ศ. 2558

100%] How To Root Samsung Galaxy A7 without PC [2 Methods].......

[100%] How To Root Samsung Galaxy A7 without PC [2 Methods]..........................................................................
=619&source=lnms&tbm=isch&sa=X&ved=0CAcQ_AUoAmoVChMIsMLCh4nlxwIVIp6mCh1Vuwax#newwindow=1&tbm=isch&q=Galaxy+A7+Root+&imgrc=UYuHLsDNuryt1M%3A
========================================================================================





Samsung Galaxy A7 ဘော်ဘော်များအတွက်root/ရာခိုင်းနှုန်း၁၀၀
အပြည့်ဖောက်လိုရပါတယ် ညီလေးဘော်ဘော်တွေ့ခဏခဏလာမေးနေ့လိုကဲ့ရှားပေးလိုက်ပီ အား၂လုံး၂အဆင့်ပြေ့ကြပါစေ
အော်မေ့လိုဖုန်းရော့ ကွန် ဗျူတာရော့နော်.....ပျော်ရွှင်းချမ်းမြေ့ကျပါစေ......ဇူလိုင်မင်းဝေ

วันเสาร์ที่ 5 กันยายน พ.ศ. 2558

windows အလှဆင့်ဝဲဒ်ဆိုက်ဒ်များ

မင်္ဂလာပါချစ်ဘော်ဘော်တို

ဒါလေကတောကိုအသုံးပြုနေတဲ့ဝင်းဒိုးကိုအလှဆင့်ဝဲဒ်ဆိုက်လေးတွေပါ
အခုလောလောဆဲတိုမအားသေးလိုဝဲဒ်ဆိုက်နဲ့ပုံတွေတင်ပေးလိုက်ပါတယ်
နောက်တို့အားမ ဗွီတီယိုနဲ့တခွာတင်ပေးပါအုန်းမည်
အခုတော့ဒါလေဘဲလေ့လာထားလိုက်ပါ
ကျေးဇူတင်စွာဖြစ်...ဇူလိုင်မင်းဝေ....


မောက်လင့်ဒီမှာပါ














<<<<<<<<<<<<<<<ဇူလိုင်မင်းဝေ>>>>>>>>>>>>>









FB..ID..လုပ်နည်း


မင်္ဂလာပါ ဘော်ဘော်တို့ အကိုယ့်ဂရုမှာ ရှိကြတဲ့ ဘော်ဘော်တွေ အားလုံးပဲ fb id နံပါတ် မလုပ်ရသေးရင် အားလုံးပဲ လုပ်ထားစေချင်ပါတယ် အခုတစ်လော fb id လော့ ခနခနကြနေကြပါတယ် ဒါကြောင့် ကိုယ့်မှာ id နံပါတ်ရှိထားဖို့ လိုပါတယ် တကယ်လို့ id နံပါတ် မရှိရင် အဲဒိ id လော့ကြသွားတဲ့ ဘော်ဘော်တို့ရဲ့ fb အကောင့်ဟာ ရဖို့ထက် မရဖို့ကပို များပါတယ်
ဒါကြောင့် အားလုံးကို ဖြစ်နိုင်ရင် လုပ်ထားစေချင်ပါတယ်
အောက်က အကို ပေးထားတဲ့ လင့်ကနေဝင်သွားလိုက်ပါ ပြီးရင် အကို ပြထားတဲ့ အတိုင်း လုပ်လိုက်ပါ အားလုံးပဲ အဆင်ပြေပါစေ..
ဒီလင့်နေ ဝင်သွားလိုက်ပါ
Copy Share
Fb_ID ကဒ်လုပ်ရန်.

http://appspocket.com/facebook_id_card.php

<<<<<<<<<<<<<<<<<ဇူလိုင်မင်းဝေ>>>>>>>>>>>>>>>>

Harry Potter ဇာတ်လမ်းတွဲများ( 8 ကား )


Harry Potter ဇာတ်လမ်းတွဲများ( 8 ကား )
============================================
,<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>>>>>>>>
Harry Potter ဇာတ်လမ်းတွဲများ
==================
Harry Potterဆိုရင် တစ်ကမ္ဘာလုံးမသိသူမရှိလောက်အောင်
အောင်မြင်ခဲ့တဲ့ရုပ်ရှင်ပါ..
ရုပ်ရှင်တင် မဟုတ်ပါဘူး စာအုပ်တွေလဲ အောင်မြင်ခဲ့တာပါ..
၂၀၀၁ ကနေ ၂၀၁၁ အထိ ရုပ်ရှင် ( ၈ ) ကားထွက်ခဲ့ပါတယ်..
အဲဒီ ( ၈ ) ကားလုံးကို မြန်မာစာတန်းထိုး နဲ့ စုစည်းပေးလိုက်ပါတယ်..
မူရင်းကတော့ ချမ်းငြိမ်း (မှော်ဝန်း) တင်ဆက်ထားတာဖြစ်ပါတယ်..
( 1 ) Harry Potter and the Sorcerer's Stone (2001) မြန်မာစာတန်းထိုး
594.9 MB
https://my.pcloud.com/publink/show?code=tyd
( 2 ) Harry Potter and the Chamber of Secrets (2002) မြန်မာစာတန်းထိုး
651.9 MB
https://my.pcloud.com/publink/show?code=w7d
( 3 ) Harry Potter and the Prisoner of Azkaban (2004) မြန်မာစာတန်းထိုး
589.9 MB
https://my.pcloud.com/publink/show?code=Hkd
( 4 ) Harry Potter and the Goblet of Fire (2005) မြန်မာစာတန်းထိုး
1.5 GB
https://my.pcloud.com/publink/show?code=Nkd
( 5 ) Harry Potter and the Order of the Phoenix (2007) မြန်မာစာတန်းထိုး
561.8 MB
https://my.pcloud.com/publink/show?code=Jaq
( 6 ) Harry Potter and the Half-Blood Prince (2009) မြန်မာစာတန်းထိုး
623.8 MB
https://my.pcloud.com/publink/show?code=s7d
( 7 ) Harry Potter and the Deathly Hallows Part 1 (2010) မြန်မာစာတန်းထိုး
593.6 MB
https://my.pcloud.com/publink/show?code=b4d
( 8 ) Harry Potter and the Deathly Hallows Part 2 (2011) မြန်မာစာတန်းထိုး
532.5 MB
https://my.pcloud.com/publink/show?code=CEq
မူရင်းကတော့ ချမ်းငြိမ်း (မှော်ဝန်း)
<<<<<<<<<<<<<<<ဇူလိုင်မင်းဝေ>>>>>>>>>>>

วันพุธที่ 2 กันยายน พ.ศ. 2558

စရိုက် (၆) ပါး ” တရားတော်


-
------------------------------------------------------------
=================================
...............................................






Minwai Mon
စရိုက် (၆) ပါး ” တရားတော် အပိုင်း (၁)
သစ္စာလေးတန် မဟာသတိပဌာန် ၀ိပဿနာတရားစခန်း
ဟောကြားသူ - ဆရာတော် အရှင်အရိယဓမ္မ
( သစ္စာလေးတန် မဟာသတိပဌာန် ကျောင်းတိုက်၊၈၂ ရပ်ကွက်၊
 ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ဖုန်း - ၀၉ ၄၃၀၃ ၈၈၀၂ )
၁။ စရိုက် ဆိုသည်မှာ ပင်ကိုရိုးရာ သူတကာ တို့ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေကျထက် လွန်လွန်ကဲကဲ ဖြစ်တတ်သော အကျင့်ကို ခေါ်ပါသည်။ ဥပမာ - အစားအသောက်၌ သူတစ်ပါးတို့ထက် ခုံမင်ခြင်း၊ ရုပ်ရှင်ကြည့်ရာ၌ သူတစ်ပါးထက် ၀ါသနာထုံခြင်းများ စသည်တို့ ဖြစ်ကြသည်။
၂။ လောက လူအားလုံးတို့၌ စရိုက်တရား (၆) ပါး ရှိလေသည်။ 
ထိုစရိုက်တရား (၆) ပါးမှာ -
- ရာဂစရိုက် - ငါးပါးအာရုံ ကာမဂုဏ်နှင့်တကွ ၀တ္တု စည်းစိမ် ဥစ္စာ ပစ္စည်း တို့၌ လွန်ကဲစွာ တပ်မက်သော အကျင့်။
- ဒေါသစရိုက် - အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း စသော တရားတို့၌ လွန်ကဲသော အကျင့်။
- မောဟစရိုက် - ထိုင်းမှိုင်းတွေဝေခြင်း ၌ လွန်ကဲသောအကျင့်။
- သဒ္ဒါစရိုက် - ယုံကြည်လွယ်သော အကျင့်။
- ၀ိတက်စရိုက် - စိတ်ကူးယဉ်တတ်သော အကျင့်။
- ပညာစရိုက် - အရာရာ၌ အကြောင်းအကျိုး၊ အကောင်းအဆိုး တို့ကို ဆင်ခြင် တတ်သော အကျင့်။
၃။ ထိုစရိုက်တို့သည် လူတို့၌ တစ်ပါးဖြစ်စေ၊ နှစ်ပါးဖြစ်စေ၊ သုံးပါးဖြစ်စေ တွဲလျက်ရှိနေတတ်ပါသည်။ ဤသူ အဘယ်စရိုက် ရှိသည်ဟု အကဲခတ်နိုင်မူမှာ အသွား၊ အလာ၊ အနေအထိုင်၊ အပြောအဆို၊ အလုပ်အကိုင်၊ အစားအသောက် စသည်တို့ကို ကြည့်ရူအကဲခတ်ခြင်းဖြင့် သိနိုင်ပါသည်။ စရိုက်တစ်ခုကို မချိုးနှိမ်နိုင်သူသည် ထိုစရိုက်ကြောင့် မရေမတွက်နိုင်သော ဆင်းရဲတရားတို့ ပေါ်ပေါက်ရလေ၏။ ဥပမာ - အစားအသောက်၌ ခုံမင်ခြင်းတို့ကြောင့် အစားအသောက် အမျိုးမျိုးကို ငွေကုန်ခံ၍ ချက်ပြုတ်စားသောက်ရခြင်း၊ အစားတလုတ် အတွက် ကိုယ်ကြိုက်သည့် ဆိုင်အထိ တကူးတကသွား၍ စားသောက်ရခြင်းများ … ထိုအစားအသောက် ခုံမင်မူကြောင့် ဖြစ်ပေါ်လာသော အနာရောဂါအမျိုးမျိုးကို ငွေကုန်ခံ၍ ဆေးကုရခြင်း၊ ကြိုက်သော ကြောင့် အတိုင်းအဆ မရှိ စား၊ စားပြီး၍ ဖြစ်သော ရောဂါကို ထပ်ဆင့်ပူပန်၍ ဆေးသောက်ရခြင်း၊ ဆရာဝန်ဆီ ပြေးရခြင်း စသည့် ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ရလေသည်။ စရိုက် နှစ်မျိုး၊ သုံးမျိုး ရှိနေသူ တို့၏ ဒုက္ခသည်ကား ဆိုဖွယ်ရာ မရှိတော့ပေ။
၎။ လူတို့၏ ထို စရိုက်တို့သည် တဏှာ၊ ကိလေသာ တည်းဟူသော သမုဒယသစ္စာ အကြောင်းခံကြောင့် လွန်ကဲသော အစွဲ (စရိုက်) တို့ ပေါ်ပေါက်၍ ပူပန်ခြင်း၊ နှလုံးမသာယာခြင်း စသော ဒုက္ခသစ္စာသို့ ရောက်ကြရလေသည်။ ထို့ကြောင့် အကြင်ယောဂီတို့သည် မိမိ သန္တာန်၌ ရှိနေသော စရိုက်တရားတို့ကို သင့်တော်ရာ ကမ္မဌာန်း (သတိပဌာန်) တရားတို့ဖြင့် ချိုးနှိမ် ပယ်ဖျောက်နိုင်ခြင်း အကျိုးငှာ ဤ တရားတော်ကို ဟောကြားရခြင်း ဖြစ်လေသည်။
၅။ ရာဂ စရိုက် ၏ ၀ိသေသလက္ခဏာ
နေထိုင်မူ ။ ။ ရာဂစရိုက်ရှိသူသည် သွားလာသည်ရှိသော် ခြေလှမ်းမှန်မှန်လှမ်းသည်။ ညီညီကြွ၍ ညီညီချသည်။ ကိုယ် အမူအယာ ယဉ်ကျေးတင့်တယ်သည်။ အလုပ်အကိုင် သေသပ်သည်။
အ၀တ်အစား ။ ။ သေသေသပ်သပ်၊ လှလှပပ ၀တ်သည်။ ရေမွှေးသုံးသည်။
စားသောက်မူ ။ ။ ချို၊ ဆိမ့်၊ အီ၊ မွှေး သော စားသောက်ဖွယ်ကို ကြိုက်သည်။
စိတ်နေစိတ်ထား ။ ။ ငါးပါး အာရုံ ကာမဂုဏ်ကို လွန်ကဲစွာ စွဲမက်သည်။ ပရိယာယ်၊ မာယာ အလိမ်အကောက်ရှိသည်။ မာနကြီးသည်။ လိုချင်လောဘရှိသည်။ ရှေးဘ၀၌ လောဘခြံရံသော ဘ၀တို့ ဖြစ်ခဲ့ဖူးသည်။
နလုံးသွေး ။ ။ သွေးအရောင် နီရဲသည်။
ကမ္မဌာန်း ။ ။ ကာယနုပဿနာ ၌ ပါရှိသော စက်ဆုပ်ဖွယ်ဆင်ခြင်ခြင်း၊ အသုဘ ၉ ပါး ဆင်ခြင်ခြင်း တို့ကို ပွားများခြင်းဖြင့် ရာဂစရိုက်ကို ချိုးနှိမ်နိုင်ပါသည်။
၆။ ဒေါသ စရိုက် ၏ ၀ိသေသလက္ခဏာ
နေထိုင်မူ ။ ။ ဒေါသစရိုက် ရှိသူသည် ကိုယ်အမူအယာ၊ နှူတ် အပြောအဆို ကြမ်းတမ်းသည်။ သွားလာသည်ရှိသော် ကတိုက်ကရိုက် တွန်းတိုက်၍ သွားလာတတ်သည်။ အလုပ်အကိုင်တို့ ၌ သေသပ်မူ မရှိပေ။
အ၀တ်အစား ။ ။ အရောင်ရင့်ရှိသော အ၀တ်အစားကို မသေမသပ် ၀တ်လေ့ရှိသည်။
စားသောက်မူ ။ ။ အချဉ်၊ အငန်၊ အစပ်၊ အခါး၊ စူးရှသော အရသာ ရှိသော အစားအစာကို ကြိုက်သည်။
စိတ်နေစိတ်ထား ။ ။ မကောင်းသော အဆင်း၊ အသံ စသည်တို့၌ သည်းခံချူပ်တည်း နိုင်ခြင်း မရှိပေ။ ဆဲဆို ငေါက်ငမ်းတတ်သည်။ စိတ်တိုလွယ်သည်။ ရန်ငြိုးဖွဲ့သည်။ သူတပါး၌ ငြူစူသည်။ ပျက်စီးစေလိုသည်။ သူတပါး၏ ဂုဏ်ကို ဖျက်ဆီး၍ ပြိုင်ဆိုင်တတ်သည်။ အဆုံးအမ ၌ ခက်ခဲသည်။ ရှေးဘ၀တို့ ၌ ဒေါသ ခြံရံသော ဘ၀တို့ ဖြစ်ခဲ့ဖူးသည်။
နှလုံးသွေး ။ ။ အညိုရောင်ဖြစ်သည်။
ကမ္မဌာန်း ။ ။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်း ဟူသော ဗြဟ္မစိုရ် တရားလေးပါး ကို သတ္တ၀ါ တို့ အပေါ် ဖြန့်ကျက်ပွားများခြင်းဖြင့် ဒေါသစရိုက်ကို ချိုးနှိမ်နိုင်သည်။
၇။ မောဟ စရိုက် ၏ ၀ိသေသလက္ခဏာ
နေထိုင်မူ ။ ။ မောဟ စရိုက်ရှိသူသည် သွားလာသည့်အခါ ဖယ်ယမ်းဖယ်ယမ်းဖြင့် သွားလာတတ်သည်။ ဘိနပ်ကို ရှပ်တိုက်၍ သွားသည်။ လူအများရှေ့ ၌ ကြောက်လန့်လျက် ခြေကြွ၊ ခြေချသည်။ ခြေလှမ်းမှားသည်။ အလုပ်အကိုင် တို့၌ မေ့မေ့လျော့လျော့ ရှိသည်။ ရူပ်ထွေး ပွေလီလျက် နေထိုင်တတ်သည်။ မိမိ အစွမ်းအစဖြင့် မည်မည်ရရ ပြီးမြောက်ခြင်း မရှိပေ။ အမြဲငိုက်ခြင်း၊ အိပ်ခြင်းကို ပြုတတ်သည်။
အ၀တ်အစား ။ ။ ကြုံကြိုက်သ လို ၀တ်စားတတ်သည်။
စားသောက်မူ ။ ။ အစားအစားတို့ ၌ သီးသန့် ကြိုက်နှစ်သက်မူ မရှိ။
စိတ်နေစိတ်ထား ။ ။ အကြောင်းအကျိုး ဆင်ခြင်နိုင်မူမရှိ၊ ရှေ့နောက် ချင့်ချိန် နိုင်မူ မရှိ၊ ဦးဆောင် လိုစိတ်မရှိ၊ နောက်လိုက်သာ ဖြစ်သည်။ သတိပညာ ကင်း၍ ထိုင်းမှိုင်းခြင်း၊ ပျံလွှင့်ခြင်းတို့ဖြင့်သာ အချိန်ကုန်လွန်သည်။ ပျင်းရိသော စိတ် ရှိသည်။ ရည်မှန်းချက် မည်မည်ရရ မရှိ။ လူပေ၊ လူလွင့်၊ လူပေါ်ကျော့ တိှု့နှင့် ပျော်မွေ့ကာ နေလေ့ရှိသည်။ ရှေးဘ၀တို့ ၌ မောဟ ခြံရံသော ဘ၀တို့ ဖြစ်ခဲ့ဖူးသည်။
နှလုံးသွေး ။ ။ အမဲသား ဆေးသော အရောင်ကဲ့သို့ သွေးအရောင် ဖျော့တော့သည်။
ကမ္မဌာန်း ။ ။ ကာယနုပဿနာတွင် ပါဝင်သော ထွက်လေ၀င်လေ ဆင်ခြင်ခြင်း၊ ဣရိယာပုတ်လေးပါး ဆင်ခြင်ခြင်းကို ကြိမ်ဖန်များစွာ ပွားများခြင်းဖြင့် မောဟစရိုက်ကို ချိုးနှိမ်နိုင်ပါသည် …..။
စရိုက်ခြောက်ပါး တရားတော် အပိုင်း (၁) ပြီး၏ ...
========================================================================================
စရိုက် (၆) ပါး ” တရားတော် အပိုင်း (၂)
သစ္စာလေးတန် မဟာသတိပဌာန် ၀ိပဿနာတရားစခန်း
ဟောကြားသူ - ဆရာတော် အရှင်အရိယဓမ္မ ( သစ္စာလေးတန် မဟာသတိပဌာန် ကျောင်းတိုက်၊ ၈၂ ရပ်ကွက်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ဖုန်း - ၀၉ ၄၃၀၃ ၈၈၀၂
၈။ သဒ္ဒါ စရိုက် ၏ ၀ိသေသလက္ခဏာ
နေထိုင်မူ ။ ။ သဒ္ဒါစရိုက် ရှိသူသည် သွားလာသည် ရှိသော် ခြေလှမ်း မှန်မှန်လှမ်းသည်။ ညီညီ ကြွ၍ ညီညီချသည်။ ကိုယ်အမူအရာ ယဉ်ကျေးတင့်တယ်သည်။ အလုပ်အကိုင် သေသပ်သည်။
အ၀တ်အစား ။ ။ သပ်သပ်ယပ်ယပ် ၀တ်သည်။
စားသောက်မူ ။ ။ ချို၊ ဆိမ့်၊ အီ သော စားသောက်ဖွယ် ကိုကြိုက်သည်။
စိတ်နေစိတ်ထား ။ ။ သနားကြင်နာတတ်သည်။ ရတနာ (၃) ပါးနှင့်တကွ မိဘ၊ ဆရာသမား တို့၌ ၀ပ်တွားခယသည်။ သူတပါးတို့၌ ယုံကြည်လွယ်သည်။ သဒ္ဒါစရိုက်ရှိသူတို့သည် ဆင်ခြင်တိုင်းထွာ မူရှိသော်လည်း ယုံကြည်မူကို ဦးစားပေးသဖြင့် အလိမ်အကောက် ခံရခြင်း၊ သူတပါး အသုံးချခံရခြင်း တို့ဖြစ်တတ်သည်။ ပေးကမ်း စွန့်ကြဲ လှူဒါန်းမူကို ပြုလေ့ရှိသည်။ ရှေးဘ၀တို့၌ ရတနာ (၃) ပါးကို ယုံကြည်သော အမျိုးအနွယ်တို့ ဖြစ်ခဲ့ဘူးသည်။
နှလုံးသွေး ။ ။ အ၀ါရောင် ရှိသည်။
ကမ္မဌာန်း ။ ။ ပညာကို ဖြစ်ထွန်းစေသော ဓါတ်လေးပါး၊ သစ္စာလေးပါး၊ သတိပဌာန် တရားလေးပါး၊ အဘိဓမ္မာ၊ ၀ိပဿနာတရား တို့ကို အထူးဂရုပြု၍ လေ့လာပွားများခြင်းဖြင့် သဒ္ဒါစရိုက်ကို ချိုးနှိမ်နိုင်ပါသည်။
၉။ ၀ိတက် စရိုက်၏ ၀ိသေသလက္ခဏာ
နေထိုင်မူ ။ ။ ၀ိတက်စရိုက်ရှိသူသည် သွားလာသည့်အခါ ဖယ်ယမ်း ဖယ်ယမ်း သွားလာတတ်သည်။ ဘိနပ်ကို ရှပ်တိုက်၍ သွားသည်။ လူအများရှေ့၌ ကြောက်လန့်လျက် ခြေကြွ၊ ခြေချသည်။ ခြေလှမ်းမှားသည်။ အလုပ်အကိုင်တို့၌ မေ့မေ့လျော့လျော့ မှားမှားယွင်းယွင်း ဖြစ်တတ်သည်။ နှစ်ခါ ပြန်လုပ်ရသည်။ ရူပ်ထွေးပွေလီလျက် နေသည်။
အ၀တ်အစား ။ ။ ကြုံကြိုက်သလို ၀တ်စားတတ်သည်။
စားသောက်မူ ။ ။ အစားအစာတို့၌ သီးသန့်ကြိုက်နှစ်သက်မူ မရှိပေ။
စိတ်နေစိတ်ထား ။ ။ အမြဲတမ်း စိတ်ကူးယဉ်နေလေ့ရှိသည်။ အကြောင်းအကျိုး ဆင်ခြင်နိုင်သော်လည်း လက်တွေ့ အကောင်အထည်ဖော်နိုင်စွမ်း မရှိပေ။ ဦးဆောင်လို စိတ်မရှိ။ တပည့်ခံလိုစိတ် လည်း မရှိပေ။ ရည်မှန်းချက် အခိုင်အမာ မရှိ အကြံများ၍ အလကား ဖြစ်နေတတ်သည်။ လူလေ၊ လူလွင့်၊ လူပေါ်၊ လူကျော့ တို့နှင့် ပျော်မွေ့တတ်သည်။ ရှေးဘ၀တို့၌ မကောင်းသော အကြံအစည်အမျိုးမျိုးကို ကြံစည်သော အမျိုးအနွယ်တို၌ ဖြစ်ခဲ့ဘူးသည်။
နှလုံးသွေး ။ ။ ပဲပြုတ်ရေအဆင်းရှိသည်။
ကမ္မဌာန်း ။ ။ ကာယနုပဿနာတွင် ပါဝင်သော ထွက်လေ၀င်လေကို ဆင်ခြင်ခြင်း၊ ဣရိယပုတ် လေးပါး ဆင်ခြင်ခြင်းကို ကြိမ်ဖန်များစွာ ပွားများနေခြင်းဖြင့် ၀ိတက်စရိုက်ကို ချိုးနှိမ်နိုင်ပါသည်။
၁၀။ ပညာစရိုက် ၏ ၀ိသေသလက္ခဏာ
နေထိုင်မူ ။ ။ ပညာစရိုက်ရှိသူတို့ သည် အပြောအဆိုတို့၌ မော်ကြွားတတ်သည်။ အထက်စီးနင်နိုင်တတ်သည်။ ကိုယ်အမူအယာ ခက်ထန်သည်။ သွားလာသည်ရှိသော် ရင်ကော့၊ ခြေထောက်၍ သွားလာတတ်သည်။ မျက်နှာထားတင်းသည်။ အလုပ်အကိုင်တို့၌ သေသပ်မူ မရှိသော်လည်း ပြည့်စုံအောင်လုပ်သည်။
အ၀တ်အစား ။ ။ ကြုံကြိုက်သလို ၀တ်စားတတ်သည်။
စားသောက်မူ ။ ။ စားသောက်မူ၌ အတိုင်းအဆရှိ၍ ချင့်ချိန်စားသောက်၏။
စိတ်နေစိတ်ထား ။ ။ မာနထောင်လွှားသည်။ ငေါက်ငမ်းတတ်သည်။ စိတ်တိုလွယ်သည်။ သတိပညာရှိ၍ အမြော်အမြင်ကြီးသည်။ လုံ့လရှိသည်။ မှန်မှန်လုပ်လေ့ရှိသည်။ ဦးဆောင်လိုစိတ်ရှိသည်။ အလွယ်တကူယုံကြည်လေ့မရှိ။ ဆန်းစစ်လွန်းသည်။ ရှေးဘ၀တို့၌ သတိပညာရှိသော အမျိုးအနွယ် တို့၌ ဖြစ်ခဲ့ဘူး၏။
နှလုံးသွေး ။ ။ ပတ္တမြားကြောင် မျက်ရွဲကဲ့သို့ ပြိုးပြိုးပျက်ပျက် အရောင်ရှိသည်။
ကမ္မဌာန်း ။ ။ ကာယနုပဿနာတွင် ပါဝင်သော စက်ဆုပ်ဖွယ်ဓါတ်လေးပါး၊ အသုဘ ၉ ပါး ရူဆင်ခြင်ခြင်း၊ ၀ိပဿနာပွားများခြင်း၊ မေတ္တာဘာဝနာပွားများခြင်းဖြင့် ပညာစရိုက်ကို ချိုးနှိမ်နိုင်ပါသည်။
၁၁။ မိမိ၏ လွန်ကဲသော စရိုက်ကို ဖြစ်စေသည့် စိတ်ဆန္ဒအာသီသ (သမုဒယသစ္စာ) ကို လျောက်ပတ်သော ကမ္မဌာန်းတရားတို့ဖြင့် ချိုးနှိမ်အားထုတ် ခြင်းကြောင့် စရိုက်တရားတို့သည် ထောင်လွှားခြင်းမရှိ၊ ညီမျှသည် ရှိသော် ဒုက္ခတရားတို့လည်း (ဒုက္ခသစ္စာ) ပြေငြိမ်းချမ်းသာရာကို ရလေတော့သည်။ ထို ဒုက္ခတို့ကို ပြေငြိမ်းချမ်းသာစေသည့် ကမ္မဌာန်းတရား အားထုတ်ခြင်းသည် (မဂ္ဂသစ္စာ) ကို ပွားများခြင်း မည်ပေသည်။ အကျိုးတရားအဖြစ် ဒုက္ခပြေငြိမ်းချမ်းသာခြင်း (နိရောဓသစ္စာ) သို့ ရောက်ရလေတော့သတည်း ……….။
သာဓု … သာဓု … သာဓု
စရိုက်ခြောက်ပါး တရားတော် အပိုင်း (၂) ပြီး၏ ...။
===========================================================================================“ စရိုက် ခြောက်ပါး တရားတော် ” အသံဖိုင်
အမိဝမ်း က မွေးဖွားကတည်းက အ၀ိဇ္ဇာ အမှောင်ဖုံးပြီး လူလောကထဲကို ရောက်ရှိ လာထဲ သတ္တ၀ါ လူသားဟာ ဒီ ခန္ဓာငါးပါးပေါ်မှာ ငါဆိုတဲ့အစွဲနဲ့တကွ ထင်မှတ်ခြင်း အ၀ိဇ္ဇာ၊ နှစ်သက်ခြင်း တဏှာ တို့နင့် အတူ ဆင်းရဲတွေကို ဖြတ်သန်း ခဲ့ရပါတယ် … ဒီ အ၀ိဇ္ဇာ တဏှာကို မှီပြီးတော့ စရိုက်ဆိုတာ ဖြစ်တည်လာပါတယ် …
လူတစ်ဦး ရဲ့ နေမူထိုင်မူ၊ လှူပ်ရှားသွားလာမူ၊ ပြောဆိုမူ၊ အိပ်မူစားမူ စတဲ့ အပြုအမူတွေထဲက တစ်ချို့အပြုအမူတွေဟာ အဲဒါကို ပဲ ထပ်ခါထပ်ခါ ပြုလုပ်ပြီး ဒါကို ပဲ ခုံမင်နှစ်သက်နေတာဟာ စရိုက် ဆိုတဲ့ အစဖြစ်လာပါတယ် …
ဒါကြောင့် စရိုက်ဆိုတာ ပင်ကိုယ်ရိုးရာ၊ ဖြစ်ရိုးဖြစ်စဉ်ထက် လွန်လွန်ကဲကဲဖြစ် လာတဲ့ အကျင့်ကို စရိုက်လို့ ခေါ်ပါတယ် … လူအမျိုးမျိုး စိတ်အဖုံဖုံ ရှိတဲ့ လောကကြီးမှာ စရိုက် အထွေထွေ ရှိနေကြပါတယ် …
မြတ်စွာဘုရား ရဲ့ ဥာဏ်တော်နဲ့ ဆင်ခြင် လိုက်တဲ့ အခါမှာတော့ လောက မှာ ကံကြောင့် မွေးဖွားလာတဲ့ လူတွေမှာ ဒီ စရိုက် (၆) ပါး သာလျှင် ကြီးစိုးနေတာကို တွေ့ရှိရပါတယ် …
၁) ရာဂ စရိုက်
၂) ဒေါသ စရိုက်
၃) မောဟ စရိုက်
၎) သဒ္ဒါ စရိုက်
၅) ၀ိတက် စရိုက်
၆) ပညာ စရိုက် … ဒီလို စရိုက် (၆) ပါး ထဲက တစ်ပါးချင်း စီက လူ့ဘောင် လောက မှာ ဘယ်လို အပြုအမူတွေကို လုပ်တတ်လဲ .. ဘယ်လိုနေထိုင်တတ်လဲ … ဘယ်လို လမ်းတွေကို ရွေးတတ်လဲဆိုတာတွေကို ဒဂုံဆိပ်ကမ်း၊ (၈၂) ရပ်ကွက်၊ သစ္စာလေးတန် ကမ္မဠာန်းကျောင်းတိုက် ကြီးတွင် ဆရာတော် အရှင်အရိယဓမ္မ က ဤသို့ ရှင်းလင်းစွာ ဟောကြားခဲ့ပါ သည် …..။
တရားတော် အသံဖိုင် Mp3 ကို အောက်ပါ လင့်ခ်မှ တဆင့် ဓမ္မမိတ်ဆွေ တရားချစ်ခင် သူတော်ကောင်း များ ၀င်ရောက်နာ

ဇူလိုင်မင်းဝေ




ယူနိုင်ကြပါသည် ….https://soundcloud.com/zarniaung999/gpt55yqfzta7…



วันอังคารที่ 1 กันยายน พ.ศ. 2558

‎Mobile‬ မျိုးစုံအတွက် Firmware ရေးသားနည်း

‎Mobile‬ မျိုးစုံအတွက် Firmware ရေးသားနည်း(ရဲမင်းအောင်-Ray-Electronic)






Android ချစ်သူများအတွက်ရော့ Service သမားတွေအတွက်ပါAndroid နဲ့ပတ်သက်ပြီးအလိုအပ်ဆုံးစာအုပ်ကောင်းတစ်အုပ်ကိုဒီစာအုပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ဆရာရဲမင်းအောင် (Ray-Electronic) မှရေးသားခြင်းဖြစ်ပါတယ်
စာအုပ်အမည်.....Mobile မျိုးစုံအတွက် Firmware ရေးသားနည်း
စာရေးဆရာ.....ရဲမင်းအောင်(Ray-Electronic)