ပျော်ရျွှင်းငြိမ်းချမ်းသောကမ္ဘာလေးရနိုင်ကျပါစေ
လာရောက်လည်ပတ်သူများကိုအထူပဲကျေးဇူတင်ပါသည်.ဇူလိုင်.မင်းဝေ

.

.

နိုင်ငံတကာ လာရောက်မိတ်ဆွေများ

วันพุธที่ 8 พฤศจิกายน พ.ศ. 2560

သမိုင်းရာဇဝင်အကျင်းများ

ပအိုဝ်းသမိုင်း

ပအိုဝ်းနောက်ခံသမိုင်း ဆင်းသက်လာပုံ ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့်ဖွဲ့စည်းတည်ထောင်ထားသောနိုင်ငံတစ်နိုင်ငံဖြစ်၏။ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်ကြသောတိုင်းရင်းသားများ၏ မူလဒေသရင်းကားတရုတ်အနောက်ပိုင်းမွန်ဂိုကုန်းမြင့်ဒေသဖြစ်လေသည်။ မွန်ဂိုကုန်း မြင့်ဒေသတွင်အနေကြာလာသောအခါ လူဦးရေတဖြည်းဖြည်းတိုးလာပြီးရေကြည်ရာ မြက်နုရာဒေသများကိုရှာဖွေ၍ ပြောင်းရွှေ့ကြပြန်၏။ ထိုသို့ပြောင်းရွှေ့နေထိုင်ကြရာ သံလွင်မြစ်ကြောင်း၊ မဲခေါင်မြစ်ကြောင်း၊ ဗြဟ္မပုတ္တရမြစ်ကြောင်းများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ရောက် ရှိလာခဲ့ပါသည်။
*************************************************************************************************************
---------------------------------------------------------------------------------------------------------------------------------
မြန်မာပြည်တွင်းသို့ အုပ်စုသုံးစုကွဲ၍၀င်ရောက်လာကြ၏။ ယင်းအုပ်စုသုံးစုမှာ - (၁) မွန်ခမာအုပ်စု၊ (၂) တိဗက်မြန်မာအုပ်စု၊ (၃) ထိုင်းတရုတ်အုပ်စု တို့ဖြစ်သည်။ ယင်းအုပ်စုကြီးသုံးစုအနက် တိဗက်မြန်မာအုပ်စုတွင် ကချင်အုပ်စု၊ မြန်မာနှင့်ရှေးမြန်မာအနွယ်အုပ်စု၊ လိုလိုမုဆိုးအုပ်စု ဟူ၍ အုပ်စု သုံးစုခွဲကာဝင်ရောက်လာကြသည်။ သို့ရာတွင် တစ်စုနှင့်တစ်စုဝင်ရောက်လာကြသည့် အချိန်ကားမတူကြပေ။ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ စာမျက်နှာ ၃၀ ၌ မြန်မာ ၇ မျိုးထဲတွင် မြန်မာ၊ ယော (ပရဲ)၊ ရခိုင်၊ ထားဝယ်၊ ပျူ၊ ကမ်းယံ၊ တောင်သူ ဟုရေတွက်ထားသည်ကို ထောက်လျှင် တောင်သူအမည်ခံခဲ့သော ပအိုဝ်းသည်တိဗက်မြန်မာအုပ်စုတွင်ပါဝင်လိမ့်မည်ဟုယူဆရပေသည်။ တိဗက်မြန်မာအုပ်စုတွင် မြန်မာ၊ သက်လိုလို၊ ကချင်၊ ချင်း၊ နာဂနှင့် ကရင်ဟုသတ်မှတ်ထား၏။ ပအိုဝ်းကို ကရင်အုပ်စုတွင်ထည့်သွင်းထား သောကြောင့် တိဗက်မြန်မာအစုပင်ဖြစ်သည်ဟုယူဆဖွယ်ရာရှိသည်။ ဦးဖေမောင်တင် ပြုစုရေးသားပြုစုသည့် ဘာသာလောကကျမ်းတွင် “တောင်သူ” ကား၊ လယ်ပြင်အစပ်တောင်တန်းတွင် တောင်ယာ လုပ်သူ ဟူ၍ဖော်ပြထားသည်ကိုတွေ့ရပေသည်။ စာရေးဆရာမောင်သော်ကလည်း ပြည်သူ့ကြယ်ဂျာနယ် စာ ၂၆ တွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားများဆောင်းပါးတွင် “တိဗက်မြန်မာအစုတွင်ပါဝင်သူများမှာ ဂဒူး၊ ထမန်၊ သက်၊ နာဂ၊ ချင်း၊ ကချင်၊ ဂျင်းဖော၊ မြန်မာ၊ လရှီ၊ မိုင်း သာ၊ မွန်၊ ဓရု၊ အဇီ၊ အင်းသား၊ တောင်ရိုး၊ ဓနု၊ ယောချောင်းသား၊ ရခိုင်၊ ဗမာ (မြိတ်)၊ ဗမာ (ထားဝယ်)၊ ပဒေါင်၊ ပအိုဝ်း၊ ကယား၊ ဗရဲ၊ ကရင်၊ လီသူး၊ ယောယင်၊ လားဟူ၊ ကော် စသည့်လူမျိုးစုများပါဝင်ကြောင်း ဖော်ပြထား၏။ ဗန်းမော်တင်အောင်၏ “ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း” စာမျက်နှာ ၂၀ တွင် - “ ထိုင်းတရုတ်အနွယ်ဝင်များအနက်မြန်မာနိုင်ငံအတွင်းသို့ ရှေးအကျဆုံးဝင်ရောက်နေထိုင်သူများကား ကရင်လူမျိုးများနှင့်အနွယ်တူ ဖြစ်သော ပအိုဝ်းတောင်သူလူမျိုးများပင်ဖြစ်ကြဖွယ်ရာရှိသည်ဟု ယုံကြည်စရာရှိလေသည်။ ယင်းပအိုဝ်းတောင်သူလူမျိုးများသည် ရှမ်းပြည် တောင်ပိုင်းဒေသတစ်ဝိုက်နှင့် သထုံခရိုင်တွင်အခြေချနေထိုင်ခြင်းပြုကြလေသည်။ ပအိုဝ်းတောင်သူများနောက်မှ ကရင်လူမျိုးများနှင့် အနွယ် တူလူမျိုးစုများသည် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာကြပြီးလျှင် ကရင်နီတောင်တန်းဒေသတစ်ဝိုက်၊ သန်လျင်ခရိုင်၊ ပဲခူးရိုးမနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ တစ်ဝိုက်တွင်အစုစုကွဲကာအခြေချနေထိုင်ကြလေသည် ” ဟုဖော်ပြထား၏။ အချို့သမိုင်းပညာရှင်များကလည်း ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း၏အယူအဆနည်းတူ တောင်သူခေါ်ပအိုဝ်းတိုင်းရင်းသားတို့ သည် ထိုင်းတရုတ်အုပ်စုမှဆင်းသက်လာသည်ဟုယူဆကြသည်။ ယိုးဒယားနွယ်သော တရုတ်အုပ်စု (ထိုင်းတရုတ်) (၀ါ) (တရုတ်ထိုင်း) တွင် ကရင်အုပ်စု၊ ရှမ်းအုပ်စုနှင့် အခြားအစုငယ်ကလေးများပါဝင်သည်။ ကရင်အစုတွင် ပါဝင်သောတိုင်းရင်းသားများမှာ စကော၊ ပကူး၊ ဘွဲ့၊ တောင်သူ၊ ကရင်ဖြူ၊ ပိုး၊ ကယား (ကရင်နီ)၊ ပဒေါင်၊ ယင်းတော်၊ ဇယိန်၊ ယင်းတလဲနှင့် ကဲခိုတို့ဖြစ်ကြသည်။ ထို့ကြောင့်တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားတို့သည် ထိုင်းတရုတ်အုပ်စုတွင်ပါဝင်နေပေသည်။ ဆာဂျေဂျော့စကော့ (Sir J. George Scott) မှတ်တမ်းအရလည်း ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာနိုင်ငံနယ်နမိတ်အတွင်း ဘက်မှသာလျှင်မကဘဲ ယိုးဒယား၊ ကမ္ဘောဒီးယား မဲခေါင်မြစ်ဝှမ်းတောင်ပိုင်းဒေသတွင်လည်းပြန့်ကျဲနေထိုင်လျက်ရှိကြောင်းဖော်ပြထား သည်။ (Major Enrequeeze) မေဂျာအင်ကွိဇ်ပြုစုသည့် “မြန်မာနိုင်ငံ လူမျိုးများအကြောင်း” စာအုပ်တွင်လည်း ကရင်သည် ထိုင်းတရုတ် အနွယ်မှ ဆင်းသက်သည်ဟု ရေးသားထားလေသည်။ “ ကရင်ဘ၀ဓလေ့ ” စာအုပ်တွင် ပအိုဝ်းသည်ကရင်အနွယ်စုဖြစ်ပြီး ကရင်သည် ထိုင်း တရုတ်အုပ်စုမှဆင်းသက်လာသည်ဟု ” ရေးသားဖော်ပြထားသည်ကိုတွေ့ရှိရပေသည်။ ထို့ကြောင့်အထက်ပါပညာရှင်များ၏ ယူဆချက်များ ကိုကြည့်လျှင် တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားတို့သည် တိဗက်မြန်မာအုပ်စုတွင်ပါဝင်သည်ဟုလည်းကောင်း၊ ထိုင်းတရုတ်အုပ်စုတွင် ပါဝင်သည်ဟုလည်းကောင်းအယူအဆကွဲပြားနေပေသည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံးသည် တိဗက်ကုန်းမြေမြင့်မှပေါက်ဖွားဆင်းသက်လာသော မွန်ဂိုအနွယ် ၀င်များဖြစ်၏။ မူလလူမျိုးမှာ တစ်မျိုးတည်းသာလျှင်ဖြစ်ပေသည်။ မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်လာခြင်း မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာကြသည့် တိုင်းရင်းသားလူမျိုးများအနက် မွန်လူမျိုးသည် ရှေးအကျဆုံးဖြစ်ဖွယ်ရာရှိသည်။ မွန်တို့သည် တရုတ်ပြည်အနောက်ပိုင်းရှိ ကုန်းပြင်မြင့်များမှ တောင်ဘက်သို့ဆင်းသက်လာကြပြီးလျှင် ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝ၊ မဲနန်မြစ်ဝ၊ မဲခေါင်မြစ်ဝအရပ်ဒေသတို့၌ မြို့ရွာတည်ထောင်နေထိုင်ခဲ့ကြသည်။ မွန်လူမျိုးတို့၏ ရှေးအကျဆုံးမြို့တော်မှာ သုဝဏ္ဏဘုမ္မိသထုံဖြစ်၏။ ပဲခူး၊ ဟံသာဝတီတို့မှာ သထုံပြည်မှသွားရောက်၍နောက်မှတည်ထောင်သောမြို့ဖြစ်လေသည်။ ဦးဘသန်း၏ ကျောင်းသုံးမြန်မာရာဇ၀င်၊ စာမျက်နှာ ၂၃ တွင် “ ဆာဂျွန်ဂျာဒင်းအလိုမှာ မွန်လူမျိုးတို့မြို့ပြတည်ထောင်ရန်အတွက် ရှိနှင့်ပြီးဖြစ်သောတောင်သူလူမျိုးတို့ကိုနှင်ထုတ်ရသည်ဟုဆိုသည်။ သထုံမြို့ကား ယခုအခါတောင်သူလူမျိုးတို့၏ အချက်အချာဒေသဖြစ် သည်။ သထုံရာဇ၀င်တွင် သထုံ၌တောင်သူပအူလူမျိုးမင်းများစိုးစံကြောင်းဆိုသည်။ တောင်သူလူမျိုးတို့သည် ရှေးကပုဂံနယ်၊ ယခုပခုက္ကူအ ပါ နယ်တွင်လည်းရှိကြသည်။ ဟုရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။ ထို့ကြောင် ဆာဂျွန်ဂျာဒင်း၏အယူအဆကိုလက်ခံလျှင် တောင်သူခေါ် ပအိုဝ်းလူမျိုးတို့သည် မွန်တို့ထက်စော၍၀င်ရောက်လာကြသည်ဟူ၍ယူဆဖွယ်ရာဖြစ်လေသည်။ ဗန်းမော်တင်အောင်၏ ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း၊ စာမျက်နှာ ၄၁ တွင် - “ ရှေးဟောင်း မြန်မာနိုင်ငံအတွင်းသို့ မောင်းဂွတ်အနွယ်လူမျိုးအသီးသီးတို့ဝင်ရောက်လာကြသည့်အထဲတွင် ကရင်နှင့် ပအိုဝ်းလူမျိုးများ သည်ရှမ်းနှင့်မြန်မာလူမျိုးများထက်ရှေးကျ၍၀င်ရောက်နေထိုင်ခြင်းပြုခဲ့သည်ဟူ၍သမိုင်းပညာရှင်များကယုံကြည်ကြလေသည်။ သို့ရာတွင် မွန်လူမျိုးများထက်နောက်ကျသည်ဟုယူဆကြသည်။ ” ဟုဖော်ပြထား၏။ ကမ္ဘာအေးအရှင်တိလောကသာရလေ့လာရေးသားသည့် “ ရှမ်းပြည်၊ ညောင်ရွှေ၊ တောင်ကြီးသမိုင်းများနှင့်တကွ သယံဇာတကမ္ဘာ့ တန်ဆာ မဟာပါသဏံမံတ၀လိုဏ်ဂူ စာအုပ်ငယ်တွင်လည်း “ တောင်ပိုင်းရှမ်းပြည်တွင်ယခုထင်ရှားထွန်းကားနေသာ ပအိုဝ်း (တောင်သူ) လူမျိုးနှင့်အင်းသားတို့က နောက်ပိုင်းကျမှဝင်ရောက်လာကြသူများဖြစ်ကြ၏။ ” ဟူ၍ရေးသားထားသည်ကိုတွေ့ရ၏။ ထို့ကြောင့် ဆာဂျွန်ဂျာ ဒင်း၏ အယူအဆကလွှဲလျှင်ပအိုဝ်းခေါ်တောင်သူလူမျိုးများသည် မွန်တို့ထက်နောက်ကျ၍၀င်ရောက်လာကြသည်ဟုပညာရှင်များကယူဆကြ လေသည်။ တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားတို့သည် တရုတ်ကုန်းမြေဘက်မှ သံလွင်မြစ်ကြောင်းအတိုင်းတောင်ဘက်အရပ်ဒေသများသို့ တဖြည်းဖြည်းပြောင်းရွှေ့လာကြ၏။ ၆ ရာစုလောက်တွင် ရှမ်းကုန်းပြင်မြင့်တောင်ပိုင်းဖြစ်သော ယခုခေတ်ကရင်နီတောင်တန်းဒေသများတစ် ၀ိုက်တွင်အခြေချနေထိုင်ခြင်းပြုကြလေသည်။ ထိုမှတစ်ဖန်မြန်မာနိုင်ငံအတွင်းသို့အစုစုကွဲလွဲ၍ပြန့်နှံ့ဝင်ရောက်ခဲ့ကြပုံရလေသည်။ မူလက ကရင်လူမျိုးများသည် ကရင်နီတောင်တန်းဒေသ၊ သံလွင်ခရိုင်နှင့်ပဲခူးရိုးမတောင်များတစ်ဝိုက်တွင်နေထိုင်ကြဟန်ရှိ၏။ ပအိုဝ်းခေါ် တောင်သူ လူမျိုးများသည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် သထုံခရိုင်အတွင်း၌နေထိုင်ခဲ့ကြဟန်ရှိလေသည်။ ဆာဂျော့စကော့ကမူ “ ကရင်၊ ပအိုဝ်း (တောင်သူ) နှင့် ရှမ်းတို့သည် တစ်မျိုးတစ်နွယ်တည်းဖြစ်ပြီး ရှမ်းလူမျိုးများထက်နှစ်ပေါင်း သုံးရာကျော်စော၍ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်နေထိုင်ခဲ့ကြသည်။ ” ဟု ရေးသားဖော်ပြခဲ့သည်။ ဆာဂျော့စကော့၏အလိုမှာ ကရင်၊ တောင်သူ (ပအိုဝ်း)၊ ရှမ်းတို့သည်တစ်မျိုးတစ်နွယ်တည်းဖြစ်ကြောင်းဖြင့်ဆိုလေသည်။ မည်သို့ဆိုစေကာမူ ပအိုဝ်းတိုင်းရင်းသားတို့သည် ၎င်းတို့၏မျိုးနွယ်စုများအလိုက် ရှေးဟောင်းစိုက်ပျိုးရေးကို အခြေခံကာသင်တင့် လျောက်ပတ်သောအဖွဲ့အစည်းကလေးများကိုထူထောင်ပြီး အေးအေးချမ်းချမ်းနေထိုင်ခဲ့ကြဟန်ရှိလေသည်။ ၎င်းတို့သည်မြန်မာနိုင်ငံ မြေညီ မြစ်ဝှမ်းအရပ်ဒေသများကိုသူ့ထက်ငါလုယက်တိုက်လျက်ရှိနေခဲ့ကြသော ပျူ၊ မွန်နှင့်မြန်မာလူမျိုးများကြောင့်တောတောင်များအတွင်းနေထိုင် ခဲ့ကြပြီးလျှင်စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းဖြင့်အသက်မွေးခဲ့ကြပုံရလေသည်။ တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားတို့သည်တောတောင်များ တွင် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးကြသောကြောင့် တောင်သူဟုခေါ်ခဲ့ကြခြင်းဖြစ်ရာသည်။ ပအိုဝ်းနှင့် ကရင် မေဂျာ အင်ရီကွိဇ် (Major Enrequeeze) ပြုစုသည့် “ မြန်မာနိုင်ငံလူမျိုးများအကြောင်း ” စာအုပ်တွင် ကရင်သည် ထိုင်းတရုတ်အ နွယ်မှဆင်းသက်လာသည်ဟုရေးသားထားသည်။ ယိုးဒယားနွယ်သော ထိုင်းတရုတ်အုပ်စုတွင် ကရင်အုပ်စု၊ ရှမ်းအုပ်စုနှင့် အခြားအစုငယ် လေးများပါဝင်သည်။ ကရင်အစုတွင် ပါဝင်သောထိုလူမျိုးများမှာ - (၁) လူမျိုးသီးခြားဖော်ပြထားသော ကရင်၊ (၂) စကောကရင်၊ (၃) ပိုးကရင်၊ (၄) တောင်သူ၊ (၅) ပကူး၊ (၆) မိုးနဲပွား၊ (၇) ဘွဲ့၊ (၈) ကရင်ဖြူ၊ (၉) ပဒေါင်၊ (၁၀) ကရင်နီ၊ (၁၁) ဂဲခို တို့ဖြစ်ကြသည်။ ဆာဂျေ ဂျော့စကာ့ကလည်း “ ပအိုဝ်းခေါ်တောင်သူတို့၏ စာပေသည် အဓိကအားဖြင့်ကရင်ဖြစ်သော်လည်းသွေးသားအားဖြင့် ပြောရမည်ဆိုလျှင် ကရင်မြန်မာနှင့် ရှမ်းသွေးများရောနှောလျက်ရှိသည် ” ဟုဆိုခဲ့သည်။ ၁၉၇၂ ခု၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတွင် ဆောင်းပါးရှင်ဆင်တိုင်းက “ သွေးချင်းအသီး သီးရင်းနှီးချစ်ကြည် ” ဆောင်းပါးတွင် “ ၁၉၂၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ ပအိုဝ်းတိုင်းရင်းသားများကို ကရင်တိုင်းရင်းသားအုပ်စုတွင် ယာယီ အားဖြင့်ထည့်သွင်းဖော်ပြထားသည် ” ကိုတွေ့ရပေသည်။ ဤသို့ထည့်သွင်းရခြင်းမှာ ဒိုင်အာခီအုပ်ချုပ်ရေးအရ မင်းတိုင်ပင်အမတ်များကို လူမျိုးအလိုက် သီးခြားရွေးချယ်နိုင်ခွင့်ရရှိရန်ပြဌာန်းထားရာတွင် ကရင်တိုင်းရင်းသားဦးရေက နည်းနေသဖြင့် ကရင်ခေါင်းဆောင်များ၏ ပန်ကြားချက်ကို ပအိုဝ်းတို့ကလက်ခံသဘောတူညီခဲ့ခြင်းဖြစ်ကြောင်းသိရှိရလေသည်။ ထို့ကြောင့်ပအိုဝ်းကိုကရင်ဟူ၍လည်းကောင်း၊ ပိုး (ပအိုဝ်း)ဟူ၍လည်းကောင်း မှတ်ယူလာခဲ့ကြသည်ဟု ” ဖော်ပြထားလေသည်။ ကရင်လူမျိုး အထူးစုံစမ်းရေးကော်မရှင်အဖွဲ့၏ အစီရင်ခံစာ ၁၉၅၀ ပြည့်နှစ်တွင် ပအိုဝ်းလူမျိုးနှင့်ပတ်သက်၍ “ မူလက ကရင်အ နွယ်ဝင်များဖြစ်ကြသော်လည်း ကရင်လူမျိုးအထူးစုံစမ်းရေးကော်မရှင်အဖွဲ့က ကရင်လူမျိုးဆိုသောစာရင်းတွင်ထည့်သွင်းခြင်းမပြုရန် ဆုံးဖြတ် ခဲ့ပြီးဖြစ်သည်။ ကိုယ့်အစုနှင့်ကိုယ်စုစုဝေးဝေးနေထိုင်လျက်ရှိပြီး လူဦးရေအလုံအလောက်ရှိသဖြင့် သီးခြားသတ်မှတ်သင့်သည်ဟုဖော်ပြထား လေသည်။ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံစံများ (ကရင်)တွင် “ ပအိုဝ်းသည်ကရင်အနွယ်စုဖြစ်ပြီး ကရင်သည် ထိုင်းတရုတ်အုပ်စုမှ ဆင်းသက်လာသည် ” ဟုရေးသားဖော်ပြထားသည်။ ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများ (ငါန်းဇွန်မောင်ကြင်ဟန်) ဆောင်းပါးတွင် “ကရင်လူမျိုးအုပ်စုငယ်တွင် စကောကရင်၊ ပိုးကရင်၊ ပတူကရင်၊ မိုးနဲပွားကရင်၊ ဘွဲ့ကရင်၊ ပအိုဝ်း (တောင်သူ) ကရင်များပါဝင်သည် ” ဟုရေးသားဖော်ပြထား၏။ ဆရာကြီးဦးဖေမောင်တင်၏ ဘာသာလောကကျမ်း စာမျက်နှာ ၁၃ တွင် “ မြန်မာပြည်၌ ကရင်ဘာသာပြောဆိုသူတို့သည် အရေ အတွက်အားဖြင့် မြန်မာလူမျိုးတို့မှအပအများဆုံးဖြစ်၏။ ယိုးဒယားပြည်မှာလည်းရှိကြ၏။ ကရင်လူမျိုးများအနက် အများအားဖြင့် စကောနှင့် ပိုးတို့သည် လွင်ပြင်များ၌နေကြ၏။ တောင်တန်းကရင်များအနက် တောင်သူတို့သည် ဦးရေအများဆုံးဖြစ်၏။ မိမိတို့ကိုပအိုဝ်းဟုခေါ်၍ ရှမ်း ပြည်တောင်ပိုင်းနှင့် သထုံစီရင်စုတွင်များစွာနေထိုင်ကြ၏။ ” ရေးသားထားလေသည်။ ဦးဖေမောင်တင်က တောင်သူကိုတောင်တန်းကရင်ဟု ခေါ်၏။ ဦးဖေမောင်တင်၏အဆိုအရလည်းတောင်တန်းကရင်ခေါ် ပအိုဝ်းလူမျိုးတို့သည် ကရင်အုပ်စု၌ပါဝင်ကြောင်းဖြင့်ယူဆလေသည်။ ဒေါက်တာသန်းထွန်းကလည်းသူ၏ခေတ်ဟောင်းမြန်မာရာဇ၀င်တွင် “ ပုဂံကျောက်စာများ၌ ကရင်နွယ်ဟုယူဆရန်ရှိသည့် တောင်သူ ဟူသော အမည်ကိုလည်းတွေ့ရတတ်ပါသည်။ ယခုတောင်သူကား တောင်တန်းတစ်လျှောက်၌ယာလုပ်သူများဖြစ်ကြ၏။ ကျောက်စာတစ်ခု၌ ကရင်တန်မိပြောက် ( မြန်မာတိုင်းရင်းသားကျောက်စာ၊ စာအုပ် ၃၊ ဓါတ်ပုံ ၃၀၉၊ စာကြောင်း ၃၄ ) ဟုတွေ့ရဖူးသည်။ မြန်မာနိုင်ငံ၌ ယခုအခါ ကရင်စကားပြောသူအရေအတွက်မှာ မြန်မာစကားပြောသူနှင့် စာလျှင်ဒုတိယလိုက်၏။ ကရင်မျိုးခွဲတွင် စကောနှင့်ပိုးတို့ကလွင်ပြင်များ၌နေ ကြ၏။ တောင်တန်းကရင်တွင်ဦးရေအများဆုံးကား “ တောင်သူ ” ဖြစ်၏။ ပအိုဝ်းအမည်ခံကာရှမ်းပြည်တောင်ပိုင်းနှင့် သထုံခရိုင်တွင်အများအ ပြားနေကြသည်။ ၁၄* ” ဟူ၍ရေးသားထားလေသည်။ ၁၉၃၅ ခုနှစ်၊ မြန်မာပြည်စီရင်အုပ်ချုပ်မှုအက်ဥပဒေအရ၊ ၁၉၃၆ ခုနှစ်၊ မေလ ၆ ရက်နေ့စွဲပါဘုရင်ခံမင်းကြီး၏ကြေငြာချက်တွင် လူမျိုး ၁ မျိုးကို ကရင်လူမျိုး (သို့မဟုတ်) တောင်သူလူမျိုးဟူ၍အက်ဥပဒေ၏ တတိယနှင့် စတုတ္ထဇယားအလို့ငှားခွဲခြားဖော်ပြခဲ့သည်။ ဒေသအလိုက်ကွဲပြားခြားနားနေသောမျက်မှောက်ကရင်ဘာသာစကား၏မူရင်းကရင်ဘာသာစကားတိုးတက်လာပုံကို ကော်နယ် တက္ကသိုလ် ( Cornal University ) မှ ရောဘတ်ဂီဂျုန်းက သုတေသနပြုခဲ့သည်။ ရောဘတ်ဘီဂျုန်းက ကရင်ဘာသာစကားတိုးတက်လာပုံကို ကဏ္ဍဌာန် (လည်ချောင်းအရပ်၌ဖြစ်သောအသံ) စာတမ်းတွင်အောက်ပါအတိုင်းဖော်ပြထားသည်။ ကရင်ဘ၀ဓလေ့စာအုပ် စာမျက်နှာ ၂၂-၂၃ တွင် “ အထူးသဖြင့် ၁၉၃၅ ခုနှစ်၊ မြန်မာပြည်စီရင်အုပ်ချုပ်မှုအက်ဥပဒေအရ ၁၉၃၆ ခုနှစ်၊ မေလ ၆ ရက်နေ့စွဲပါဘုရင်ခံမင်းကြီး၏ကြေညာချက်တွင်ကရင်လူမျိုး ၁၁ မျိုးတွင် ပအိုဝ်းလူမျိုးကိုတောင်သူကရင်ဟုလည်းကောင်း၊ ၁၉၃၁ ခုနှစ်၊ မြန်မာပြည်လူဦးရေသန်းခေါင်စာရင်းအစီရင်ခံစာစာရင်းချုပ် ၁၇၊ စာရင်းအပိုဒ် ၂၊ စာမျက်နှာ ၂၄၄ တွင် ကရင်လူမျိုး ၁၇ မျိုး၌ လည်း တောင်သူဟုလည်းကောင်းခွဲပြထားသည်ကိုတွေ့ရပေသည်။ ဦးမင်းနိုင်၏ တို့တိုင်းရင်းဘွားပြည်ထောင်စုသားစာအုပ်စာမျက်နှာ ၁၇ တွင် “တောင်သူ” ကို အချို့က “ပအိုဝ်း” ဟူ၍ခေါ်ဆိုကြပေ သည်။ ရှမ်းပြည်တွင်တောင်သူနှင့်ပအိုဝ်းနှစ်ခုစလုံးပင်အများခေါ်ဝေါ်သုံးစွဲလျက်ရှိကြပေသည်။ ပအိုဝ်း (တောင်သူ) တို့သည် တောင်ပေါ် ကရင်အုပ်စုတွင်ပါဝင်ကြပေသည် ” ဟုဖော်ပြထားလေသည်။ ပအိုဝ်းတို့သည်ကရင်အုပ်စုဝင်မျိုးကွဲတစ်ခုဖြစ်သည်နှင့်အညီများစွာသောဘာသာစကားတို့သည် ဆင်တူသည်ကိုအောက်ပါဇယား တွင်လေ့လာနိုင်ပေသည်။ ဘာသာစကားတို့ဆင်တူနေသော်လည်း ဓလေ့စရိုက်များမှာခြားနားကြပေသည်။ အချို့စကားလုံးများတူညီသော် လည်း အချို့မှာဆက်စပ်၍မရအောင်ခြားနားကြလေသည်။ မြန်မာဘာသာ ကရင်ဘာသာ ပအိုဝ်းဘာသာ သေးသေးငယ်ငယ် ပီပီ ပေပေ ၀က်သား ထော့ညာ၊ တို့ရာ ထော့ရာ မိန်းကလေး (အပျိုမ) မူးနော်၊ မူးနန်း မူနမ် စားသည် အော၊ အောင်း အမ် ရေ ထီ ထီ ရေသောက်သည် အော့ထီ အွထီ၊ အောက်ထီ အဖေ၊ အမေ အပါး၊ အမိုး ဖာ၊ မိုး ပအိုဝ်းဝါကျ တည်ဆောက်ပုံလည်းကရင်နှင့်တူ၏။ မြန်မာနှင့်မူခြားနားသည်။ အောက်ပါပုံစံတွင် လေ့လာကြည့်ပါ။ ဘာသာ ကတ္တားပုဒ် ကြိယာပုဒ် ကံပုဒ် မြန်မာ ကျွန်တော်သည် စားသည် ထမင်း ကရင် ယာ အောင်း မေ ပအိုဝ်း ခွေ အမ် ဒျဉ် ရောဘတ်ဘီဂျုန်း၏ ဘာသာစကားသုတေသနပြုချက်ကိုကြည့်ပါကလည်း တောင်သူခေါ် ပအိုဝ်းလူမျိုးသည်ကရင်လူမျိုးအုပ်စုတွင် ပါဝင်နေကြောင်းတွေ့ရပေသည်။ ကရင်လူမျိုးနှင့် ပအိုဝ်းလူမျိုးတို့သည် ရှေးကညီရင်းအစ်ကိုများဖြစ်ခဲ့ကြောင်းဖြင့်ပုံပြင်ရှိလေသည်။ ထိုပုံပြင်မှာ - “ ရှေးကပအိုဝ်းနှင့်ကရင်လူမျိုးတို့သည် ညီရင်းအစ်ကိုများဖြစ်ကြပြီး အတူတကွနေထိုင်စားသောက်ကြသည်။ ထို့ကြောင့်အမဲလိုက် ၍ရရှိသောအမဲသားငါးများကိုလည်းအညီအမျှဝေငှစားသောက်ခဲ့ကြသည်။ တစ်ခါသော်ပအိုဝ်းအမျိုးသားတောလိုက်ရာဆင်တစ်ကောင်ကိုရ၏။ ပအိုဝ်းအမျိုးသားကဆင်၏အသားကိုကရင်လူမျိုးတို့အား အညီအမျှဝေငှပေးလေသည်။ နောက်တစ်ရက်တွင် ကရင်လူမျိုးတို့က ဖြူကောင်ကိုရ၏။ ကရင်လူမျိုးတို့ကဖြူကောင်၏အသားကိုပအိုဝ်းလူ မျိုးတို့အားအညီအမျှပင်ဝေငှပေးလေသည်။ သို့သော်ပအိုဝ်းလူမျိုးတို့က ဖြူကောင်၏အမွေးကိုမြင်သွား၏။ ထိုအခါပအိုဝ်းလူမျိုးတို့က ဖြူကောင်၏အမွေးကြီးလျှင်အကောင်လည်းကြီးလိမ့်မည်ဟုထင်၏။ ထို့ကြောင့်ဖြူကောင်၏အမွေးကြီးလျက်နှင့်ငါတို့အားဝေငှသောဖြူသား မှာ နည်းလွန်းလှသည်။ ကရင်လူမျိုးတို့ငါတို့အပေါ်အကောက်ကြံရက်ပေသည်ဟုအထင်မှားသွား၏။ ထိုအချိန်မှစ၍ ပအိုဝ်းလူမျိုးတို့သည် ကရင်လူမျိုးတို့ထံမှခွဲထွက်သွားသောဟူ၏။” ဤသို့ပအိုဝ်းလူမျီုးတို့ခွဲထွက်သွားသည်ကို အကြောင်းပြု၍ ကရင်လူမျိုးတို့ကပအိုဝ်းလူမျိုးတို့အား ကရင်ဘာသာဖြင့် “ တအော် သူ” ဟုခေါ်ကြောင်းဖြင့်ပြောဆိုကြ၏။ “ တအော်သူ” ဟူသောကရင်စကားမှာဖြူးသားမစားသော လူမျိုး၊ စိတ်နာခြင်း၊ အော့ခြင်း ဟုအဓိပ္ပာယ် ရ၏။ ကာလရွေ့လျားလာသောအခါ တအော်သူမှတော်သူ၊ တော်သူမှ တောင်သူဖြစ်လာသည်ဟုဆိုလေသည်။ “ ကရင်ပြည်နယ်ရှိ ကရင်လူ မျိုးများကလည်းပအိုဝ်းလူမျိုးတို့သည် တစ်ချိန်က မိမိတို့၏ဆွေရင်းညီအစ်ကို ” ဟုယနေ့တိုင်အောင်ပြောဆိုနေကြပေသည်။ ၁၉၂၁ ခုနှစ်၊ သန်းခေါင်စာရင်းအရ ပအိုဝ်းလူမျိုးကို ပိုးကရင်အုပ်စုတွင် ထည့်သွင်းရေတွက်ခဲ့၏။ ပိုးကရင်အုပ်စု၊ မွန်ကရင်အုပ်စု၊ ပအိုဝ်းတောင်သူအုပ်စုနှင့် မိုပွာအစုဟူ၍ခွဲခြားထားလေသည်။ ကရင်ဘ၀ဓလေ့စာအုပ်တွင် ၁၉၃၅ ခုနှစ်၊ မြန်မာပြည်စီရင်အုပ်ချုပ်မှုဥပဒေအရ ၁၉၃၆ ခုနှစ်၊ မေလ ၆ ရက်နေ့စွဲဖြင့် ကြေညာသောဘုရင်ခံမင်းကြီး၏ ကရင်လူမျိုး ၁၀ မျိုးပြန်တမ်းတွင် ပအိုဝ်းတိုင်းရင်းသားများကို တောင်သူကရင်ဟူ၍ ထည့်သွင်းကြေညာခဲ့သည်။ ၀ီလီယန်ဒန်းဟက်ကက်၏ ( William Dunn Hackett’s ) “ The Pa-O People of The Shan State Union of Burma, A Socialogical and Ethnographic Study of The Pa-O (Taungthu) People.” စာအုပ်တွင် “ ၁၉၀၁ ခုနှစ်မှ ၁၉၃၁ခုနှစ်အထိ သန်းခေါင်စာရင်းအရ ပအိုဝ်းတို့သည် တတိယအကြီးဆုံး ကရင်လူမျိုးစုကြီးဖြစ်သည်။ အာဏာပိုင်များကပအိုဝ်းတို့ကို ပိုးကရင်နှင့်တစ်တန်း တစ်စားတည်းထားသည်ကိုသဘောကျကြသည်။ ကရင်နှင့် ပတ်သက်သော စာအုပ်တိုင်းတွင်တောင်သူ (ပအိုဝ်း) ကိုညွှန်းထားခြင်းများပါလေ့ ရှိသည်။ ပအိုဝ်းနှင့် ပတ်သက်သောယဉ်ကျေးမှုအထောက်အထားပစ္စည်းများမှာ အလွန်ရှားလှသည်။ ဘာသာစကားကိုလေ့လာလျှင် ပအိုဝ်း ဘာသာစကားသည် ပိုးကရင်ဘာသာစကားဖြစ်သည်ဆိုသည်မှာ သံသယဖြစ်စရာပင်ဖြစ်သည် ” ဟုရေးသားဖော်ပြထား၏။ ၁၉၃၆ ခုနှစ်တိုင်အောင် ပအိုဝ်းလူမျိုးသည်ကရင်လူမျိုးနွယ်စုတွင်ပါဝင်နေသေးသည်ကိုတွေ့ရ၏။ ပအိုဝ်းလူမျိုးစုကိုကရင်မျိုးနွယ်စု တွင်ထည့်သွင်းပြီးကရင်လူမျိုးအခွင့်အရေးအတိုင်းခံစားခွင့်ပြုစေသည်။ ဥပမာ-လူမျိုးစုအမတ် တင်မြှောက်ရာတွင် ပအိုဝ်းလူမျိုးအမတ်ကို ကရင်လူမျိုးအမတ်အဖြစ်အသိအမှတ်ပြုခဲ့သည်။ ၁၉၃၉ ခုနှစ်တစ်ဝိုက်တွင် ကရင်လူမျိုးစုအမတ်ဖြစ်သော သထုံဦးလှဖေမှာ ပအိုဝ်းလူမျိုးဖြစ် ၏။ ဤသည်ကားအင်္ဂလိပ်အစိုးရ၏ ကောက်ကျစ်မှုပင်ဖြစ်လေသည်။ ပြည့်သူလွှတ်တော် ပါလီမန်အမတ်ရွေးကောက်ပွဲအက်ဥပဒေနှင့် နည်းဥပဒေများကိုရေးဆွဲသောအခါအားလုံးညီညွတ်မှုရှိစေရန် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သော ရွေးကောက်ပွဲဥပဒေအကြံပေးအဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းခဲ့လေသည်။ ထိုဥပဒေအကြံပေးအဖွဲ့ဖွဲ့စည်း သော အစည်းအဝေးတွင် ကရင်ကောင်စီကိုယ်စားလှယ် စောအောင်ပ ပအိုဝ်းနှင့်ကရင်နီတိုင်းရင်းသားကို ၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပ ဒေ အရ၊ ကရင်အုပ်စုတွင် ထည့်သွင်းထား၏။ ကရင်အမျိုးသားကိုယ်စားလှယ် ရွေးချယ်ရာတွင်လည်းပအိုဝ်းနှင့် ကရင်နီတိုင်းရင်းသားများပါ ၀င်သင့်ကြောင်းတင်ပြခဲ့လေသည်။ သို့သော် ထိုအစည်းအဝေးတွင် အဖွဲ့ဝင်ရွေးကောက်ပွဲမင်းကြီး ဦးကျော်က ၁၉၃၅ ခုနှစ်အက်ဥပဒေရည်ရွယ်ချက်များနှင့် လူမျိုးရေး သမိုင်းစဉ်ကိုပါ တင်ပြဆွေးနွေးသွား၏။ မြန်မာ့သမိုင်းစဉ်အရ ပအိုဝ်းတောင်သူနှင့် ကရင်နီလူမျိုးတို့ကို သီးခြားလူမျိုးအဖြစ် အိသအမှတ်ပြု ထားသဖြင့် အခြေခံဥပဒေပုဒ်မ ၈၃ ၏ ရည်ရွယ်ချက်အတိုင်း ကရင်လူမျိုးစုတွင် မထည့်သွင်းသင့်ကြောင်းဖြင့်ဆုံးဖြတ်ခဲ့သည်။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၊ စာမျက်နှာ ၉၄ တွင် “ ကရင်တို့တွင် တောင်ပေါ်ကရင်၊ ကွင်းကရင်ဟုနှစ်မျိုးခွဲခြားနိုင်သည်။ ကွင်းကရင် တို့တွင် စကော (ငါးသိန်းကျော်)၊ ပိုး (ငါးသိန်းမျှ)၊ နှင့် ပအိုဝ်းခေါ် တောင်သူထက်ဝက် (တစ်သိန်းမျှ) တို့ပါဝင်သည် ” ဟုရေးသားဖော်ပြ ထားပေသည်။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၆၊ စာမျက်နှာ ၂၇၈ တွင်လည်း “ ပအိုဝ်းလူမျိုးတို့သည် ကရင်အနွယ်ဖြစ်သော လူမျိုးတစ်မျိုးဖြစ်သည်။ တောင်ပေါ်ကရင်၊ ကွင်းကရင် နှစ်မျိုးလုံးသည် ထက်ဝက်စီခန့် ပါဝင်သည်။ သို့သော်မူလကတောင်ပေါ်၌ အနေများသော လူမျိုးများဖြစ်၍ လည်း တောင်သူဟူ၍ခေါ်ဝေါ်ဟန်ရှိသည်။ ကရင်လူမျိုးတို့သည် အမျိုးအလိုက်မိမိတို့ကိုယ်ကိုခေါ်ဝေါ်သောအမည်များရှိကြသည်။ ပုံစံအား ဖြင့် ကရင်နီတို့သည် မိမိကိုယ်ကိုကယားဟုခေါ်ကြသည်။ ပအိုဝ်းဟူသောအမည်သည်လည်း အမျိုးအလိုက်ခေါ်ဝေါ်သောအမည်ပင်ဖြစ် သည်။ ပအိုဝ်းတို့သည် ကရင်မျိုးတို့တွင်လူဦးရေအားဖြင့် တတိယအများဆုံးဖြစ်သည် ” ဟုဖော်ပြထားသည်။ ၀ီလီယန်ဒန်းဟက်ကတ်ကလည်း “ ပအိုဝ်းတိုင်းရင်းသားတို့ပြောဆိုသောစကားမှာ ကရင်တိုင်းရင်းသားများပြောဆိုသောစကားနှင့် ဆက်သွယ်မှုရှိ၏။ လူမျိုးချင်းလည်းဆက်စပ်မှုရှိကာ၊ မြန်မာပြည်တွင်းသို့ အတူတူဆင်းသက်ခဲ့မည် ” ဟုယူဆလေသည်။ ပညာရှင်အသီးသီး နှင့်စာအုပ်အသီးသီးတို့၏ ရေးသားဖော်ပြချက်ကိုကြည့်လျှင်ပအိုဝ်းနှင့် ကရင်သည်မူလကလူတစ်မျိုးတည်းဟုဆိုဖွယ်ရာပင်ဖြစ်လေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ရှေးနှစ်ပေါင်းများစွာကပင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ်နေထိုင်လာခဲ့သည်မှာ အထင်အရှားဖြစ်၏။ ယခုထိတိုင်ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံ၊ ဘာသာစကားသီးခြားစွာရှိနေပေသည်။ ပအိုဝ်း၊ ကရင်၊ မွန်လူမျိုးတို့သည် သုကဏ္ဏဘုမ္မိ သထုံနယ်တွင် တစ်ဦးနှင့်တစ်ဦးအလွန်နီးကပ်စွာ အေးအတူပူအမျှ စည်းလုံးညီ ညွတ်စွာ နေထိုင်ခဲ့ကြကြောင်း သမိုင်းအရသိရှိနိုင်ပေသည်။ ပအိုဝ်းတိုင်းရင်းသားစကားများနှင့် ကရင်တိုင်းရင်းသားစကားအချို့တူညီနေကြ ခြင်းမှာလည်း အတူတကွနေထိုင်ကြရာမှ ကရင်စကားအချို့ကိုပအိုဝ်းတို့က ကောက်ယူမွေးစားခြင်းမျိုးလည်းဖြစ်နိုင်ပါသည်။ ပအိုဝ်းတိုင်းရင်းသား စာဆိုတော်ဖြစ်သော ပင်စုံဆရာတော်က ပအိုဝ်းဘာသာဖြင့်သုဝဏ္ဏပကာသနီကျမ်းတွင် ပအိုဝ်းတိုင်းရင်းသား တို့သည် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် အခြေစိုက်ခဲ့သည်ဟုဖော်ပြရေးသားထား၏။ ဇမ္ဗူတံဆိပ်ကျမ်းကလည်း မြန်မာ ၇ မျိုးထဲတွင် “ သက်နှင့် ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပျူကမ်းယံရော၊ ထားဝယ်နှောက၊ မျိုးသတ္တ ” ဟု ဖော်ပြထား၏။ သုတေသနသရုပ်ပြအဘိဓာန် (စာမျက်နှာ ၄၆၆) တွင် မြန်မာခုနှစ်မျိုးတွင်ပါဝင်ကြောင်းဖော်ပြထား၏။ ဦးဖိုးမြစ်၏ လောကဟိတရာသီကျမ်း (စာမျက်နှာ ၂၈၂) တွင် မြန်မာခုနှစ်မျိုးကို မြန်မာ၊ ပျူ၊ တောင်သူ၊ ကမ်းယံ၊ ယော၊ ရခိုင်၊ ထားဝယ် ဟုဖော်ပြထား၏။ ခင်မောင်ဖြူ (ယဉ်ကျေးမှု) ကလည်း ရှေ့သို့စာစောင်တွင် ပအိုဝ်းတို့ကားတရုတ်ထိုင်းအနွယ်ဝင်များဟု အကဲဖြတ်သတ်မှတ်ခဲ့ကြ သည်။ သတ်မှတ်ပုံမှာ (တရုတ်ထိုင်း သို့မဟုတ် ထိုင်းတရုတ်) ယိုးဒယားနွယ်သော တရုတ်အုပ်စုတွင် (က) ကရင်အုပ်စုခွဲနှင့် (ခ) ရှမ်းအုပ်စု ဟူ၍ကွဲပြားခဲ့သည်။ ကရင်အုပ်စုခွဲ၌စကော၊ ပကူ၊ ဘွဲ့၊ တောင်သူ (ပအိုဝ်း)၊ ကရင်ဖြူ၊ ပိုး၊ ကယား (ကရင်နီ)၊ ပဒေါင်၊ ယင်းဘော်၊ ဇယိမ်၊ ဗရဲ၊ ယင်းတလဲ၊ ကဲခို၊ ကဲဗာ စသည့်လူမျိုးစုများပါဝင်ကြသည်။ ပအိုဝ်း (တောင်သူ) တို့သည် ရှေးအခါကတည်းကပင် မြန်မာတို့နှင့် အဆက်အ သွယ်ရှိခဲ့ကြသည်။ ရှေးဟောင်း ပုဂံကျောက်စာတို့တွင် “ တောင်သူ ” ဟုဖော်ပြရေးထိုးခဲ့ကြသည် ဟုဖော်ပြထား၏။ ပုဂံမြို့၊ မင်းနန်သူရွာရှိ လေးမျက်နှာဘုရား တံတိုင်းအတွင်းတွင် ကျောက်စာဂူရှိ၏။ ထိုကျောက်စာကို သက္ကရာဇ် ၅၈၅ ခုတွင်ရေးထိုး ခဲ့၏။ ထိုကျောက်စာဂူ တောင်ဘက်ကျောက်တိုင်ကြီးအရှေ့မျက်နှာ၌ မင်းအနန္တသူကျောက်စာ (ခေါ်) လေးမျက်နှာဘုရား ကျောက်စာရှိ၏။ ထိုကျောက်စာသည် မင်းအနန္တသူနှင့် မိဖုရားတို့၏ ကုသိုလ်ကောင်းမှုကိုရေးထိုးမှတ်တမ်းတင်ထားသော ကျောက်စာဖြစ်၏။ ထိုကျောက်စာ တွင် ကျွန်များ၏စာရင်းကိုလည်းဖော်ပြထားရာ ကြောင်းရေ ၄၃ တွင် “ က္မအိုအိ (ပ) အိုဝ်အိုဝ်ထိန် ၁ ” ဟုဖော်ပြထား၏။ ထိုကျောက်စာမှာ သက္ကရာဇ် ၅၈၅ ခုနှစ်တွင်ရေးထိုးသော ကျောက်စာဖြစ်၏။ ကျွန်စာရင်းတွင် “ ပအိုဝ်အိုဝ်ထိန် ” ဟုပါရှိသဖြင့် ပအိုဝ်းလူမျိုးကျွန်သည် အိုးလုပ် ငန်းကို လုပ်ရဟန်တူ၏။ ဤကျောက်စာတွင် ပအိုဝ်းလူမျိုးကို သက္ကရာဇ် ၅၈၅ ခုကတည်းကပင် တွေ့နေရသည်။ ထိုအချိန်ကပင် ပအိုဝ်းလူမျိုး ရှိနေပြီဟုသိနိုင်၏။ သက္ကရာဇ် ၆၃၈ ခုနှစ်၊ တန်ခူးလဆုတ် ၅ ရက် ( ၄ ဧပြီ၊ ၁၂၇၆) တွင်ရေးထိုးသည့် ပုဂံအရှေ့ဖွားစောရွာဖေယပွတ်ဘုရားကျောက်စာ တွင် “ ငပြည့်ညီသား ငကတူး ၁၊ ငစကြော ၁၊ ငတောင်သူ ၁ ” ဟု ပါရှိလေသည်။ ကျောက်စာအရ ငပြည့်ညီသည် မြန်မာလူမျိုးဖြစ်သည်။ ငပြည့်ညီ၏အိမ်တွင် မြန်မာ၊ ကတူး၊ ကရင်၊ တောင်သူလူမျိုးတို့တစ်အိမ်တည်း၌ စည်းလုံးညီညွတ်စွာနေထိုင်ခဲ့ကြသည်ကိုတွေ့ရပေသည်။ အထက်ပါ အထောက်အထားများကို ကြည့်လျှင်တောင်သူဟုခေါ်သော ပအိုဝ်းတိုင်းရင်းသားတို့သည် ပုဂံခေတ်ကပင် “ တောင်သူ ” ဟူ၍ လည်းကောင်း၊ “ ပအိုဝ်း ” ဟူ၍လည်းကောင်းအမည်ခံကာ သီးခြားလူမျိုးအဖြစ်ရှိခဲ့ပြီး၊ အခြားတိုင်းရင်းသားများနှင့် စည်းလုံးညီညွတ်စွာနေ ထိုင်ခဲ့ကြသည်ကို သိရတွေ့ရပေသည်။ ကျောင်းသုံး ပဉ္စမတန်းမြန်မာနိုင်ငံသမိုင်း၊ စာမျက်နှာ ၅ တွင်လည်း ပုဂံခေတ် မြန်မာနိုင်ငံကို ပျူ၊ မွန်၊ ပလောင်၊ ကရင်၊ တောင်သူ၊ သက်၊ ကဒူး၊ ကချင်၊ ချင်း၊ ရခိုင်၊ မြန်မာ၊ ရှမ်း စသောတိုင်းရင်းသားတစ်ရပ်လုံး စည်းလုံးညီညွတ်စွာစုပေါင်းတည်ထောင်ခဲ့ကြသည်ဟု ဖော်ပြ ထားသည်။ ထို့ကြောင့် တိုင်းရင်းသားပေါင်းစုံ ပုဂံပြည်ကိုတည်ထောင်ရာတွင် တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားများလည်းပါဝင်ခဲ့ကြောင်း သိနိုင်၏။ ထို့ကြောင့်ပအိုဝ်းတိုင်းရင်းသားတို့သည် ပုဂံခေတ်ကပင် အခြားတိုင်းရင်းသားများနှင့်ရောနှောနေထိုင်ခဲ့သည်ဟုသိနိုင်ပေသည်။ ပုဂံကျောက်စာများတွင်လည်း “ တောင်သူ ” ဟုရေးထိုးထားသည်ကိုကြည့်ခြင်းဖြင့် ပအိုဝ်း (တောင်သူ) လူမျိုးတို့သည် ပုဂံခေတ်ကပင်သီး ခြားရှိခဲ့သည်ဟုဆိုနိုင်ပေသည်။ အထက်ပါ အထောက်အထားများကိုကြည့်လျှင် ပအိုဝ်းတိုင်းရင်းသားတို့သည် လွန်ခဲ့သာ ရှေးနှစ်ပေါင်းများစွာကပင်သီးခြားတိုင်းရင်း သားအဖြစ်ရှိခဲ့သည်ဟုဆိုနိုင်ပေသည်။ ထို့ကြောင့်တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားတို့သည် ကရင်လူမျိုးနှင့် တစ်မျိုးတည်းမဟုတ်ပဲ သီးခြားတိုင်းရင်းသားလူမျိုးတစ်မျိုးပင်ဖြစ်လေမည်ဟု ယူဆဖွယ်ရာဖြစ်ပေသည်။ ပအိုဝ်းနှင့် မွန် သုဝဏ္ဏဘူမိဒေသတွင် ပအိုဝ်းတိုင်းရင်းသားတို့သည် မွန်တိုင်းရင်းသားတို့နှင့်နီးကပ်စွာဆက်ဆံနေထိုင်ခဲ့ကြသည်ဟုဆိုနိုင်သည်။ ဦးဘသန်း၏ ကျောင်းသုံးမြန်မာရာဇ၀င်တွင် “ ဆာဂျွန်ဂျာဒင်း၏အလိုအရ မွန်လူမျိုးတို့မြို့ပြတည်ထောင်ရန်အတွက် ရှိနှင့်ပြီး တောင်သူလူမျိုး တို့ကိုနှင်ထုတ်ရသည် ” ဟုဖော်ပြထားသည်။ ပအိုဝ်းဘာသာဖြင့်ရေးသားထားသည့် ပင်စုံတောရဆရာတော်၏ “ သုဝဏ္ဏပကာသနီကျမ်း ” စာအုပ်တွင် မနုဟာမင်းသည် အရမည မင်း၏ သားတော်ဖြစ်၏။ အရမညမင်း၏ ခမည်းတော်မှာ မွန်လူမျိုးဖြစ်ပြီး မယ်တော်မှာ ပအိုဝ်းလူမျိုးဖြစ်သည်ဟု ” ရေးသားဖော်ပြထားပေ သည်။ အထက်ပါအကြောင်းအရာများကိုထောက်လျှင် ပအိုဝ်းတိုင်းရင်းသားနှင့် မွန်တိုင်းရင်းသားတို့သည် အောက်မြန်မာပြည်တွင် ချစ်ခင် ရင်းနှီးစွာ ရောယှက်နေထိုင်ခဲ့ကြကြောင်းထင်ရှားပေသည်။ ယနေ့တိုင်အောင်ပင် ပအိုဝ်းတိုင်းရင်းသားတို့သည်မွန်လူမျိုးတို့နှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဒေသများတွင် အချင်းချင်းရင်းနှီးချစ်ကြည်စွာ ဆက်ဆံနေထိုင်လျက်ရှိကြပေသည်။ အချို့သက်ကြီးရွယ်အို ပအိုဝ်းတိုင်းရင်းသားများက တောင်သားလူမျိုးများသည် ပအိုဝ်းတိုင်းရင်းသားအနွယ်ဟုယူဆပြောဆိုကြ သော်လည်း၊ တောင်သားတို့သည် ပျူအနွယ်ဟုယူဆခြင်း၊ ပအိုဝ်းတို့နှင့် ဘာသာစကားတူညီမှုမရှိခြင်းတို့ကြောင့် တောင်သားလူမျိုးသည် သီးခြားလူမျိုးတစ်မျိုးဖြစ်ပေလိမ့်မည်။ ပအိုဝ်းတိုင်းရင်းသားပေါက်ဖွားလာပုံဒဏ္ဍာရီ ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိကိုယ်ကို နဂါးအမျီုးအနွယ်မှပေါက်ဖွားလာသည်ဟု ယူဆကြ၏။ မိခင်မှာ နဂါးမဖြစ်ပြီး ဖခင်မှာ ဇော်ဂျီ (၀ိဇ္ဇာ) ဟုယူဆကြသည်။ သက်ကြီးရွယ်အိုများကလည်း မိမိတို့မှာ နဂါးမျိုးနွယ်ဖြစ်ကြောင်းနှင့် နဂါးမှပေါက်ဖွားဆင်းသက်လာပုံကို လူငယ်များအားယနေ့တိုင် ပြောဆိုနေကြသေး၏။ ပအိုဝ်းပေါက်ဖွားလာပုံ ဒဏ္ဍာရီလေးမှာ - သက္ကရာဇ် ၄၀၀ ခ န့်လောက်တွင် သူဘိန္နမြို့၌ ခွန်တိဿမည်သော မင်းသည်မင်းပြု၏။ ထိုမင်း၏ မိဖုရားမှာ သီရိကပ္ပဟုတွင်၏။ မင်းနှင့် မိဖုရားတွင် တိဿဓမ္မနှင့် ထဒထရာဇာဟုခေါ်သည့် သားတော်နှစ်ပါးထွန်းကား၏။ သားတော်နှစ်ပါးစလုံးမှာ သူတော်ကောင်းစိတ်ဓါတ် များရှိကြ၏။ ထိုကြောင့် အရွယ်ရောက်လာသောအခါ ခမည်းတော်မယ်တော်ထံ ခွင့်တောင်းပြီး ရသေ့ဝတ်လဲကာတောထွက်သွားကြ၏။ တစ်နေ့သောအခါ နဂါးမသည် လူပြည်သို့ရောက်ရှိခဲ့ရာ လူယောင်ဖန်ဆင်းပြီး တောထဲ၌လှည့်လည်နေထိုင်သည်။ ထိုသို့ တောထဲ တွင် လှည့်လည်နေထိုင်ရင်း တောဟေမ၀န်၏စိမ်းစိုသာယာမှုကြောင့် ထိုတောထဲတွင် နေထိုင်လိုသောဆန္ဒပေါ်လာ၏။ မိန်းမဖန်ဆင်းပြီးတော ၌ လှည့်လည်ခဲ့ရာ နတ်ရေးသောဖူးစာကြောင့် လေလားမသိ၊ (၀ိဇ္ဇာ) ဇော်ဂျီနှင့် ဖူးစာဆုံလေတော့၏။ ဇော်ဂျီသည် ထိုအမျိုးသမီးကို နဂါးမမှန်း မသိချေ။ ထို့ကြောင့်နှစ်နှစ်ကာကာ ပေါင်းသင်းနေထိုင်ခဲ့ရာ နဂါးမတွင် ပဋိသန္ဓေစွဲလာခဲ့သည်။ ကိုးလလွယ်၍ ဆယ်လသို့ရောက်သောအခါ နဂါးမသည် ဥနှစ်လုံးကိုဖွားသန့်စင်ခဲ့သည်။ ထိုဥနှစ်လုံးသည် အရွယ်အစားတူညီစွာရှိပြီး အလွန်လှပလေသည်။ ထိုသို့မိမိမိန်းမက ဥနှစ်လုံးဖွားမြင်သည်ကို (၀ိဇ္ဇာ) ဇော်ဂျီကသိသောအခါ “ အလို ငါ့ အိမ်သူမသည် လူသားစစ်စစ်မဟုတ်၊ မြွေမျိုး နဂါးမျိုးပါကလား ” ဟူ၍ညည်းညူလေ၏။ ထိုနောက်စိတ်ပျက်အားငယ်ပြီးထွက်ပြေးရန်ကြံစည်လေတော့သည်။ ထို့ကြောင့်နဂါးမကိုချိုသာ သော စကားပရိယာယ်ဖြင့် ကလေးများအတွက်ဆေးရှာထွက်ခွင့်ပေးရန်ခွင့်တောင်းလေသည်။ မိမိ၏မိန်းမနဂါးမ မျက်ကွယ်သို့ရောက်သော အခါ ကောင်းကင်ဆန်လျက်ပျံတက်သွားလေသည်။ သုံးလေးရက်ခန့်ကြာသောအခါ နဂါးမသည် မိမိ၏လင်တော်မောင်ဝိဇ္ဇာဇော်ဂျီပြန်လာလေနိုးဖြင့် လည်တဆန့်ဆန့်နှင့်မျှော်ကိုးနေခဲ့ ၏။ သို့သော်လင်တော်မောင်ဝိဇ္ဇာဇော်ဂျီပြန်မလာသဖြင့် နဂါးမသည်ဤသို့ညည်းညူးပြန်လေသည်။ “ ငါ၏လင်တော်မောင်သည် ကလေး များအတွက်ဆေးရှာထွက်ရာတွင် ဤမျှကြာမြင့်ရခြင်းမှာ ငါသည်နဂါးမတိရစ္ဆာန်ဖြစ်ကြောင်းကို ငါ၏လင်တော်မောင်ဝိဇ္ဇာဇော်ဂျီသိသွားသော ကြောင့် ဖြစ်လိမ့်မည်ဟုပြင်းစွာစိုးရိမ်ပူပန်လေ၏။ ထို့ကြောင့်မိမိလင်ကိုတွေ့လိမ့်လေနိုး၊ တွေ့လေနိုးဖြင့်တောအနှံ့ တောင်အနှံ့လှည့်လည် ရှာဖွေခဲ့၏။ သို့သော်မိမိလင်တော်ကိုအရိပ်အယောင်မျှပင်မတွေ့လေသဖြင့် လူမတန် ကံချကာပြင်းစွာအော်ဟစ်ငိုကြွေးလေရှာသည်။ မိမိ၏ ရင်နှစ်သီးချာဖြစ်သည့် လှပသောဥနှစ်လုံးကို ဥမင်လိုဏ်ခေါင်းထဲတွင် လုံခြုံစွာသိမ်းဆည်းထားခဲ့ပြီး မိမိ၏ဌာန နဂါးပြည်သို့ပြန်သွားလေ၏။ ထိုနောက်ရသေ့တစ်ပါးသည် တောသို့ခရီးစကြာဖြန့်တော်မူရာတွင် ဥမင်လိုဏ်ခေါင်းအတွင်း၌ဥနှစ်လုံးကိုတွေ့ရှိ၏။ ထိုဥနှစ်လုံး သည် အလွန်လှပပြီး ထူးဆန်းအံသြဖွယ်ကောင်းလွန်းသဖြင့် မိမိ၏ကျောင်းသို့ယူဆောင်ခဲ့လေသည်။ ရသေ့ညီအစ်ကိုနှစ်ပါးလည်းတိုင်ပင်ညှိ နှိုင်းပြီး ထိုဥနှစ်လုံးကိုတစ်ပါးတစ်လုံးစီခွဲဝေယူကြ၏။ မကြာမြင့်မီပင် ထိုဥနှစ်လုံးမှ လူသားနှစ်ဦးပေါက်ဖွားလာခဲ့သည်။ တစ်ဦးသည်ယောက်ျား လေးဖြစ်ပြီး တစ်ဦးမှာမိန်းကလေးဖြစ်၏။ (အချို့ရာဇ၀င်များကနှစ်ဦးစလုံးပင် ယောက်ျားလေးဖြစ်ပြီး တစ်ဦးမှာ ကျောက်ကပ်ရောဂါဖြစ်၍ သေကြောင်းဖြင့်ဆိုကြသည်ဟုဆို၏။) ဥမှ မိန်းကလေးရသောရသေ့သည် မိမိနှင့်မအပ်မရာဖြစ်၍ ကရင်တို့အားပေးလိုက်သည်။ ယောက်ျား လေးရသောရသေ့သည် အရွယ်ရောက်သည့်တိုင်ကျွေးမွေးပြုစု၏။ စောင့်ရှောက်၏။ ပညာလည်းသင်ပေး၏။ ဖခင်ဖြစ်သူ ၀ိဇ္ဇာဇော်ဂျီကလည်း မိမိ၏ ရင်သွေးသားလေးအား ပညာများကူညီသင်ပြပေးလေသည်။ ထိုကလေးငယ်ကို ရသေ့က တီဿသီဟဟုအမည်ပေးလေသည်။ ကာလအတန်ကြာသောအခါ ခွန်တိဿမင်းလည်းနတ်ရွာစံတော်မူ၏။ သားတော်နှစ်ပါးမှာလည်း ရသေ့ဖြစ်နေကြသဖြင့် ထီးနန်းကို ဆက်လက်စိုးစံမည့်သူတစ်စုံတစ်ယောက်မျှမရှိချေ။ ထို့ကြောင့် မှူးမတ်တို့လည်းစည်းဝေးတိုင်ပင်ကြပြီး ထိုရသေ့နှစ်ပါးကိုတိုင်းပြည်သို့ ပြန်ခေါ်ရန်ဆုံးဖြတ်ကြလေသည်။ မှူးမတ်တို့လည်း တိုင်းသူပြည်သားအချို့နှင့်ရသေ့နှစ်ပါးကို တောအနှံ့ရှာဖွေကြရာ တစ်ခုသောကျောင်း တွင်တွေ့သဖြင့် ထိုရသေ့နှစ်ပါးအားတိုင်းပြည်သို့ပြန်ကြွတော်မူပြီးမင်းပြုပါမည့်အကြောင်းလျှောက်ထားတောင်းပန်ကြလေ၏။ မှူးမတ်တို့၏ စကားကိုကြားသော ရသေ့ညီနောင်နှစ်ပါးက ဤသို့ဆို၏။ “ ငါတို့သည် တိုင်းပြည်အုပ်ချုပ်မင်းလုပ်လိုသောစိတ်ဆန္ဒ စိုးစဉ်းမျှမရှိပါ။ ကမ္မဌာန်းဘ၀၌သာမွေ့လျော်လိုပါသည်။ အကယ်၍ ဒကာတို့သဘောကျနှစ်သက်မည်ဆိုပါက ငါတို့တွင် တိဿသီဟ ဟုခေါ်သောသားတော်ရှိ၏။ ထိုသားတော်ကို ဒကာတို့ခေါ်ဆောင်၍ မင်းအဖြစ်ဘိသိက်သွန်းကြကုန်လော့ ” ဟုမှူးမတ်တို့အားမိန့်ကြားလေ သည်။ ရသေ့၏စကားကိုကြားရသောအခါ တိုင်းသူပြည်သားမှူးမတ်များလည်းအထူးနှစ်ခြိုက်သဘောကျပြီးမင်းအဖြစ် ဘိသိက်ပေးမည်ဖြစ် ကြောင်းနှင့် ၀န်ခံကြကုန်၏။ ထိုနောက်မှူးမတ်တို့လည်း မည်သည့်နေ့ရက်တွင် ဘိသိက်သွန်းမင်းမြှောက်သော်ကောင်းမည်ကို နေ့ကောင်း ရက်မြတ်ရွေးချယ်ပြီးလျှင် တိဿသီဟမင်းသားကို ရထားပေါ်တွင်တင်၍ သုဘိန္နပြည်သို့ ပြန်ကြလေကုန်၏။ ရသေ့လည်း တိုင်းသူပြည်သားမှူးမတ်တို့က မိမိ သားတော်ကိုခေါ်ပြန်သောအခါ “ ငါ၏သားတော်သည် ဥာဏ်ပညာနည်းသေး၏ မင်းမဖြစ်လောက်သေး ” ဟူ၍စိုးရိမ်ပူပန်လေသည်။ လူမင်းဘုန်းကြီးက နတ်မင်းမနေသာဆိုသကဲ့သို့ ရသေ့ပူဆွေးသောကရောက်နေသည် ကိုသိကြားမင်းကသိသောအခါ လူ့ပြည်သို့ဆင်းသက်ပြီး ရှင်ရသေ့အား “ အဘယ်ကြောင့် ကျိန်းစက်ခြင်းမရှိဘဲ ဤသို့စိုးရိမ်ပူပန်နေအံ့နည်း” ဟုမေးလေ၏။ ထိုအခါရှင်ရသေ့က “ မှန်လှပါ ဘုရားတပည့်တော်သည် သားတော်ပညာမစုံသေးပါဘဲလျက် မင်းပြုစေသဖြင့် သားတော်အ တွက်စိုးရိမ်ပူပန်ခြင်းဖြစ်ရပါသည်ဘုရား ” ဟု လျှောက်ထားလေ၏။ သိကြားမင်းကလည်း “ စိုးရိမ်ပူပန်ခြင်းမဖြစ်လင့် ငါသိကြားမင်း ကူညီ စောင့်ရှောက်ပေးပါမည် ” ဟုအာမခံမိန့်ကြားလေ၏။ သိကြားမင်း၏စကားကိုကြားရသောအခါ ရသေ့လည်းပျော်ရွှင်ခြင်းဖြစ်လေသည်။ မင်းပြုရမည့်နေ့ကောင်းရက်မြတ်သို့ ရောက်သောအခါ မှူးမတ်တို့က တိုင်းသူပြည်သားများအားခရီးလမ်းပန်းပြုပြင်စေသည်။ လမ်းဘေးပတ်ဝန်းကျင်တွင်လည်း ငှက်ပျောပင်များရာဇမတ်များစိုက်ထူစေ၍ တန်ဆောင်းပြဿဒ်များကိုလည်းပြုလုပ်စေသည်။ တိဿသီဟ မင်းသားကိုလည်း မင်းဝတ်တန်ဆာများဆက်သ၍ ဘိသိက်သွန်းမင်းမြှောက်ကြလေသည်။ တိဿသီဟမင်းသားလည်း အတည်တကျမင်းပြုပြီးသောအခါ အရှေ့တောင်အရပ်တွင်ရှိသော ရွှေချောင်းနားတွင် နန်းတော်ကို တည်တော်မူ၏။ ထိုအရပ်သည် အသက်ရှည်သောမင်းပြုရာဒေသဖြစ်ပြီး တိုင်းပြည်လည်းအေးချမ်းငြိမ်သက်သော ဒေသဖြစ်လိမ့်မည်ဟုယူဆ လေသည်။ နဂါးမဥမှပေါက်ဖွားလာသော တိဿသီဟမင်းသားသည် ထိုအရပ်တွင်မင်းလောင်းတစ်ပါးအဖြစ် အသိအမှတ်ပြုစိုးစံပြီး ထိုအရပ် ကိုလည်း သုဝဏ္ဏဘူမိ ရွှေထုံပြည်ဟုတွင်စေ၏။ တိုင်းသူပြည်သားများကလည်း တိဿသီဟမင်းသားဟူ၍ အသိအမှတ်ပြုကြလေသည်။ ရသေ့က ကရင်လူမျိုးတို့အားပေးထားသော မိမိ၏နှမတော်ကိုလည်း “ နာဂ၀တီ ” ဟုအမည်တွင်စေ၍ မိဖုရားမြှောက်ကာဆက်လက်သိမ်း မြန်းစိုးစံလေသောဟူ၏။ တိဿသီဟမင်းမှအစပြု၍ အစဉ်အဆက်အုပ်ချုပ်မင်းလုပ်လာခဲ့ရာ မနူဟာမင်းလက်ထက်တိုင်အောင်ပင်ဖြစ်၏။ မနူဟာမင်းကား အရမညမင်း၏သားတော်ဖြစ်သည်။ အရမညမင်း၏ ခမည်းတော်မှာ မွန်လူမျိုးဖြစ်ပြီး မယ်တော်မှာ ပအိုဝ်းလူမျိုးဖြစ်သည်ဟုဆို၏။ အရမည မင်းသည် သက်တော် ၈၂ နှစ်သို့ရောက်သောအခါ နတ်ရွာစံတော်မူ၏။ ဂေါတမမြတ်စွာဘုရားလက်ထပ်တွင် ပအိုဝ်းမင်းဆက် ၁၅၈ ဆက်ရှိ ရာ ဓမ္မမာလာမင်းမှာ နောက်ဆုံးဖြစ်သည်ဟုဆိုလေသည်။ မနူဟာမင်းမတိုင်မီ ပအိုဝ်းမွန်ကပြားမင်းဆက် ၁၇ ဆက်မျှအုပ်ချုပ်ခဲ့ကြောင်းဆို၏။ ၎င်းတို့မှာ - (၁) မောင်လှ (၉) ရာဇပမော (၂) အသန္တုလ (၁၀) ရာဇခုပါ (၃) အဿရာဇ (၁၁) သုတ္တဥပါ (၄) တတ္တိရာဇ (၁၂) ဇေယရာဇ (၅) ဂုသေနာ (၁၃) သုဒ္ဓိရာဇ (၆) ရာဇစောကန် (၁၄) ဥပလရာဇ (၇) ရာဇဇော်ဝေ (၁၅) မိမလရာဇ (၈) ရာဇမစာတ (၁၆) ဒွါဒဿရာဇ (၁၇) အရမညရာဇ တို့ဖြစ်ကြ၏။ ရှေးပဝေသဏီကပင် ပအိုဝ်းတိုင်းရင်းသားတို့သည် ကိုယ့်မင်းဆက်နှင့်ကိုယ် အသီးသီးအုပ်ချုပ်ခဲ့ကြသည်ဟုဆို၏။ ကကုသန်ဘုရား လက်ထပ်တွင် ၃၈၄ ဆက်၊ ကောဏဂုံဘုရားလက်ထပ်တွင် ၃၀၉ ဆက်၊ ကဿပမြတ်စွာဘုရားလက်ထက်တွင် ၁၈၇ ဆက်နှင့် ဂေါတမ ဘုရားလက်ထက်တွင် ၁၅၈ ဆက် အသီးသီးအုပ်ချုပ်ခဲ့ကြသည်ဟုသိရ၏။ (ပအိုဝ်းဘာသာဖြင့်ရေးသားထားသော သုဝဏ္ဏပကာသနီကျမ်းမှ ကောက်နုတ်ပြန်ဆိုသည်။) အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးအောင်သိန်း၏ သာသနာအစ သထုံကသမိုင်းမှတ်တမ်းစာအုပ် (စာမျက်နှာ ၄၃) တွင် “ မြတ်စွာ ဘုရားသည်လည်း ချစ်သားအာနန္ဒာ ယခုဘဒ္ဒကမ္ဘာ၌ ကကုသန်ဘုရားလက်ထက်တော်ကစ၍ သူရိနာဂမင်းကြီး၏ အဘကား နေမင်းသား၊ အမိကား နဂါးမ၊ အဘကား ၀ိဇ္ဇာဓိုရ် ပအိုဝ်းတောင်သူလူမျိုးဖြစ်၏ ” ဟုရေးသားဖော်ပြထား၏။ ဦးသော်ဇင်၏ “ မြန်မာပြည်ရောက် ဗုဒ္ဓဘာသာ ” စာအုပ်စာမျက်နှာ ၄၃၉ တွင် ဂ၀ံပတိ ရဟန္တာအကြောင်းပါ၏။ ဂ၀ံပတိရဟန္တာအ ကြောင်းတွင်လည်း ပအိုဝ်းတိုင်းရင်းသားပေါ်ပေါက်လာပုံ ဒဏ္ဍာရီနှင့်ဆင်သော အကြောင်းအရာကိုတွေ့ရ၏။ အလားတူပင် မွန်ရာဇ၀င်နှင့် စေတီတော်များ သမိုင်းပေါင်းချုပ်စာအုပ်တွင်လည်း ပအိုဝ်းတိုင်းရင်းသားပေါ်ပေါက်လာပုံဒဏ္ဍာရီနှင့်ဆင်သောအကြောင်းအရာကိုတွေ့ရ၏။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေးဗဟိုကော်မတီဌာနချုပ်မှ ထုတ်ဝေသည့် ပြည်ထောင်စုမြန်မာနိုင်ငံတိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံစံ (ရှမ်း) စာအုပ်တွင် ပအိုဝ်းတိုင်းရင်းသားဆင်းသက်လာပုံ ဒဏ္ဍာရီကို ဤသို့ဖော်ပြထား၏။ “ ပအိုဝ်း (တောင်သူ) တို့၏ မူလဇာတိသည် မြန်မာနိုင်ငံတောင်ပိုင်းသထုံခရိုင်ဖြစ်၏။ ပအိုဝ်းတို့၏ ဒဏ္ဍာရီပုံပြင်အရဆိုသော် ပအိုဝ်း လူမျိုးများသည် နဂါးနှင့် ၀ိဇ္ဇာမျိုးမှဆင်းသက်ခဲ့သည်ဟုဆို၏။ မြတ်စွာဘုရားမပွင့်မီက ယခုသထုံမြသပိတ်တောင်ခြေတွင် ရဟန္တာတို့သီတင်း သုံးလျက်ရှိကြသည်. ထိုဒေသအနီးတွင် ရေအိုင်ရှိရာ နဂါးတို့စံပျော်ကြသည်။ တစ်နေ့တွင် နဂါးမင်း၏သမီးတော်က တောင်ခြေရှိရဟန္တာတို့ကိုဖူးမြော်လို ပါသည်။ လူ့ပြည်သို့ သွားခွင့်ပြုပါရန် ခမည်းတော်နဂါးမင်းကြီးထံပန်ကြားလေသည်။ အစတွင် ခွင့်မပြုသော်လည်း အတန်တန်ပူဆာသဖြင့် ခွင့်ပြုလိုက်လေသည်။ နဂါးမင်းသမီးသည် လူယောင်ဆောင်၍ ရဟန္တာတို့အားဖူးမြော်ပြီး နဂါးပြည်ကိုပြန်မည့်ဆဲဆဲ ၀ိဇ္ဇာပျိုတစ်ဦးနှင့်တွေ့မိ၍ ၀ိဇ္ဇာပျိုနှင့် ချစ်ကြိုးသွယ်ရာ ဥကြီးနှစ်လုံးကိုရခဲ့သည်။ ထိုဥကြီးနှစ်လုံးကို ရသေ့တစ်ပါးထံအပ်နှံပြီး နဂါးမင်းသမီးသည် နဂါးပြည်သို့ပြန်လေသည်။ ရသေ့ကြီး ကြည့်ရှုစောင့်ရှောက်ထားသော ဥကြီးနှစ်လုံးမှ လူသားယောက်ျားလေးတစ်ယောက်နှင့်မိန်းကလေးတစ်ယောက်ဖွားမြင် လာကြသည်။ ရသေ့ကြီးက ကျွေးမွေးပြုစုခဲ့ရာကြီးပြင်းလာသောအခါ သုဝဏ္ဏဘူမ္မိတွင် အုပ်စိုးသောမင်းဆက်ဖြစ်လာလေသည်။ ယင်းမင်း ဆက်တို့မှပအိုဝ်းလူမျိုးဖြစ်ပေါ်လာခဲ့သည်။ ထိုမှတစ်ဖန် အထက်ဖော်ပြပါရာဇ၀င်ကြောင့် ပအိုဝ်းတို့ရှမ်းပြည်ရောက်သွားကြသည်ဟုဆို သည်။ ပအိုဝ်းတို့သည် သထုံခရိုင်ကို “ သထုံကြီး ” ဟုခေါ်ပြီး ရှမ်းပြည်တောင်ပိုင်းရှိ “ ဆီဆိုင် ” ကို “ သထုံကလေး ” ဟုခေါ်ကြသည်။ ယင်း နေရာ နှစ်ခုတို့တွင် ပအိုဝ်းများစွာ နေထိုင်လျက်ရှိနေကြသတဲ့။” ပအိုဝ်းတိုင်းရင်းသား ပေါက်ဖွားဆင်းသက်လာပုံသည် ဒဏ္ဍာရီလား၊ တကယ်လားဟူ၍စဉ်းစားစရာပင်ဖြစ်လေသည်။ ပအိုဝ်းတိုင်းရင်း သားပေါက်ဖွားလာပုံ ဒဏ္ဍာရီသည် မွန်ရာဇ၀င်နှင့် စေတီတော်များသမိုင်းစာအုပ်မှ အဆိုနှင့်လည်းဆင်နေ၏။ ဦးသော်ဇင်၏ မြန်မာပြည်ရောက် ဗုဒ္ဓဘာသာစာအုပ်မှ ဂ၀ံပတိရဟန္တာအကြောင်းနှင့်လည်း ဆင်နေ၏။ မွန်တို့သည် တောင်သူခေါ် ပအိုဝ်းလူမျိုးတိုကထက်စော၍ နေထိုင်ဖွယ် ရာရှိသည်ဟု သမိုင်းပညာရှင်များကဆိုသဖြင့် တောင်သူခေါ် ပအိုဝ်းလူမျိုးတို့သည် မွန်တို့နှင့်ရောနှောနေထိုင်ရာမှ မွန်လူမျိုးတို့၏ ရာဇ၀င် ကိုများ မှီးလေရော့သလားဟူ၍ တွေးတောဖွယ်ရာပင်ဖြစ်သည်။ ပအိုဝ်းဘာသာဖြင့် ရေးသားထားသော လက်သမားအုပ်၏ “ သထုံဘုရားသမိုင်းနှင့် ရန်ကုန်ဘုရားသမိုင်း ” စာအုပ်တွင် - “ သုဝဏ္ဏဘူမ္မိ သထုံဒေသသည် လူနေထူထပ်သောဒေသဖြစ်ခဲ့သည်။ ထိုအချိန်က သုဝဏ္ဏဘူမ္မိ သထုံဒေသကိုအုပ်စိုးခဲ့သော သူရိယစန္ဒာမင်းသည်ဘုန်းတန်ခိုးအာဏာကြီးခဲ့သည်။ သူရိယစန္ဒာမင်းသည် ဆင်ဖြူတော် ၃၃ စီးကိုပိုင်ဆိုင်ခဲ့သည်။ သထုံတွင် ပအိုဝ်းမင်း ဆက်ပေါင်း ၃၈၄ ဆက်အုပ်ချုပ်ခဲ့သည်။ ပအိုဝ်းတို့သည် ဘိုးဘွားစဉ်ဆက်ကပင်သထုံဒေသကိုတည်ထောင်နေထိုင်ခဲ့ကြသည်။ ထိုကြောင့် ပအိုဝ်းဘိုးဘွားတို့သည် သထုံဒေသမှ မခွာချင်ကြပေ။ ပအိုဝ်းတိုင်းရင်းသားတို့သည် ယနေ့တိုင်အောင်သထုံမြို့တွင် နေထိုင်လျက်ရှိကြပေ သည်။ (ပအိုဝ်းဘာသာဖြင့် ရေးသားထားသော လက်သမားအုပ်၏ “ သထုံဘုရားသမိုင်းနှင့် ရန်ကုန်ဘုရားသမိုင်းစာအုပ်မှကောက်နုတ်ပြန်ဆို သည်။) သို့သော် ပအိုဝ်းဘာသာဖြင့် ရေးသားထားသော သထုံဘုရားသမိုင်းနှင့်ရန်ကုန်ဘုရားသမိုင်းအဆို၊ သောသုဝဏ္ဏပကာသနီကျမ်းအ ဆို၊ မွန်ရာဇ၀င်နှင့်စေတီတော်များသမိုင်းအဆို၊ မြန်မာပြည်ရောက်ဗုဒ္ဓဘာသာစာအုပ်အဆိုတို့မှာ အနည်းငယ်လောက်သာကွဲပြားမှုရှိသည်ကို တွေ့နိုင်၏။ မည်သို့ပင်ဆိုစေကာမူ ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏ ဖခင်မှာဝိဇ္ဇာဓိုရ်၊ အမိမှာ နဂါးမဟူ၍ ဘေး၊ ဘိုး၊ ဘီ၊ ဘင် လက်ထက်မှစ၍ ယနေ့တိုင်ယုံကြည်နေကြပေသည်။ ပအိုဝ်းအစ သထုံက ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာပြည်တွင်းသို့ဝင်ရောက်လာရာတွင် မွန်တို့ထက် နောက်ကျ၏။ သို့သော်မြန်မာနှင့်ရှမ်းတို့ ထက်စောလေသည်။ နောက်ပိုင်းတွင် မြန်မာနှင့်ရှမ်းတို့ တိုးချဲ့ဝင်ရောက်လာမှုကြောင့် ပအိုဝ်းနှင့်ကရင်တို့သည် တောင်ဘက်သို့တဖြည်း ဖြည်း ရွှေ့ပြောင်းခဲ့ကြပြီး သထုံတွင်အခြေချနေထိုင်ခဲ့ကြသည်ဟု ပညာရှင်များကယူဆကြလေသည်။ သထုံတွင် ပအိုဝ်းတိုင်းရင်းသားတို့အခြေချနေထိုင်သောအချိန်မှာ ဘီစီ ၉ ရာစုပတ်ဝန်းကျင်တွင်ဖြစ်ဖွယ်ရာရှိသည်။ သထုံတွင် အတည်တကျနေထိုင်ပြီး သထုံပြည်ကိုတည်ထောင်ခဲ့ဟန်တူလေသည်။ သုဝဏ္ဏဘုမ္မိ သထုံပြည်ကို ပအိုဝ်းမင်းဆက်ပေါင်း ၁၅၈ ဆက်အုပ်စိုး ခဲ့ပြီး၊ ပအိုဝ်း မွန်ကပြားမင်းဆက် ၁၈ ဆက်အုပ်စိုးခဲ့သည်။ “ ကကုသန်ဘုရားလက်ထက်တွင် သူရိနာဂမင်းအုပ်စိုးခဲ့သည်။ မိဖုရားမှာ နာဂ၀ိဇ္ဇာဖြစ်၏။ သူတို့၏ဖခင်မှာ ၀ိဇ္ဇာဇော်ဂျီဖြစ်ပြီး၊ အမိ မှာ နဂါးမဖြစ်သည်။ သထုံတွင်မြို့ရွာတည်ထောင်နေထိုင်ကြပြီး၊ ပအိုဝ်းလူမျိုးများဖြစ်လာကြသည်။ သူရိနာဂမင်း၏ မိခင်သည်အသက်ရှည်ပြီး ၁၇၇ နှစ်နေရသည်။ မင်းဆက် ၃၈၄ ဆက်ထိတိုင်ခဲ့သည်။ ကောဏာဂုံဘုရားပွင့်တော်မူသောအခါ သထုံတွင် မဟာသာရမင်းအုပ်စိုးခဲ့သည်။ မဟာသာရမင်းသည် ကဿပမြတ်စွာဘုရားကို ဖူးမြော်ခဲ့ရသည်။ မဟာသာရမင်းလက်ထက်တွင် သုဝဏ္ဏဘုမ္မိ သထုံပြည်၌ ပအိုဝ်းလူမျိုးအစဉ်အဆက်မပြတ်ခဲ့ပေ။ မဟာသာရမင်းမှ စ၍ မင်းဆက် ၅၇၇ ဆက်အထိအုပ်စိုးခဲ့သည်။ မဟာသာရမင်းသည် အသက် ၁၉၉ နှစ်ရှည်သည်။ မိဖုရားမှာ မိဥူဖြစ်၏။ ထိုနောက်သီဟရာဇာ မင်းဆက် ၈ ဆက်မှစ၍ သူရိယစန္ဒာမင်းဆက်ထိဖြစ်သည်။ ဂေါတမဘုရားလက်ထက်တွင် သထုံပြည်၌ ပအိုဝ်းမင်းဆက် ၁၅၈ ဆက် အုပ်စိုးခဲ့ပြီး၊ ပအိုဝ်း မွန်ကပြားမင်းဆက် ၁၈ ဆက် အုပ်စိုး ခဲ့သည်။ (ပအိုဝ်းဘာသာဖြင့်ရေးထားသည့် သထုံမြို့ ညောင်ဝိုင်းရပ် ဘုရားဒကာလူကြီး ဦးဖြူ၏ “ သထုံနှင့် ရန်ကုန်သမိုင်း ” စာအုပ်၊ စာမျက်နှာ ၆၀-၆၁မှ ကောက်နုတ်ပြန်ဆိုသည်။) အထက်ပါ အထောက်အထားကိုကြည့်လျှင် သထုံ၌ ဘုရားအစဉ်အဆက် လက်ထက်တော်တွင် ပအိုဝ်းမင်းဆက်များအစဉ်အဆက် အုပ်စိုးခဲ့သည်ကိုသိနိုင်ပေသည်။ ထို့ပြင်သထုံတွင် ပအိုဝ်းတိုင်းရင်းသားတို့ မူလဘူတအစ နေထိုင်ခဲ့ကြကြောင်း ထောက်ခံနေပေသည်။ သုဝဏ္ဏဘုမ္မိတွင် သာသနာထွန်းကားစဉ် ထင်ရှားသောပအိုဝ်းမင်းဆက်မှာ မဟာသက္ကရာဇ် ၁၄ ခုနှစ်တွင်နန်းတက်သော သူရိယ စန္ဒာမင်းဖြစ်လေသည်။ သူရိယစန္ဒာမင်းသည် သုဝဏ္ဏဘုမ္မိ သထုံပြည်တွင် ရွှေစာရံစေတီတော်ကို တည်ထားကိုးကွယ်ခဲ့၏။ လယ်တီဦးလှတင် ၏ “ ရွှေစာရံဘုရားသမိုင်း ” စာအုပ်တွင် သူရိယစန္ဒာမင်းသည် ဘိုးတော်အဉ္စနမင်းကြီး ဖြိုကြွင်းသက္ကရာဇ် ၂ ခု၊ တပေါင်းလပြည့် စနေနေ့တွင် ဖွားမြင်ပြီး မဟာသက္ကရာဇ် ၁၂၇ ခု၊ တပေါင်းလဆန်း ၁၅ ရက်၊ စနေနေ့၌လူ့ပြည်ငြီး၍ နတ်ထီးစံမြန်းတော်မူသည်ဟုဆိုလေသည်။ သူရိယစန္ဒာမင်းနောက် ၁၅၈ ဆက်မြောက် ဓမ္မမာလာမင်းသည် မွန်မင်းသမီးတစ်ဦးကို မိဖုရားမြှောက်သဖြင့် သွေးကွဲစပြုလာသည် ဟုဆိုသည်။ ဓမ္မမာလာမင်းနောက် အုပ်စိုးခဲ့ကြသော ပအိုဝ်းမွန်ကပြားမင်းဆက်များမှာ မောင်လှ၊ အသန္တုလှ ( မောင်လှအစ်မ၏သားတော် )၊ အဿရာဇ၊ ဟတ္တိရာဇ၊ သုဒ္ဓိရာဇ၊ ဥပလာဇ၊ မိလေရာဇ၊ ဒွါဒဿရာဇ၊ အရမညရာဇ (အမိပအိုဝ်း၊ အဖ မွန်)၊ မနုဟာ ( အဖ ပအိုဝ်း-မွန်ကပြား) (အမိ မွန်) စသည်တို့ဖြစ်လေသည်။ သထုံပျက်စီးခြင်း သာသနာသက္ကရာဇ် ၁၆၀၁ ခု၊ ကောဇသက္ကရာဇ် ၄၁၉ ခုတွင်အနော်ရထာ ( အနိရုဒ္ဓ ) မင်းသည် သထုံပြည်ကိုဝင်ရောက်တိုက်ခိုက် ပြီး၊ မနူဟာမင်းကို ပေါက္ကံရာမ ပုဂံပြည်သို့ခေါ်ဆောင်သွား၏။ ပိဋိကတ်သုံးစုံနှင့် ကျမ်းဂန်တတ်ဆရာတော်များ၊ ပစ္စည်းဥစ္စာပါမကျန် ပုဂံပြည် သို့ယူဆောင်ခဲ့၏။ မနူဟာမင်းကားတန်ခိုးကြီးသည်ဟု ဆိုလေသည်၊စကားပြောသောအခါတွင်လည်း ခံတွင်းမှ အရောင်များထွက်နေသည်ဆို၏။အနော် ရထားမင်းလည်း မနူဟာမင်းကို ပုဂံပြည်တွင်အကျဉ်းထားလေသည်၊ မနူဟာမင်းလည်း “ငါသည် ၀ိပါက၀ဋ်ကြွေးကြောင့် ဖြစ်သည်”ဟု တွေးမိ သဖြင့် အလှူဒါနပေးပြီး သီတင်းသီလဆောက်တည်လေသည်၊ စေတီတစ်ဆူကိုလည်း တည်ထားကိုးကွယ်ခဲ့ရာ နောင်သောဘ၀တွင် သူတစ် ပါး၏ ကျွန်ဘ၀မှ လွတ်မြောက်ပြီး စည်းစိမ်ချမ်းသာရပါလိုကြောင်းဖြင့် ထိုစေတီတွင် အဓိဌာန်ပြု ဆုတောင်းခဲ့၏။ ထိုစေတီကို မနူဟာစေတီဟု ခေါ်ခဲ့၏၊ ပုဂံညောင်ဦးမြို့နယ် မြင်းကပါရွာတွင် မနုဟာစေတီကို ယနေ့တိုင်ဖူးမြော်နိုင်ပေသေးသည်၊ စေတီတွင်းရှိ ဘုရားကို ကျပ်ကျပ်တည်း တည်းတည်ထားခဲ့ရာ မိမိမည်မျှ ကျဉ်းကျပ်စွာနေခဲ့ရကြောင်းကို နောင်လာနောက်သားအားသိစေလိုဟန်တူ၏။ ထိုအချိန်မှစ၍ ပအိုဝ်းမင်း ဆက် ကွယ်ခဲ့သည်ဟုဆိုလေသည်။ ဦးကုလား မဟာရာဇ၀င်ကြီး၊ ပထမအုပ် (စာမျက်နှာ ၁၈) တွင် ဤသို့ရေးသားဖော်ပြထား၏။ သုဝဏ္ဏဘုမ္မိတိုင်းအပါအ၀င် သထုံပြည်တွင် ရှေးမင်းဆက်ပေါင်း ၁၅၀ အနက် ၁၄၇ ဆက်ကား ပအိုဝ်းမင်းဆက်ဖြစ်ပြီး သုံးဆက်သာ လျှင် မွန်မင်းများဖြစ်သည်။ စာပေပရပိုက်များအရ၊ ပအိုဝ်းများနေထိုင်ခဲ့သော သထုံပြည်ကိုအုပ်စိုးသော မနုဟာမင်းလက်ထက်၌ ဗုဒ္ဓသာသနာ အရောင်အတော်ပင်ထွန်းပြောင်နေချိန်ဖြစ်သည်ဟုဆိုသည်။ ထိုမနူဟာမင်းမှာ ပအိုဝ်းမင်းဆက်ဖြစ်သည်ဟုဆိုသည်။ ယင်းအချိန်တွင်သထုံ ပြည်တွင် ဗုဒ္ဓ၏ပရိယတ္တိ၊ ပိဋကတ်သုံးပုံရှိကြောင်း ရှင်အရဟံမှတစ်ဆင့် ပုဂံပြည့်ရှင် အနော်ရထားမင်း ကြားသိတော်မူသဖြင့် ပုဂံပြည်တွင် လည်း သာသနာအစ်အမှန်ရောင်ဝါထွန်းစေလိုသောကြောင့် လူလွှတ်၍ပိဋိကတ်သုံးပုံကို ပင့်ဆောင်စေရာ မနုဟာမင်းက ငြင်းဆန်သဖြင့်သထုံ ပြည်သို့ စစ်ချီတိုက်ခိုက်တော်မူသည်။ အနော်ရထာမင်း သထုံပြည်ကိုအောင်နိုင်တော်မူ၍ မင်းအဆက်ဆက်ကိုးကွယ်သော ရတနာပန်းကောင်းဖြင့်ထားသော မွေတော် မြတ်ကိုလည်းကောင်း၊ အစုံသုံးဆယ်ရှိသော ပိဋကတ်တော်ကိုလည်းကောင်း ဆင်တော် ၃၂ စီးပေါ်တွင်တင်ဆောင်ယူတော်မူ၏။ သထုံပြည် ကို အနော်ရထာမင်းသိမ်းပိုက်ပြီးနောက် ပအိုဝ်းတို့သည် အေးချမ်းရာဒေသများကိုရှာဖွေကြသည်။ ပုဂံမပျက်မီ မြန်မာသမိုင်းစာအုပ်တွင် “ မနူဟာကျောက်စာဟုခေါ်သော ကျောက်စာတစ်ချပ်၌ မနုဟာဘုရင်သည် အနိစ္စရောက် သည့် အချိန်အထိ ပုဂံတွင်သုံ့ပန်းအဖြစ်နေခဲ့ရကြောင်း ယင်း၏အဆက်အနွယ်များမှာလည်း ပုဂံ၌ပင်ဆက်လက်နေထိုင်သွားခဲ့ကြောင်း ” ဖော်ပြထားသည်။ ထိုကြောင့် မနူဟာနှင့်အတူပါသွားသော တောင်သူခေါ် ပအိုဝ်းတို့သည် ပုဂံသို့ရောက်ရှိနေထိုင်ခဲ့ကြသည်ဟုဆိုနိုင်ပေ သည်။ ရှမ်းပြည်တောင်ပိုင်းသို့ရွှေ့ပြောင်းခြင်း သထုံကိုအနော်ရထာ တိုက်ခိုက်အောင်မြင်၍ မနုဟာမင်းကိုဖမ်းဆီးခေါ်ဆောင်သွားပြီးသည့်နောက်တွင် သထုံတွင်အုပ်ချုပ်သူကင်းမဲ့ လျက်ရှိ၏။ သထုံပြည်ကြီးမှာလည်းဝါးအစည်းပြေသကဲ့သို့ရှိနေ၏။ သထုံပြည်တွင်နေထိုင်လျက်ရှိသော ပအိုဝ်းတိုင်းရင်းသားတို့ကလည်း မိမိတို့အနှစ်နှစ်အလလနေထိုင်ခဲ့သော ထီးနန်းလည်းကျဆုံးပြီ၊ သာသနာလည်းကွယ်ပပြီ၊ အားကိုးရာမဲ့ပြီဟုဆိုလျက် သထုံပြည်မှအုပ်စုကိုးစု ခွဲ၍ စွန့်ခွာထွက်လာကြသည်။ အုပ်စုတစ်စုမှာ “ မော်ထောဖော ” ခေါ် စာဟောဆရာကြီးကဦးဆောင်၍ ပခုက္ကူအနောက်ဘက်တွင် နေရာသစ်အဖြစ်ပြောင်းရွှေ့နေ ထိုင်သည်ဟုဆိုလေသည်။ ယင်းတို့မှာ “ တောင်သား ” လူမျိုးများအဖြစ် ယနေ့တိုင်ထင်ရှားနေပေသည်။ ပအိုဝ်းတို့ကတောင်သားလူမျိုးများ သည် မိမိတို့နှင့်တစ်နွယ်တည်းဟုယူဆနေကြသည်။ ကျန်အုပ်စုရှစ်စုအနက် စစ်တောင်မြစ်ဝှမ်းအထက်ပိုင်းနှင့် ရှမ်းကုန်ပြင်မြင့်သို့ရောက်ရှိ လာသောအုပ်စုမှာ သုံးစုထက်မနည်းဟုယူဆရလေသည်။ ရှမ်းပြည်တောင်ပိုင်းတွင် ယနေ့တိုင် ပျံ့နှံ့နေထိုင်လျက်ရှိကြသည်။ စာဟောဆရာ “ မော်တောဖာ ” က ညွှန်ပြသဖြင့် ရှမ်းပြည်နယ်စပ်တွင်လည်းကောင်း၊ ထိုင်းနယ်စပ်တွင်လည်းကောင်းနေထိုင်ခဲ့ကြသည်ဟုဆိုသည်။ ညောင်ရွှေမြို့၊ ဘဏ္ဍာငွေတိုက် အမတ်ထောက် ဦးငြိမ်းရေးသားသော ညောင်ရွှေနယ်သမိုင်းနှင့် စော်ဘွားကြီးဆာစောမောင်၏ အတ္ထုပ္ပတ္တိတွင် - “ တောင်သူလူမျိုးတို့သည် ညောင်ရွှေမြို့နယ်အတွင်းသို့ရောက်ရှိနေသည်မှာ သထုံမနူဟာမင်းကိုအနော်ရထာမင်းစောတိုက်ခိုက် ဖျက် ဆီး စဉ်ကာလက နယ်ပယ်နီးစပ်ဖြစ်၍ လာရောက်နေထိုင်ကြသည်အစဖြစ်ကြောင်း ” ဟုရေးသားဖော်ပြထားသည်ကိုတွေ့ရ၏။ ထို့ပြင် အင်းလေးဟဲယာရွာမ ကျောင်းနီကျောင်းတိုက်ဂိုဏ်းအုပ်ဆရာတော်ကြီးဦးသောဘိတ၏ “ အင်းလေးဖောင်တော်ဦးဘုရားသမိုင်းနှင့် ရှမ်းပြည် ရာဇ၀င်အကျဉ်းချုပ် (စာမျက်နှာ ၉၅) တွင်တောင်သူလူမျိုးတို့သည် ညောင်ရွှေမြို့နယ် အတွင်းသို့လာရောက်နေထိုင်ကြသည်မှာ သုဝဏ္ဏဘု မ္မိသထုံ မနူဟာမင်းမြတ်ကို ပုဂံအနော်ရထား မင်းစောက တိုက်ခိုက်၍ မနူဟာဘုရင်မင်းမြတ်စစ်ရှုံးသောအခါ (တောင်သူ) တောခလာသော ကြောင့် တောင်သူလူမျိုးတို့ အနွဲ့အပြားပြန့်ပွား၍ကမ္ဗောဇတွင်နေထိုင်ကြကုန်၏။ ” ဟုဖော်ပြထားသည်ကိုတွေ့ရသေး၏။ ထို့ကြောင့် တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားတို့သည် သထုံပြည်မှထွက်ခွာလာရာတွင် ရှမ်းပြည်တောင်ပိုင်းတွင်ပြောင်းရွှေ့နေထိုင်ခဲ့ကြကြောင်းသိနိုင် ပေသည်။ သထုံပြည်မှ မြန်မာပြည်အထက်ပိုင်းသို့ သာသနာသက္ကရာဇ် ၁၆၀၆ ခု၊ ကောဇာသက္ကရာဇ် ၄၂၄ ခုတွင်ပြောင်းရွှေ့လာခဲ့ကြသည်။ ရှမ်းကုန်ပြင်မြင့်သို့ရောက်လာသူများအနက် မင်းမျိုးမင်းနွယ်ဆွေတော်မျိုးတော်တို့သည် “ လွယ်စန်းရွာ ” သို့ရောက်ရှိသွားကြ၏။ အချို့ သည် ပလောင်နယ်သို့လည်းကောင်း၊ ရသေ့မျိုးတို့သည်ဟိုပုန်းမြို့နယ် “ စောင်းအွန်ရွာ ” သို့လည်းကောင်းရောက်ရှိသွားကြ၏။ စောင်းအွန် ရွာတွင် ရသေ့တို့နေထိုင်ခဲ့သောဂူများယနေ့တိုင်ရှိနေသေး၏။ သထုံပြည်မှ အတူတူထွက်ခွာလာကြသော်လည်း ရှမ်းကုန်ပြင်မြင့်သို့ရောက်သောအခါ တစ်အုပ်စုစီနေထိုင်ခဲ့ကြသည်။ “ လွယ်စန်း” ရွာသို့ရောက်သောအခါ မင်းမျိုးမင်းနွယ်တို့သည် လွယ်စန်း၌မြေသြဇာမကောင်းမွန်သဖြင့် ရေကြည်ရာမြက်နုရာဒေသကို ရွှေ့ပြောင်းရှာဖွေ ကြပြန်ရာ ဆီဆိုင်မြို့သို့ရောက်ရှိလာကြ၏။ ဆီဆိုင်မြို့၌မြေသြဇာကောင်းမွန်သဖြင့် မင်းမျိုးမင်းနွယ်တို့အနက် ခွန်မောင်သာနှင့် ခွန်မောင်နိုင် ဦးစီးပြီး ၎င်းဒေသတွင်အတည်တကျနေထိုင်ခဲ့ကြသည်။ သထုံပြည်ကိုသတိရစေခြင်းငှာ သထုံမြို့ ရွှေစာရံဘုရားအနီးမှယူဆောင်ခဲ့သော မြေကိုးထမ်းနှင့် ရေကိုးထမ်းသယ်ယူလောင်းချ၍ “ သထုံလေး ” ခေါ် ဆီဆိုင်မြို့ကိုတည်ထောင်ခဲ့ကြလေသည်။ (Shan State and Karenni List of Chiefs and Leading Families) စာအုပ်တွင် - “ သထုံ ” သည် အောက်မြန်မာပြည်တွင်နေထိုင်ကြသော တောင်သူလူမျိုးများက ၁၇၈၁ ခုနှစ်တွင် လာရောက်နေထိုင်ခဲ့ကြသည်။ ပြည်နယ်များမပေါ်ခင်ကပင် နေထိုင်ခဲ့ကြသည်။ သို့သော်ယခုအခါတွင်တောင်သူလူမျိုးတို့သည် လူဦးရေအားဖြင့် အတော်များနေလေပြီ။ ယခုအခါ ရှမ်းပြည်နယ်တွင် သထုံ(ဆီဆိုင်) သည် တောင်သူလူမျိုးများ၏ အခြေစိုက်နေထိုင်ရာ ဒေသဖြစ်နေလေပြီ။ သထုံကို ပထမဦးဆုံးအုပ်ချုပ်သည့် အကြီးအကဲမှာ ခွန်စမူဖြစ်သည်။ ခွန်စမူသည် အောက်မြန်မာပြည် သထုံဇာတိဖြစ်၏။ ခွန်စမူသည် အမြော်အမြင်ရှိသူဖြစ်ပြီး တောင်သူလူမျိုးများကို ဦးဆောင်ပြောင်းရွှေ့လာခဲ့သည်။ ၁၇၈၁ ခုနှစ်တွင်သထုံဒေသ၌ ရွာတစ်ရွာ တည်ထောင်၍ အခြေစိုက်နေထိုင်ခဲ့ကြသည်။ ခွန်စမူလက်ထက်တွင် သထုံဒေသကို သူကိုယ်တိုင်အုပ်ချုပ်ခဲ့ပြီး သထုံအမည် (ရှမ်းသထုံ) ကို ဘိုးတော်ဘုရား၏ အမိန့်ဖြင့်ပေးခဲ့သည်။ ခွန်စမူမျိုးဆက်သည် သထုံနယ်ကို ၁၈၃၉ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။ ထို့နောက်ခွန်ကျော်လေးက ဆက်လက်အုပ်ချုပ်ခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ခွန်ကျော်လေး၏ မြေးဖြစ်သူ ခွန်လောလုပ်ကြံခံရသည်။ လူသတ်သမားကို သူ၏ဦးလေးဖြစ်သူ ခွန်မောင်ကလက်ရဖမ်းဆီးခဲ့သည် ဟုဖော်ပြထားလေသည်။ ဆီဆိုင်မြို့ဟု ယနေ့တိုင်ခေါ်ဝေါ်နေခြင်းမှာ ထိုဒေသတွင် သစ်စေးပင်ရှိ၏။ သစ်စေးပင်ကို ပအိုဝ်းတိုင်းရင်းသားတို့က “ သီးပင် ” ဟုခေါ်သည်။ ထိုသစ်စေးပင်တွင် အပေါက်ရှိ၏။ ထိုသစ်စေးပင်၏ အပေါက်တွင် ကျောက်မျက်ရတနာတစ်လုံးကိုတွေ့၏။ ကျောက်မျက်ရတ နာကို ပအိုဝ်းတိုင်းရင်းသားတို့က “ သိင် ” ဟုခေါ်သည်။ ထို့ကြောင့် ထိုဒေသကို “ သိသိင် ” (သစ်စေးပင်ထဲတွင်ကျောက်မျက်ရတနာကို တွေ့သောမြို့) ဟုခေါ်၏။ သစ်စေးပင်ထဲတွင်တွေ့ရှိသော ကျောက်မျက်ရတနာကို ဌာပနာပြီးစေတီတစ်ဆူကိုတည်ထားကိုးကွယ်ခဲ့သည်။ ထိုဒေသကို “ သိသိင် ” ဟုခေါ်တွင်ပြီး အတည်တကျနေထိုင်ခဲ့ကြသည်။ (သ) ကို ပအိုဝ်းတိုင်းရင်းသားတို့က (စ) ဟုဖတ်၏။ ထို့ကြောင့် သိသိင် (စိစိုင်) ဟုခေါ်ရာမှ နောင်သောအခါတွင် ဆီဆိုင်ဟူ၍ ဖြစ်လာလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့က ဆီဆိုင်မြို့ကို “ သထုံပေ ” (သထုံကလေး) ဟုခေါ်ပြီး အောက်မြန်မာပြည်တွင်ရှိသော သုဝဏ္ဏဘုမ္မိသထုံပြည်ကိုမူ “ သထုံတန် ” (သထုံကြီး) ဟု ယနေ့တိုင်ခေါ်ဝေါ်နေ ကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းပြည်နယ်အတွင်းသို့ပုဂံခေတ်လယ်လောက်တွင် ၀င်ရောက်နေထိုင်ခဲ့ဟန်တူ၏။ ယခုအခါရှမ်း ပြည်နယ်တွင် ဒုတိယလူဦးရေအများဆုံးဖြစ်သည်။ ရှမ်းတိုင်းရင်းသားများနှင့် ရင်းနှီးချစ်ကြည်စွာနေထိုင်ဆက်ဆံခဲ့၏။ “ တမူးရလို့ တပဲလှူ၊ ဒို့ရှမ်းတောင်သူ ( ပအိုဝ်း) တူနိုင်ရိုးလား ” ဟုပင် သံချပ်ထိုးသီဆိုခဲ့ကြသည်။ ရှမ်းတိုင်းရင်းသားနှင့် ပအိုဝ်းတိုင်းရင်းသားကိုလူမျိုးတစ်မျိုး တည်းသဖွယ် ပေါင်းစပ်၍ “ ရှမ်းပအိုဝ်း” လူမျိုးဟုပင်ခေါ်ဝေါ်သုံးစွဲလာခဲ့ကြသည်။ ဆီဆိုင်မြို့ကိုတည်ထောင်ခြင်း သထုံကလေးခေါ် ဆီဆိုင်မြို့ကို ပအိုဝ်းတိုင်းရင်းသားတည်ထောင်သည့်အကြောင်းနှင့် ပတ်သက်၍၊ တစ်ခါကဆီဆိုင်မြို့စားဖြစ်ခဲ့ သော စ၀်ခွန်ကြည်၏မှတ်တမ်းမှဖော်ပြလိုပါသည်။ ရှမ်းဘာသာဖြင့် “ ဆထုံး ” ခေါ် မြန်မာဘာသာဖြင့် “ သထုံ ” မည်သောဤသထုံသည်မြန်မာပြည်တနင်္သာရီသထုံမှ ပအိုဝ်းလူမျိုးတို့ သည် အောက်မြန်မာပြည်ရှိ သထုံပြည်ပျက်စီးပြီးနောက် လာရောက်နေထိုင်ကြသော ပထမရပ်ကွက်ဖြစ်သည်။ အောက်မြန်မာပြည်မှ သထုံ ပြည်ကိုအနော်ရထာ မင်းစောတိုက်၍ ပျက်စီးပြီးနောက် နှစ်ပေါင်းမည်မျှကြမှလာရောက်နေထိုင်သည်ကိုကား မှတ်တမ်းများမရှိတော့သည်ဖြစ် ၍ မသိတော့ချေ။ မြန်မာပြည် သထုံမှလာရောက်၍ ရှေးဦးစွာပအိုဝ်းတို့ နေထိုင်ကြသော ကရင်ဘာသာဖြင့် “ ဆရီဒေါ့ ” ခေါ်၊ ယခုလွိုင်ကော်မြို့မှ မြောက် ယခု သထုံ (ဆီဆိုင်မြို့)နှင့် ဘန်းယဉ်နယ်စပ်ထိနှင့် တစ်ဘက်ချောင်းမှ အရှေ့မောက်မယ်နယ်ရှိ တထူးကြီးအနောက်ဘက် တောင်တန်းအတွင်းရှိ ဧရိယာရပ်ကွက်သည် ထိုအခါ၌ကရင်နီနှင့် ရှမ်းတို့၏စပ်ကြားရှိ ကရင်နှင့်ရှမ်းတို့နှစ်ဦးစလုံး လုံခြုံစွာ မနေနိုင်သောမြေ ကွက်ဖြစ်ဟန်တူလေသည်။ အဘယ်ကြောင့်ဆိုသော ရှမ်းနှင့်ကရင်တို့လုံခြုံစွာ မနေ၀ံ့သောမြေကွက်ပမာရှိသော ရပ်ကွက်တွင် ပအိုဝ်းများ လာရောက်နေထိုင်သည့်အခါ ကျမှသာလျှင် ၎င်းလူမျိုးနှစ်မျိုးတို့သည် ခါတိုင်းထက် တိုက်ခိုက်ကြခြင်းနည်းပါးသွားသောကြောင့်ဖြစ်၏။ ထိုအခါယွန်းရှမ်းများသည် ဤသထုံ (ဆီဆိုင်မြို့) မည်သော ဒေသတို့ကို အုပ်စိုးလွှမ်းမိုးလျက်ရှိသည်ဖြစ်၍မြန်မာပိုင်များမဟုတ် သေးချေ။ အောက်မြန်မာပြည်သထုံသို့ မြန်မာမင်းများ ရောက်ရှိသည့်အခါတိုင်းရင်းသားဖြစ်သောလူမျိုးများအကြောင်းကို စစ်ဆေးမေးမြန်း လျှင် မရှိတော့ကြောင်းသိရှိ၍ ယွန်းရှမ်းပိုင်ဖြစ်သော ဤသထုံမမည်သေးသည့် ဤရပ်ကွက်သို့ လူများစေလွှတ်ခေါ်ဆောင်စေသည်။ အကြောင်းမသင့်ကြသဖြင့် အခေါ်လွှတ်သော မင်းစေတို့အားလက်ဆောင်များပေးပြီး “ မတွေ့ဘူး ” ဟုသာမြန်မာဘုရင်ကိုလျှောက်ကြားကြ ရန်မှာကြားပြီး လွတ်လပ်စွာနေထိုင်ခဲ့လေသည်။ ထိုသို့မြန်မာမင်းစေနှင့် တောင်သူလူကြီးများတို့ တွေ့ဆုံစကားပြောကြ၍ “ မတွေ့ဘူး ” ဟုပြောရန် မှာကြားသော နေရာကိုယခု သထုံနယ်အတွင်း ဆီဆိုင်အရှေ့မြောက်ဘက်ရှိ “ တွေ့ပု ” ဆိုသောနေရာသည် အထင်အရှားရှိပါသည်။ ကာလရွှေ့လျောလာ၍ ၎င်းမြန်မာ အခေါ်မှ ပအိုဝ်းအခေါ်သို့ တစ်စတစ်စသက်ပြောင်းလာခြင်းကြောင့်လည်းကောင်း “ တွေ့ဘူး ” ဆိုသောစကားသည် “ တွေ့ပု ” ဖြစ်လာ သည်။ မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ် ရောက်မှသာလျှင်မြန်မာများနှင့် ပအိုဝ်းတို့ဆွေ့ဆုံကြသည်မှ အကျိုးအကြောင်းစိစစ်မေးမြန်းပြီးလျှင် “သထုံ” မည်သော အမည်နာမကိုရရှိလေသည်။ မြန်မာများနှင့် ပအိုဝ်းများတွေ့ဆုံကြသည်မှာ သက္ကရာဇ် ၁၁၄၃ ခုနှစ်ထက်စောဟန်တူသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာမင်းတို့ ယိုးဒယား (ထိုင်း) ကိုချီတက်တိုက်ခိုက်သည်တွင် တစ်စတစ်စနှိမ်နင်းပြီး၊ မြန်မာပြည်နှင့် ယိုးဒယား ပြည်သို့ သွားလာဆက်ဆံကြသည်မှ အစပြု၍တောင်သူတို့၏ အကြောင်းသည် ပေါ်လွင်လာပြီး ၁၁၄၃ ခု၊ ဘိုးတော်ဘုရားလက်ထက်ကျ ရောက်မှ “ သထုံ ” ဟုအမည်ပေး၍ ပထမဦးစွာအသိအမှတ်ပြုခံရသူသည်လည်း၊ “ ခွန်စံဦး ” အမည်ကိုခံယူလေသည်။ ခွန်မှာ “ မင်း ” ဟု အဓိပ္ပာယ်ရ၏။ ခွန်စံဦးအမည်၏အဓိပ္ပာယ်သည် ဦးဦးဖျားဖျား သထုံမည်သောရပ်ကွက်နယ်ပယ်ကို စိုးစံမြန်းသောမင်းဟူ၍ အဓိပ္ပာယ်ပေါက် လေသည်။ ခွန်အိုးသည် ထိုအခါ၌ သီပေါဘုရင်က ခန့်အပ်သောမြို့စားရာထူးကိုရရှိပြီးဖြစ်သည်။ ခွန်အိုးသည် ၁၈၉၆ ခု၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် အနိစ္စရောက်၍၊ ၎င်း၏သားခွန်လောဆက်လက်၍ နယ်ကိုဖွားစားသည်။ ခွန်လောပြီးနောက် ခွန်လောညီ ခွန်စိန်းဆက်ခံဖွားစေ သည်။ ခွန်စိန်းသည် စုန်းမများကိုသတ်ဖြတ်ပြီး အိန္ဒိယတိုင်းသားကုလားတို့ကို နှိပ်စက်ညှဉ်းပန်းသည့်အတွက် မြို့စားရာထူးမှ နုတ်ပယ်ခြင်းခံ ရပြီး၊ ခွန်စိန်း၏သား၊ ခွန်ကြည်က ၁၉၂၉ ခု၊ ဇွန်လ ၁ ရက်နေ့တွင် သထုံနယ်ကို ဆက်ခံလေသည် ဟုရေးသားခဲ့ပေသည်။ စ၀်ခွန်ကြည်၏ မှတ်တမ်းအရမူ ပအိုဝ်းတိုင်းရင်းသားတို့သည် အောက်မြန်မာပြည်သထုံမှနေ၍ ရှမ်းပြည်သို့ပြောင်းရွှေ့နေထိုင်လာခဲ့ ကြသူများဖြစ်ကြောင်းထင်ရှားလေသည်။ ထို့ကြောင့် ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် အနော်ရထာမင်းစောတိုက်သဖြင့်၊ သထုံ ပြည်ပျက်သောအခါ ရှမ်းပြည်တောင်ပိုင်းသို့ အခြေချပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး၊ သထုံကလေးခေါ် ဆီဆိုင်မြို့ကိုတည်ထောင်ခဲ့ကြသည်ဟု ယူဆရန်ရှိပေသည်။ သထုံကလေးခေါ် ဆီဆိုင်မြို့တွင် ပအိုဝ်းတိုင်းရင်းသားတို့၏ အကြီးအကဲများဆယ်နှစ် ဆက်အုပ်ချုပ်ခဲ့ကြသည်။ သူတို့သည် ပအိုဝ်းစစ်စစ်များဖြစ်ကြ၏။ ၎င်းတို့မှာ - (၁) ခွန်မောင်ချုံ (၇) ခွန်ကုံရ (၂) ခွန်မောင်ဖြူ (၈) ခွန်အိုး (၃) ခွန်မောင်သာ (၉) ခွန်လော (၄) ခွန်မောင်နိုင် (၁၀) ခွန်စိန်း (၅) ခွန်မောင်ထိုင် (၁၁) ခွန်ကြည် (၆) ခွန်ပထီ (၁၂) ခွန်ပြာ တို့ဖြစ်ကြသည်။ အချို့က ဤသို့ယူဆပြောဆိုကြသည်။ သထုံပျက်စီးသွားသောအခါ ပအိုဝ်းတိုင်းရင်းသားတို့သည် မနူဟာမင်း၏မြေးများဖြစ်ကြသည့် ခွန်မောင်နိုင်နှင့် ခွန်မောင်သာ ညီအစ်ကိုတို့၏ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ်တက်လာ၏။ ယခုအခါ ပအိုဝ်းတိုင်းရင်းသားများ ရှမ်းပြည်နယ်သို့ရောက်ရှိခဲ့သည်မှ နှစ်ပေါင်း ၉၀၀ ကျော်ပေပြီ။ အစ်ကိုဖြစ်သူ ခွန်မောင်သာသည် သက္ကရာဇ် ၄၂၀ တွင် “ လွယ်ပွတ် ” ရွာကိုတည်၏။ ခွန်မောင်သာသည် သထုံပြည်မှ ယူလာသည့် ရေတစ်မှုတ်နှင့် ပြာတစ်ဆုပ်ကို လွယ်ပွတ်ရွာတွင် ဌာပနာသည်ဟုဆို၏။ ဆီဆိုင်မြို့မှာ အကြီးနှင့်အငယ်ရှိ၏။ ယခုဆီဆိုင်မြိ့မှာ ဆီဆိုင်ငယ်ဖြစ်၏။ ဆီဆိုင်ကြီးမှာ ယခုဆီဆိုင်မြို့၏အရှေ့ဘက် ၂ မိုင်အကွာ တွင်ရှိ၏။ ဆီဆိုင်ကြီကိုယခုအခါ “ ၀ါးတောရွာ ” ဟုခေါ်၏။ ဆီဆိုင်ငယ် “ (ယခုဆီဆိုင်မြို့)” ကို သက္ကရာဇ် ၄၅၈ ခုတွင်တည်၏။ ဆီဆိုင်ဟုခေါ်ရခြင်းအကြောင်းမှာ - မဏိစည်သူမင်း တိုင်းခန်းလှည့်လည်ရာတွင် ဆီဆိုင်နယ်သို့ရောက်ရာ နမ်းကပ်ရွာတွင် စခန်းချ၏။ နမ်းကပ်ရွာတွင်ထူးဆန်းသော ကြက်ဖတစ်ကောင်ရှိ၏။ ထိုကြက်ဖတွန်လျှင် မိုးကြီးရွာ၏။ မိုးချုန်း၏။ မိုးကြိုးပစ်၏။ လေတိုက်၏။ ကြက်ဖပိုင်ရှင်သည် မိမိကြက်ဖမှာ ထူးဆန်း လွန်းသဖြင့် မဏိစည်သူမင်းကိုဆက်ပြီး အကျိုးအကြောင်းလျှောက်၏။ မဏိစည်သူမင်းသည် အကြောင်းစုံသိပြီးသောအခါ ထိုကြက်ဖကို ဟင်းလျာအဖြစ်စီမံရန် ကျေးကျွန်တို့အားစေလိုက်သည်။ ကြက်ဖ ၏ခြေထောက်မှ အတက်ကိုမူသိမ်းထားစေ၏။ ကျေးကျွန်တို့သည် ကြက်ဖကိုသတ်ပြီးသောအခါ မဏိစည်သူမင်းသည် ကျေးကျွန်တို့ကြက်ဖ သတ်သည့်နေရာကို သွားကြည့်တော်မူ၏။ ထိုနေရာသို့ရောက်သောအခါ ကြက်မွှေးနုတ်ရာတွင် ဆွတ်သည့်ရေနွေးရှိနေသေးသည်။ မဏိစည် သူမင်းသည် ထိုရေနွေကို မြေပေါ်သို့သွန်လိုက်ပြီး “ ငါသွန်လိုက်သောရေပူသည် ရေပူသာပြန်ထွက်စေ ” ဟု အဓိဌာန်ပြု၏။ ထို့ကြောင့် ထို နေရာတွင်ယနေ့တိုင် ရေပူစမ်းရှိနေခြင်းဖြစ်သည်ဟုဆိုစမှတ်ပြုကြသည်။ မဏိစည်သူမင်းသည် ကျေးကျွန်တို့ချက်ပြုတ်ပေးသည့် ကြက်သားဟင်းလျာကို ရေပူစမ်းနှင့် တစ်မိုင်ခန့်ဝေးသည့်နေရာတွင် ပွဲတော်တည်ရာ ဟင်းခတ်ရာ၌ ဟင်းဖိတ်သွား၏။ ထိုနေရာကို ယနေ့တိုင် “ ၀မ်ကြတ် ” ဟုခေါ်သည်။ ဟင်းဖိတ်သည့်နေရာဟု အဓိပ္ပာယ်ရ ၏။ ကျေးကျွန်တို့သည် ကြက်သားဟင်းထည့်သည့် ပန်းကန်ကိုအရှေ့တောင်ဘက်သို့ လွှင့်ပစ်လိုက်၏။ ပန်းကန်ကွဲသွားရာ ထိုနေရာကို “၀မ် တက်ရွာ” ဟုခေါ်၏။ ယခုအခါ ရွာမရှိတော့ပေ။ မဏိစည်သူမင်းသည် နမ်းကပ်ရွာတွင် ရွှေတဂူဘုရားကိုတည်ထားတော်မူခဲ့၏။ အပြန်တွင် ရွှေတဂူဘုရား၏အရှေ့မြောက်တွင် ထူးဆန်းသည့်ကြက်ဖ၏ ခြေထောက်ယူထားသော ကြက်အတက်ကို ချိန်ကြည့်တော်မူသည်။ ထိုနေရာကို “ ဆန်းသိင် ” ဟုခေါ်၏။ ကြက်အ တက်ကိုချိန်ပြီးနောက် အရှေ့မြောက်အရပ်သို့ တိုင်းခန်းလှည့်လည်လာရာ ကျောက်နှင့်တူသည့် ကြက်ဖ၏အတက်ကိုသွေးကြည့်သည်။ ထိုနေရာကို “ဆီသိင်” ဟုခေါ်၏။။ ထို့ကြောင့် ယခုဆီဆိုင်မြို့မှာ “ ဆီသိင် ” မှရွေ့လျောသည်ဟု သက်ကြီးရွယ်အိုများထံမှ မှတ်သားခဲ့ရဖူးပါ သည်။ တောင်သူမှပအိုဝ်းသို့ ပအိုဝ်းတိုင်းရင်းသားတို့သည် သထုံပြည်မှနေ၍ ထွက်ခွာလာရာတွင် တောင်အရပ်မှ မြောက်အရပ်သို့ ထွက်ခွာလာခြင်းဖြစ်၍ အခြားတိုင်းရင်းသားများက ပအိုဝ်းတိုင်းရင်းသားတို့ကို “တောင်သူ” ပအိုဝ်းဘာသာစကားနှင့် “တောင်စု” အသံထွက်၏။ အဓိပ္ပာယ်မှာ ရိုးသားခြင်း၊ လူရိုးလူဖြောင့်၊ ရိုးသားဖြောင့်မှန်သူဟူ၍ဖြစ်သည်။ ယင်းကို မြန်မာက “ တောင်သူ ” ဟု “ သ ” သံနှင့် အသံထွက်လိုက်သော ကြောင့် တောင်သူယာခုတ်၊ တောင်သား၊ တောင်သူဆိုသည့်အဓိပ္ပာယ်မျိုးဖြစ်လာသည်။ ပအိုဝ်းဘာသာနှင့် “ ပပေယို တောင်စုမှတောင်စူ ” ဟုပြောလိုက်သည့်အခါ “ ဒီကောင်လေး ရိုးမှရိုး ” ဟူသော အဓိပ္ပာယ်မျိုးဖြင့် ရှေးမြန်မာများက ပအိုဝ်းတိုင်းရင်းသားတို့ကို တောင်စူ (လူရိုး) ရိုးသားဖြောင့်မတ်သူဟု ဆိုလိုသော်လည်း “သ” သံကြောင့် အဓိပ္ပာယ်တစ်မျိုးဖြစ်သွားလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ကိုယ်ကို ပအိုဝ်းဟုခေါ်ဝေါ်ကြခြင်းမှာ ယခုမှသာမဟုတ်ဘဲ လူမျိုးပေါ်ပေါက်လာစကတည်းက ခေါ်ဆိုခဲ့ကြဟန်တူပေသည်။ ပအိုဝ်းဘာသာဖြင့်ရေးထားသော သုဝဏ္ဏပကာသနီကျမ်းတွင် ပအိုဝ်းကို “ပအူ၊ ပအို၊ တောင်သူ ” ဟူ၍ဖော်ပြ ထားလေသည်။ ဦးဘသန်း မြန်မာရာဇ၀င် (စာမျက်နှာ ၂၃) တွင် ဆာဂျွန်ဂျာဒင်း၏ အလိုအရ မွန်လူမျိုးတို့ မြို့ပြတည်ထောင်ရန်အတွက် ရှိနှင့်ပြီး တောင်သူလူမျိုးတို့ကိုနှင်ထုတ်ရသည်။ သထုံမြို့ကား ယခုအခါ တောင်သူလူမျိုးတို့၏ အချက်အချာဖြစ်သည်။ သထုံရွှေစာရံဘုရားကြီးသ မိုင်းတွင် သထုံ၌တောင်သူပအူလူမျိုး မင်းများစိုးစံကြောင်းနှင့် ဆိုသည်” ဟု ရေးသားဖော်ပြထား၏။ မွန်ရာဇ၀င်နှင့်စေတီတော်သမိုင်း ပေါင်းချုပ်တွင်ထည်း သထုံတွင်ခြင်း၏ အကြောင်းကား ယခင်သုဝဏ္ဏဘုမ္မိပြည်ဘွဲ့အမည်မဖြစ်မီက ပြည်စောင့်နတ်၊ မြို့စောင့်နတ်ဟုရှိ၏။ တန်ခိုးဣဒ္ဓိပါတ် မကြီးကျယ်သေး၊ သာမညသာရှိသေးသည်။ နောက်၎င်းသုဝဏ္ဏဘုမ္မိပြည်/တည် ထောင်ဖြစ်ပွား စည်ကားသာယာရှိပြီးမှ ရှေးကထက် သာလွန်၍ပြည်စောင့်နတ်မြို့စောင့်နတ်ဟု ပြည်သူပြည်သားမွန်လူမျိုး၊ ပအူလူမျိုးတို့ အလွန်လိုလား အားစိုက်ကြကုန်၏ ဟုဖော်ပြထားလေသည်။ သက္ကရာဇ် ၅၈၅ ခုနှစ်ထိုး လေးမျက်နှာဘုရားကျောက်စာခေါ် မင်းနန္တသူကျောက်စာ ကြောင်းရေ ၄၃ တွင်လည်း “ ပအိုဝ်း ” ဟူသော စကားကို တွေ့ရှိရ၏။ ဦးဘသန်းမြန်မာရာဇ၀င်နှင့်၊ မွန်ရာဇ၀င်နှင့်စေတီတော်သမိုင်းပေါင်းချုပ်တွင်လည်း “ ပအူ၊ ပအို၊ တောင်သူ ” ဟူ၍ ဖော်ပြထားလေသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားကို ရှေးကပင် “ ပအူ” ဟူ၍လည်းကောင်း၊ “ ပအိုဝ် ” ဟူ၍လည်းကောင်း ခေါ်ခဲ့ကြပေ သည်။ အချို့ကလည်း တောင်သူဆိုသည်မှာ တောင်ယာလုပ်ကိုင်စားသောက်သူကို ခေါ်ကြောင်းဖြင့်လည်း ဆိုကြပါသည်၊ ပညာရှင်များနှင့် သုတေသီများက တောင်ပေါ်တွင်နေသော ကရင်တစ်မျိုးဖြစ်၍တောင်သူဟုခေါ်ကြောင်းဖြင့် ထင်မြင်ချက်ပေးကြသည်။ဥပမာအားဖြင့် ကရင်နီ တို့သည် ကရင်တစ်မျိုးဖြစ်သော်လည်း“ကယား”ဟု ခေါ်သကဲ့သို့ တောင်သူမှာလည်း တောင်ပေါ်တွင်နေသောကရင်တစ်မျိုးဖြစ်၍“တောင်သူ” ဟုခေါ်ကြောင်းဖြင့်ဆိုကြသည်။ အခြားတိုင်းရင်းသားများကလည်း ပအိုဝ်းတိုင်းရင်းသားများကို “တောင်သူ”ဟူ၍ ခေါ်ကြလေသည်။ တောင်သူအခေါ်အဝေါ်နှင့်ပတ် သက်၍ မြန်မာတို့သည် မိမိတို့ထက်တောင်ဘက်ကျသော သထုံနယ်ကုန်းမြေမြင့် ရှမ်းပြည်ဆီသို့ တက်ခဲ့ကြရာ“တောင်လူ”ဟု ခေါ်ရာမှကာလ ရွှေ့လျောလာသည်နှင့်အမျှ“တောင်သူ”ဟူ၍ ပြောင်းလဲလာသည်ဟုလည်း ဆိုကြပေသည်။ သုတေသနသရုပ်ပြ အဘိဓာန်ကလည်းလူမျိုးတစ် ရာ့တစ်ပါးတွင် တစ်မျိုးအပါအ၀င်ဖြစ်ကြောင်း ဖော်ပြနေ၏။ ဇမ္ဗူတံဆိပ်ကျမ်းကလည်း မြန်မာခုနှစ်မျိုးထဲတွင်“သက်နှင့်ရခိုင်နှိုင်းပြိုင်တောင်သူ၊ ပျူကမ်းယံလည်း”“တောင်သူ”လူမျိုးဟူ၍ တွေ့ရ၏။ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့ကိုပုဂံခေတ်ကပင်“ပအူဟူ၍လည်းကောင်း၊တောင်သူဟူ ၍လည်းကောင်း၊ ပအိုဝ်ဟူ၍လည်းကောင်း”ခေါ်ခဲ့ကြကြောင်း ထင်ရှားသည်။ သတင်းထောက်ချစ်လွင်၏“တို့ပြည်ထောင်စု”ဆောင်းပါးတွင် တိုင်းရင်းသားလူမျိုးများအနက် ပအိုဝ်းတိုင်းရင်းသားကို အမှတ်စဉ် ၂၂ တွင်“ပအိုဝ်(တောင်သူ)”ဟု ဖော်ပြထား၏။ စ၀်ခွန်ကြည်၏ မှတ်တမ်းအရလည်း အောက်မြန်မာပြည် သထုံပျက်၍ရှမ်းပြည်သို့ပြောင်းရွှေ့လာ စဉ်ကပင်“တောင်သူ”ဟု ခေါ်ခဲ့ကြောင်း ထင်းရှား၏။ ရှေးစာဟောင်းပေဟောင်းတွင်လည်း “တောင်သူ”ဟုသာအခေါ်များခဲ့ကြ၏။ စ၀်ခွန်ကြည် ၏ ရှမ်းပြည်နယ်အမှားတော်ပုံတွင် “တလိုင်း၊ကရင်၊ တောင်သူ၊ ရခိုင်၊ချင်း၊ကချင်အစရှိသည့် နယ်ပယ်လူမျိုးများကို ” ဟုရေးသားဖော်ပြထား သည်ကို လည်းကောင်း၊ သုဝဏ္ဏသျှံသူဌေးခန်းပျို့(စာ ၅-၆)တွင် “ကုန်သည်တရုတ်။ လယ်လုပ်မရော၊ စကြောမပြွမ်း၊ဂျွမ်းနှင့်တောင်သူ၊လူကား တရိုး၊ သူမြတ်မျိုးကား”ဟု တွေ့ရပြန်သေး၏။ တောင်သူမှာပအိုဝ်းတိုင်းရင်းသားကိုပင်ဆိုလိုပေသည်။ ဤသည်ကိုထောက်လျှင် ပအိုဝ်းတိုင်းရင်းသားတို့သည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် မြန်မာပြည်တွင် တိုင်းရင်းသားလူမျိုးတစ် မျိုးအဖြစ်နေထိုင်ခဲ့သည်။ ယနေ့တိုင် ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်ဘာသာစကားသီးခြားရှိနေပေသည်။ ယခုအခါ တောင်သူဟူသော အမည် နာမတဖြည်းဖြည်းပပျောက်ပြီး “ပအိုဝ်း”ဟူ၍ အသိများကြလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ၄င်းတို့အား တောင်သူဟု ခေါ်ခြင်းထက် ပအိုဝ်းဟုခေါ်ခြင်းကို ပို၍နှစ်သက်ကြသည်။ အဘယ်ကြောင့်ဆိုသော်- (၁) တောင်သူဟူသော် စကားမှာ တောင်ယာလုပ်ငန်းဖြင့် အသက်မွေးသူဟု အဓိပ္ပာယ်၍ တောင်သူလယ်သမားနှင့် တောင်သူလူမျိုးကို မရော ယှက်လိုခြင်း။ (၂) ပအိုဝ်းဘာသာစကားဖြင့် မိမိလူမျိုးအခေါ်အဝေါ်ကို ပိုမိုနှစ်ခြိုက်စွာအသုံးပြုလိုခြင်း၊ (၃) ယခင်အချိန်က တောင်သူလယ်သမားများသည် စာပေမတတ်၊ ဗဟုသုတခေါင်းပါးပြီး ထုံထိုင်းရိုးအသောသူဟု အယူရှိကြသဖြင့် တောင် သူဟု ခေါ်ခြင်းကို မနှစ်လိုခြင်းတို့ဖြစ်လေသည်၊ ထို့ပြင် ရှမ်းပြည်နယ်တွင် ပဒေသရာဇ်စနစ်ထွန်းကားစဉ်က အလုပ်အကျွေးပြုရသော လူတန်း စားအဖြစ်သတ်မှတ်ခံရသောကြောင့် ဖြစ်လေသည်။ အထက်ပါအကြောင်းအချက်များကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည်“တောင်သူ”မှ “ပအိုဝ်း”ဟူ၍ခေါ်ဝေါ်သုံးစွဲရန် ၁၉၄၈ ခုနှစ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့မှ သထုံဦးလှဖေခေါင်းဆောင်သော ပအိုဝ်းလူထု ဆန္ဒပြပွဲကို သထုံမြို့မော်ကျော့ရပ် ရေကျော်ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းတွင် ကျင်းပခဲ့သည်။ ယင်းဆန္ဒပြပွဲမှ ပအိုဝ်းတိုင်းရင်းသားတို့ကို“တောင်သူ”ဟူ၍ ခေါ်ဆိုရာမှ “ပအိုဝ်း”ဟူ၍ပြောင်းလဲခေါ်ဝေါ်ရန် ဆုံး ဖြတ်ခဲ့ကြသည်။ ဤဆုံးဖြတ်ချက်ကို သက်ဆိုင်ရာတို့က အသိအမှတ်ပြုခဲ့လေသည်။ လွတ်လပ်ရေးရပြီးသည့်နောက်တွင် ပအိုဝ်းတိုင်းရင်းသားတို့ကို အခြားတိုင်းရင်းသားများက တဖြည်းဖြည်းအသိများလာ၏ “ပအိုဝ်း” ဟူ၍ သိလာကြသော်လည်း “ပအူ၊ပအို၊ပအို့၊ပအိုဝ့်၊ပအိုဝ်း”စသည်ဖြင့် အမျိုးမျိုးရေးသားခေါ်ဝေါ်နေကြပေသည်၊သို့ရာတွင်“ပအိုဝ်း”နှင့် “ပအိုး” အသံနှစ်မျိုး၏ ကြားအသံသည် တိကျမှန်ကန်ဌာန်ကရိုဏ်း ကျပေသည်။ တိကျမှန်ကန်သေချာသော ပအိုဝ်းအရေးအသားမှာ မရေမရာမသေ မချာဖြစ်နေပေသေး၏၊ ထို့ကြောင့် ၁၉၅၂ ခုနှစ်တွင် တက္ကသိုလ်ပေါင်းစုံ ပအိုဝ်းယဉ်ကျေးမှုမြှင်းတင်ရေးအဖွဲ့က“ပအိုဝ်း”ဟူသော ဝေါဟာရကို သာ ရေးသားခေါ်ဝေါ်ကြရန် အသိအမှတ်ပြု၍ သဘောတူဆုံးဖြတ်ကြလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့ကလည်း မိမိတို့အား “ပအိုဝ်း”ဟု ခေါ်ဝေါ်ရေးသားခြင်းကိုသာ နှစ်သက်ကြလေသည်။
ပအိုဝ်းအမျိုးသားအလံ အလံဟူသည် အလံဟူသည် အကြောင်းမဲ့ပေါ်ပေါက်ခဲ့ကြသည်မဟုတ်ပေ။ အခြေအမြစ်ရှိသော အကြောင်းရင်းခံ တခုခုကိုသော် လည်းကောင်း၊အကျိုးပြုသော ဦးတည်ချက်တစ်ခုခုကိုလည်းကောင်း အခြေခံကြသည်သာဖြစ်သည်။ 
*************************************************************************************************************************************************************************-----------++++++++++++++++++++++++++

---------------------------------------
 
ရင့်ကျက်နက်နဲသော အဓိပ္ပါယ်ကိုဆောင်သည့်အမှတ်အသားတစ်ခုပင်ဖြစ်သည်။ တစ်နည်းအားဖြင့် အလံသည်ရည်ရွယ်ချက်တစ်ခုခု(သို့မဟုတ်) အကြောင်းကိစ္စတစ်ခုခုအတွက် အမှတ်အသား(သို့မဟုတ်) အထိမ်းအမှတ်အဖြစ်အသုံးပြုသော ရောင်စုံခြယ်ပိတ်စမျိုး ဖြစ် သည်။ အလံဟူသောစကားလုံးမှာ လေထဲ၌ လှုပ်ရှားနေသည့်အရာဟူ၍လည်းကောင်း၊မြန်မာအဘိဓာန်ကျမ်းတွင် အလံသည် အရောင်ပုံစံအမျိုးမျိုးရှိ၍ တိုင်၊ တုတ်တံများတွင် တပ်၍လွင့်ထူရသောအ၀တ်(သို့မဟုတ်) စက္ကူဖြင့်ပြုလုပ်ထား သည့်အရာဟူ၍လည်းကောင်းအဓိပ္ပါယ်ဖွင့်ဆိုထားသည်။ အမျိုးသားအလံ(သို့မဟုတ်)နိုင်ငံတော်အလံမှာ နိုင်ငံတစ်နိုင်ငံမှာ လူမျိုးတစ်မျိုးအတွက် အမှတ်အသားကြီးတစ်ခု ဖြစ်သည်။ယခုခေတ်နိုင်ငံတိုင်း၌ရှိသော အမျိုးသားအလံ(သို့မဟုတ်) နိုင်ငံ အသီးသီးသည်မိမိတို့လူမျိုး၏ ဇာတိသွေး ဇာတိမာန်ပြင်းတန်တက်ကြွစေရန်အလို့ငှာ မိမိတို့တိုင်းပြည်နှင့် သက်ဆိုင်ဆီ လျော်စွာ သတ်မှတ်ပြဠာန်းထားသည့်အလံများဖြစ်ကြသည်။ နိုင်ငံတော်အလံသည် သက်ဆိုင်ရာနိုင်ငံ၊နိုင်ငံသူ နိုင်ငံသား၊နိုင်ငံအစိုးရနှင့် ထိုအစိုးရ၏ရည်မှန်းချက်များကို ကိုယ်စားပြုသည်။ နိုင်ငံသူနိုင်ငံသား အများအပြားကမိမိတို့နှင့်သက်ဆိုင်ရာ နိုင်ငံတော်အလံ၏ ဂုဏ်အသရေ မညှိုးရလေ အောင် ကာကွယ်စောင့်ရှောက်ရင်းအသက်စွန်ခဲ့ကြပြီးဖြစ်သည်။ မိမိတို့ နိုင်ငံတော်၏အလံကိုဂုဏ်ပြုရန်၊ လေးစားကြရန်မှာ နိုင်ငံသားတိုင်း၏အရေးသောတာဝန်ရပ်ဖြစ်သည်။အမျိုးသားအလံ၊နိုင်ငံတော်အလံသာမက စစ်တပ်၏အမှတ်အသား တက္ကသိုလ်ကျောင်းများ၏အမှတ်အသား၊ဘုရင်များ၏ အမှတ်အသား၊အယူဝါဒဆိုင်ရာ အမှတ်အသား၊အသင်းအဖွဲ့များဆိုင် ရာ အမှတ်အသား၊အချက်ပြရန် အမှတ်အသားဆိုင်ရာ အလံများစွာရှိကြသည်။ အလံကို တစ်ဦးချင်း၊တစ်ယောက်ချင်း၊ အများစုပေါင်း၍ ဦးတည်ချက်၊ရည်မှန်းချက်၊ အောင်မြင်မူကို အခြေခံ၍အသွင်သဏ္ဍာန်ပုံစံအမျိုးမျိုး ဖော်ဆောင်လေ့ရှိကြ သည်။ ထို့ကြောင့်အလံများတွင်ပါရှိသော အမှတ်အသားများသည် သက်ဆိုင်ရာအဖွဲ့အစည်း၏ လေးနက်သောသရုပ်ဖော် ချက်များပင် ဖြစ်သည်။ နိုင်ငံသားတိုင်း မိမိနိုင်ငံ၊မိမိလူမျိုး၏အလံတော်ကို တွေ့မြင်ရတိုင်းအားမာန်တက်ကြွ၍ နိုင်ငံချစ်စိတ်၊ဇာတိမာန်စိတ်ဓါတ်များ နိုးကြားတက်ကြွလာကြသည်။ အလံများ၏သမိုင်း လူ့ယဉ်ကျေးမူများ စတင်ပေါ်ပေါက်လာစဉ်မှစ၍ ကမ္ဘာအရပ်ရပ်မှာအလံသဘောဆောင်သော အမှတ်အသား အဖြစ်၊ လွှင့်ထူသူတို့၏ ရည်ရွယ်ချက်နှင့်သင့်လျော်သည့် ကျေးငှက်တိရစ္ဆာန်တို့၏ရုပ်တု စသောအရာဝတ္တုများကို အသုံး ပြုခဲ့ကြသည်။ နောင်တွင်အလံကို ပုံပန်းသဏ္ဍာန် အရွယ်အစားအမျိုးမျိုး၊အခေါ်အဝေါ်အသုံးအနှုန်း အဆင့်ဆင့်ပြောင်း လျက်သုံးစွဲလာခဲ့ကြသည်။ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ကြက်လျှာစသည်တို့သည်အလံများ၏ ရှေ့ပြေးဟု ဆိုရပေမည်။ တံခွန်၊ကုက္ကား၊မုလေးပွား၊ ကြက်လျှာများသည် ဂေါတမမြတ်စွားဘုရားလက်ထက်ကပင် စတင်အသုံးပြုခဲ့ကြသည်။ တံခွန်၊ကြက်လျှာတို့ကို အခြေပြု မြစ်ဖျားခံ၍ တစ်စတစ်စဖြင့်မျက်မှောက်ခေတ်အလံများကိုကျယ်ပြန့်စွာ သုံးစွဲလာခဲ့ကြသည်။ ခရစ်မပေါ်မီ အနှစ်(၉၀၀)ခန့်က အာဆီးရီးယားနိုင်ငံ၌ တံခွန်များ စစ်အလံများသုံးစွဲခဲ့ကြပုံကို ထိုခေတ်ကထုလုပ် သော ကျောက်ရုပ်များအိုးခွက်များပေါ်၌ တွေ့မြင်ခဲ့ရသည်။ အလံကို အ၀တ်စဖြင့် ချုပ်လုပ်အသုံးပြုခြင်းကိုရောမတို့ စတင် တီထွင်ခဲ့ကြသည်။ ဥရောပတိုက်နိုင်ငံများ၌ အလံလွှင့်ထူသည့်အလေ့အထကို ဆာရာဆင်လူမျိုးများမှ စတင်ပျံ့နှံသွားခဲ့ သည်ဟုဆိုသည်။ ခရစ်တော်မပေါ်မီ အနှစ်(၃၀၀)ခန့်က ရောမဧကရပ်ဇ်များသုံးသောအလံတော်သည် ယခုခေတ် အလံ တော်များနှင့်နီးစပ်တူညီသည်ဟု ဆိုနိုင်သည်။အရှေ့တိုင်းတွင် အလံကိုရှေးအကျဆုံး အသုံးပြုခဲ့သောနိုင်ငံမှာ တရုတ်နိုင်ငံ နှင့်အိန္ဒိယနိုင်ငံတို့ပင်ဖြစ်သည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ တံခွန်များ၊အလံများ ကိုင်ဆောင်သုံးစွဲသည့် အလေ့အထ သည်။မြန်မာ၊ထိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ပျံ့နှံ့ရောက်ရှိသွားသည်။ မြန်မာနိုင်ငံသမိုင်းဦးခေတ်တွင် အလံနှင့်စပ်လျဉ်း၍ အထောက်အထားများမတွေ့ရှိခဲ့ရသောလည်း သမိုင်း အလယ်ခေတ် သက္ကရာဇ်(၈၄၂)မှ (၈၄၃)ခုနှစ်အထိ စိုးစံခဲ့သော ဒုတိယမင်းခေါင်းလက်ထက်တော်အခါ၌ စတင်တွေ့ ရှိရသည်။ ကုန်းဘောင်ခေတ်မြန်မာမင်းများလက်ထက်တွင် ဘုရင်မင်းမြတ်ကို ကိုယ်စားပြုသော(သို့မဟုတ်)နိုင်ငံတော် ကိုကိုယ်စားပြုသော အလံတော်အဖြစ် ဒေါင်းအလံကိ သတ်မှတ်ထားရှိကြောင်း တွေ့ရှိရသည်။မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ဒေါင်းအလံကို မြန်မာနိုင်ငံတော်အလံအဖြစ် အသုံးပြုခဲ့ကြောင်းတွေ့ရှိရသည်။ ကုန်းဘောင်မင်းဆက် နောက်ဆုံးတိုင်အောင်ဒေါင်းအလံကိုမြန်မာအမျိုးသားအလံအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံတော်အလံအဖြစ်လည်း ကောင်းသတ်မှတ်ခဲ့ကြောင်း ပေါ်လွင်သည်။ ၁၉၃၀-ပြည့်နှစ်၊ဆရာစံလယ်သမားအရေးတော်ပုံအလံတွင် ကြက်လျှာစွန်း အလံ၊ဖြေူရောင်တွင်နဂါးကိုဂဠုန်သုတ်ဟန်ရေးဆွဲ၍ အသုံးပြုခဲ့သည်။ ၁၉၃၈-ခုနှစ်၊ မတ်လတွင် ပြည်မြို့၌ကျင်းပပြုလုပ်သော တို့ဗမာအစည်းအရုံး တတိယညီလာခံအစည်းဝေးတွင် သုံးရောင်ခြယ် အလံ၏အလယ်၌ဒေါင်းရုပ်အလံ အလုပ်သမားနှင့်တောင်သူလယ်သမားလူတန်းစားကိုအခြေခံသော တံစဉ်အမှတ်အသားကိုပြောင်းလဲသတ်မှတ် အသုံးပြုခဲ့ကြောင်း သိရသည်။ ၁၉၃၆-ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော မြန်မာနိုင်ငံကိုလိုနီဥပဒေပြုလုပ်လွတ်တော်တွင် အင်္ဂလိပ်ဘုရင်မင်းမြတ်၏သဘောတူညီချက်အရ မြန်မာနိုင်ငံအတွက် မြန်မာဘုရင်ခံက သတ်မှတ်ပေးခဲ့သည့် အလံ၏အရောင်မှာ အပြာရောင်ဖြစ်ပြီး၊အပြာရောင်၏အဖျား၌ စက်ဝိုင်းအတွင်း ဆေးရောင်ခြယ်ထားသောဒေါင်းရုပ်ကို ထည့်ပေးထားသည်။ တိုင်ရင်းဘက်အထက်ထောင့်တွင် ဗြိတိသျှယူနီယံဂျက်အလံ အမှတ်အသားပါရှိသောအလံကိုသတ်မှတ်ပေးခဲ့သည်။ ဂျပန်ခေတ် ဘီအိုင်အေအလံ၌အလယ်စက်ဝိုင်းအဖြူတွင်းက ဒေါင်းသဏ္ဍာန်ပါ အ၀ါ၊အစိမ်း၊အနီသုံးရောင်ခြယ် အလံကို အမျိုးသားအလံအဖြစ် အသုံးပြုခဲ့ကြသည်။ ၁၉၄၂-ခုနှစ်၊ဘီဒီအေအလံကိုလည်း အဆိုပါအလံကိုပင် အနည်းငယ် ပြောင်းလဲ၍ ဆက်အသုံးပြုခဲ့သည်။ ၁၉၄၅-ခုနှစ်၊မတ်လ(၂၇)ရက် ဂျပန်တော်လှန်ရေးတွင် အလံတော်ကို အနီရောင် အောက်ခံထား၍ တိုင်ရင်းဘက်တွင်ကြယ်ဖြူတစ်ပွင့်ပါရှိသော အလံတော်ကို အသုံးပြုခဲ့သည်။ ဂျပန်တော်လှန်ရေးအပြီးအ သစ်ပြန်လည်ဖွဲ့စည်းသော(ဖဆပလ)အဖွဲ့၏အလံကိုလည်းတော်လှန်ရေးတွင် အောင်ပွဲရခဲ့သောအလံတော်ကိုပင် ဆက်လက်၍အသုံးပြုခဲ့ကြသည်။ ၁၉၄၇-ခုနှစ်ပြည်ထောင်စု မြန်မာနိုင်ငံတော်တိုင်းပြုပြည်ပြုလွတ်တော်မှ ရွေးကောက် တင်မြှောက်ပြီး တိုင်းပြုပြည်ပြုလွတ်တော်မှ ပြည်ထောင်စု မြန်မာနိုင်ငံအလံ၊အထိမ်းအမှတ်သီချင်းနှင့်မြို့တော်ကို ၁၉၄၇- ခုနှစ်၊စက်တင်ဘာလ (၂၄)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒေ၌ ထည့်သွင်းရေးဆွဲ အတည်ပြုပေးခဲ့သည်။ ပအိုဝ်းတိုင်းရင်းသားများ ပထမဦးဆုံး အသုံးပြုခဲ့သောအလံမှာ ၁၉၂၈-ခုနှစ်၊ဖြားတန်ကောင်ခယ်ဦးဆောင်သော ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးအလံဖြစ်သည်။ ၄င်းအလံသည် အလျား(၉)ပေ၊ အနံ(၅)ပေရှိသော အစိမ်းရောင် ဖြစ်သည်အစိမ်းရောင်၏အလယ်ဗဟိုတည့်တည့်တွင် အဖြူရောင်စက်ဝိုင်း ပါရှိသည်။ အဖြူရောင်စက်ဝိုင်းအတွင်းတွင် တိုင် ရင်းဘက်သို့မျက်နှာမူထားသော ထိုင်နေသည့်ခြင်္သေ့ပုံပါရှိသည်။ အစိမ်းရောင်၏အဓိပ္ပါယ်မှာ နုပျိုလန်းဆန်းခြင်း၊ပေါ့ပါး သွက်လက်ရွှင်းလန်းခြင်းနှင့် အေးချမ်းသာယာခြင်းကိုဖော်ဆောင်သည်။ အဖြူရောင်သည် ဖြူစင်သန့်ရှင်းခြင်း၊ကျစ်လစ် သိမ်မွေ့နူးညံ့ခြင်းနှင့် အေးချမ်းသာယာတည်ငြိမ်သောသဘောကိုဆောင်ပါသည်။ ခြင်္သေ့သည်ခွန်အားကြီးမား၍ လျင်မြန် သွတ်လက်ပေါ့ပါးစွာလှုပ်ရှားနိုင်သောအစွမ်းရှိသည်။ ဒုတိယကမ္ဘာစစ်အပြီး အာရှနိုင်ငံများ ကိုလိုနီလက်အောက်မှလွတ်မြောက်ရန် အမျိုးသားလှုပ်ရှားမူများစတင်ကြိုး ပမ်းလာခဲ့ကြသည်။ မြန်မာနိုင်ငံသည်လည်းဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ လွတ်လပ်ရေး ရရှိရန်အပူတပြင်းကြိုးပမ်းလာ ခဲ့ကြသည်။ ၁၉၄၇-ခုနှစ်တွင် ဒုတိယ ပင်လုံညီလာခံကျင်းပနိုင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကိုအတူတကွရယူရန်တောင်တန်း ဒေသတိုင်းရင်းသားများနှင့် သဘောတူညီမူရရှိခဲ့သည်။ ရှမ်းပြည်နယ် ပြည်သူ့လွတ်လပ်ရေးဖွဲ့နှင့်အတူ ပအိုဝ်းလူငယ်များ ပါဝင်လှုပ်ရှားခဲ့ကြသည်။ ၁၉၄၇-ခုနှစ်တွင် တောင်ကြီးဒေသ၊ဟိုပုံးဒေသ၊လွိုင်လင်ဒေသနှင့် ဆီဆိုင်ဒေသအတွင်း ပအိုဝ်း အမျိုးသားများကိုစတင်ည်းရုံးခဲ့ကြသည်။ ၁၉၄၇-ခုနှစ်တွင် ပအိုဝ်းအမျိုးသားကိုယ်စားပြု ပအိုဝ်းလွောင်းဗူး(ခေါ်) ပအိုဝ်းစု စည်းအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ပအိုဝ်းလွောင်းဗူး ဥက္ကဌအဖြစ်ဦးဘိုးခင်းအားလည်းကောင်း၊အတွင်းရေးမှူးအဖြစ် ဦခမ်းခိုင်အားလည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ပအိုဝ်းအမျိုးသားကိုယ်စားပြု ပအိုဝ်းလွောင်းဗူး(ခေါ်) ပအိုဝ်းစုစည်းအဖွဲ့၏အလံမှာ အလျား(၉)ပေ၊အနံ(၅)ပေရှိ အစိမ်းရောင်ဖြစ်ပြီး အစိမ်းရောင်၏အလယ်ဗဟိုတည့်တည့်တွင် အဖြူရောင်စက်ဝိုင်းပါရှိသည်။ အဖြူရောင်စက်ဝိုင်း၏အ လယ်တွင် ယခင်အသုံးပြုခဲ့သောခြင်္သေ့အစား ဒေါင်းပုံကို အသုံးပြုခဲ့သည်။၁၉၅၀-ပြည့်နှစ်တွင် ပအိုဝ်းလွောင်းဗူး(ခေါ်) ပအိုဝ်းစုစည်းအဖွဲ့အစား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အတိုကောက်အားဖြင့်(ပအမဖ)ကို အမည်ပြောင်းလဲ၍ အသစ်ထပ်မံ ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)၏ ဥက္ကဌဗိုလ်ဟိန်မောင်အားလည်းကောင်း၊အတွင်းရေး မှူးအဖြစ်ဦးဖေရှင်အားလည်းကောင်း ရွေးချယ်တင်မြှောက်တာဝန်ပေးအပ်ခဲ့ကြသည်။ ၁၉၅၀-ခုနှစ်မှစ၍ပြည်ထောင်စု အမျိုးသားအဖွဲ့ချုပ်(ပအမဖ) အမူဆောင်များနှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင် ကြီးများမှ အသင်းအဖွဲ့တစ်ခုတွင် မရှိမဖြစ်အထူးလိုအပ်လှသော ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)ဖွဲ့စည်း ပုံ အခြေခံစည်းမျဉ်းဥပဒေကိုပြုစုရေးဆွဲခဲ့ကြပါသည်။ အဆိုပါဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ဥပဒေတွင် နိဒိန်း၊အခန်း(၈)နှင့် နိဂုံးဟူ၍ ပါရှိခဲ့သည်။ အခန်း(၁) အပိုဒ်(၃)တွင် အလံတော်၏ အချိုးမှာအလျား(၉)ပေ၊အနံ(၅)ပေ အချိုးဖြစ်၍ အလံတော် ၏ထက်ဝက်(၂ပေ၊ ၆လက်မ)၊အောက်ခံသည်အစိမ်းရင့်ရောင်ဖြစ်သည်။ တိုင်ရင်းဘက် အပြာရင့်ရောင်၏အလျား (၄ပေ၊၆လက်မ) အနံ(၂ပေ၊၆လက်မ)၊ အဖျားဘက် အနီရောင်၏ အလျား(၄ပေ၊၆လက်မ)၊အနံ( ၂ပေ၊၆လက်မ) ရှိရမည်။ အပြာရင့်ရောင်၏အထက်ထောင့်စွန်းတွင် အချင်း(၁၈)လက်မ ကြယ်ဖြူကြီးတစ်လုံးပါရိရမည်။ဤအလံတော် မှာ ယာယီသတ်မှတ်ချက်ဖြစ်သည်ဟူ၍ ဖော်ပြရှိခဲ့သည်။ ပအိုဝ်းအမျိုးသားအလံတော်ပါကြယ်နှင့်အရောင်များ၏အနက်အဓိပ္ပါယ်ဖော်ညွန်းချက်များမှာ ကြယ်၏အဓိပ္ပါယ် မှာကြယ်တို့မည်သည်လမ်းခရီးတွင်ရပ်တံ့ခြင်းမရှိ၊သွားမြဲခရီးကို မစွန့်၊ခရီးစဉ်အတိုင်းရှေ့သို့သာ ဆက်၍ခရီးနှင့်လေ့ရှိခြင်း၊ ကမ္ဘာကြီးဖြစ်တည်ခဲ့သည့်အချိန်မှစ၍လွတ်လွတ်လပ်လပ်ကိုယ်ပိုင်သီးသန့်အလင်းရောင်ရှိခြင်းစသည့် အရည်အသွေး များရှိသည့်အပြင် ပအိုဝ်းမျိုးနွယ်စုအားလုံးကို ကိုယ်စားပြု၍တစ်လုံးတည်းသောကြယ်ကိုသတ်မှတ်ရခြင်းဖြစ်သည်။ အစိမ်း ရင့်ရောင်သည်နုပျိုလန်းဆန်းခြင်း၊ပေါ့ပါးသွက်လက်ခြင်း၊ရွှင်ရွှင်လန်းလန်းရှိခြင်းအဓိပ္ပါယ်ကိုဆောင်သည်။ အနီရောင်သည် ရဲရင့်ခြင်း၊ပြတ်သားခြင်း၊သွက်လက်ဖျက်လတ်ခြင်းအဓိပ္ပါယ်ဆောင်သည်။အပြာရင့်ရောင်သည်အိနြေ္ဒရှိခြင်း၊သိက္ခာရှိခြင်း၊ ယုံကြည်စိတ်ချရခြင်း၊အဓိပ္ပါယ်ဆောင်သည်။ အလံ၏အရွယ်များမှာ ကြီးငယ်မဟူထိုအမျိုးအစားအတိုင်းကိုက်ညီနိုင်သမျှ ကိုက်ညီရမည်ဖြစ်သည်။ အထက်ပါ ပအိုဝ်းအလံတော်ကို ၁၉၅၅-ခုနှစ်၊ဇန်န၀ါရီလ (၅)ရက်နေ့နှင့် (၆)ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သောပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)ညီလာခံမှအတည်ပြုကြောင်းဆုံးဖြတ်ခဲ့ပါသည်။ အလံပါကြယ်နှင့်အရောင်များ၏ ဖွင့်ဆိုချက်များ (က) ကြယ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက် နိုင်ငံတိုင်း၊လူမျိုးတိုင်း၏ အများစုသည် ကြယ်သင်္ကေတကို အများဆုံးအသုံးပြုလေ့ရှိကြောင်း တွေ့ရှိရပါသည်။ မြန်မာအဘိဓာန်ကျမ်းစာအုပ်တွင်ကြယ်ကိုအဓိပ္ပါယ်ဖွင့်ဆိုထားသည်မှာ ညအခါ၌ ကောင်းကင်တွင်အလင်းရောင် အပွင့် ကလေးများသဖွယ်မြင်ရသောကောင်းကင်ဗိမာန် နက္ခတ်တာရာဟု ဖော်ပြထားသည်။ကြယ်တို့သည် အေးမြသော အလင်းရောင်ကိုပေးသည်ဟု လူသားတို့ထင်မှတ်ကြသည်။ အမှန်မှာကြယ်များသည်လည်း နေကဲ့သို့အလင်းရော အပူပါ လွှတ်ပေးလျှက်ရှိသည်။နေတွင်ရှိသော ဓာတ်သဘာဝအားလုံးကြယ်တွင်ရှိသည်။အချို့သောကြယ်များသည်နေထက် အဆပေါင်းများစွာကြီးသကဲ့သို့နေထက်အဆပေါင်းများစွာပိုမို၍တောက်ပကြသည်။ အားကောင်းသောမှန်ပြောင်းများဖြင့် ကြည့်လျှင်ကြယ်ပေါင်းသိန်းတစ်ထောင်ခန့်ကိုမြင်နိုင်သည်။ ကိုယ်ပိုင်အလင်းရောင်ရှိသောကြယ်ပေါင်းများစွာရှိသကဲ့သို့ ကိုယ်ပိုင်အလင်းရောင်မရှိသောကြယ်ပေါင်းများစွာလည်းရှိသည်။ အလံများတွင် ကြယ်ဖြင့်အမှတ်အသားပြု၍ဖော်ပြရခြင်းမှာကြယ်တို့မည်သည်လမ်းခရီးတွင်ရပ်တံ့ခြင်းမရှိ၊သွားမြဲ ခရီးကို အစွန့်ပစ်ခရီးစဉ်အတိုင်းနောက်တွန့်သည်မရှိဘဲ ရှေ့သို့သာဆက်၍ဆက်၍ ခရီးနှင်လေ့ရှိခြင်း၊ကမ္ဘာဖြစ်တည် ခဲ့သည့်အချိန်မှစ၍လွတ်လွတ်လပ်လပ်ကိုယ်ပိုင်သီးသန့်အလင်းရောင်ဖြင့်တည်ရှိခဲ့ခြင်းစသော ဂုဏ်၊အရည်အသွေး များရှိခြင်းကြောင့်ပင်ဖြစ်သည်။ (ခ) အဖြူရောင် အဓိပ္ပါယ်ဖွင့်ဆိုချက် အဖြူရောင်သည်လမင်း၏အရောင်ဖြစ်၍အေးချမ်းမူကို ဖြစ်စေသည်။ ဖြူစင်သန့်ရှင်းခြင်း၊ကျစ်လစ်သိပ်သည်းခြင်း၊ သိပ်မွေ့နူးညံ့ခြင်းစသည့်အေးချမ်းသာယာတည်ငြိမ်သောသဘောကိုဆောင်သည်။စည်းကမ်းရှိသော၊စည်းစနစ်ရှိသော၊ အစိမ်းသတ္တိရှိသည်။ ကျန်းမာရေးကို အထောက်အကူပြုသော သဘောကိုဆောင်သည်။ဆေးရုံများတွင် လူနာကုတင် ၊အိပ်ယာခင်း၊ခေါင်းအုံးစွပ်၊ခန်းစည်းနှင့်ဆရာဝန်ဝတ်စုံများသည်အဖြူရောင်ကိုသာ အသုံးပြုကြသည်။ အဖြူရောင်ကို မကျန်းမာသူလူမမာတွေ့လိုက်ရရုံဖြင့် စိတ်ချမ်းသာပြီးရောဂါသက်သာစေ၍ သောက၊ဒုက္ခများပြောပျောက်စေသည်။ ခေါင်းအုံးစွပ်ဖြူဖြူဖြင့် အိပ်စက်လျှင် အိပ်မက်လိုလိုမက်တတ်သည်။ အရောင်တောက်ပသောခေါင်းအုံးစွပ်များနှင့် အိပ်စက်လျှင်အိပ်မက်ဆိုးများမက်တတ်သည်။ (ဂ) အနီရောင် အဓိပ္ပါယ်ဖွင့်ဆိုချက် အနီရောင်၏အဓိပ္ပါယ်သည် ရဲရင့်ခြင်း၊သွက်လက်ဖျက်လတ်ခြင်း၊ခြေမြန်လက်မြန်ရှိခြင်း၊ပြိုင်ဘက်အပေါ်အနိုင် ရလိုမူစိတ်ဓာတ် ပြင်းထန်ခြင်း၊သူရဲကောင်းဆန်ခြင်း၊စိတ်ဓာတ်ကိုတက်ကြွအောင်လှုံ့ဆော်ပေးခြင်း၊စိတ်ဓါတ်ပျော့ညံ့သူကို စိတ်ဓါတ်ကြွစေခြင်း စသောသဘောများဆောင်သည်။ အားကစားသမားများ အနီရောင်ဝတ်စုံ ၀တ်ကစားလျှင်စွမ်းအင်များ အလိုလိုပြည့်ဝတိုးတက်ပြီး အနိုင်ရလိုစိတ်ပြင်းထန်တတ်ကြသည်။အနီရောင်ကိုကြိုက်နှစ်သက်သောလူများသည် ရဲစွမ်းသတ္တိရှိသူ၊နိုးကြားတက်ကြွလှုပ်ရှားလိုသူ၊အတိုက်အခိုက် ၀ါသနာပါသူ၊ဆွဲဆောင်စည်းရုံး တတ်သူများ ဖြစ်တတ်ကြသည်။ (ဃ) အပြာရောင် အဓိပ္ပါယ်ဖွင့်ဆိုချက် အပြာရောင်၏အဓိပ္ပါယ်သည် အိနြေ္ဒရှိခြင်း၊သိက္ခာရှိခြင်း၊ယုံကြည်စိတ်ချရခြင်း စသောအရည်အချင်းများရှိသည်။ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမူကိုဖြစ်စေပြီးစိတ်ပြေပျောက်မူအသွင်ကိုဖန်တီးပေးနိုင်သည်။ အသက်ရှင်သန်မူ ကိုအားပေးနိုင်စွမ်းရှိသည်။ အောင်မြင်မူရလိုလျှင် အပြာရောင်ကိုအသုံးပြုလေ့ရှိကြသည်။ တစ်နည်းအားဖြင့် အပြာရောင် သည် ခံစားထိခိုက်လွယ်သော၊အေးချမ်းစွာနေလိုသော၊ ပျော်ရွှင်မူကို မက်မောတတ်သော၊ခံစားမူများကိုထိန်းချုပ်နိုင်သော သဘောလည်းရှိသည်။ ထို့ကြောင့်အပြာရောင် ကိုကြိုက်နှစ်သက်သူများသည် နူးညံ့ပျော့ပြောင်းသော နှလုံးသားရှိသူ သူတစ်ပါး၏မေတ္တာကို ခံယူလိုသူ၊မေတ္တာထားတတ်သူဖြစ်သကဲ့သို့ မိခင်စိတ်ရှိသူ၊အပြစ်ကင်းကင်းနေလိုသူများလည်း ဖြစ်တတ်ကြသည်။ (င) အစိမ်းရောင် အဓိပ္ပါယ်ဖွင့်ဆိုချက် အစိမ်းရောင်၏အဓိပ္ပါယ်သည် နုပျိုလန်းဆန်းခြင်း၊ပေါ့ပါးသွက်လက်ခြင်း၊ရွှင်ရွှင်လန်းလန်းဖြစ်စေခြင်း၊အိုမင်း ရင့်ရော်ခြင်းကိုတိုက်ဖျက်ခြင်း သဘောရှိသည့်အပြင်သစ္စာရှိသော၊ကတိတည်သော၊ကြင်နာဂရုဏာတရားကြီးမားသော၊ သူတစ်ပါးကို ကူညီတတ်သော ချိုသာရည်မွန်သောသဘောများကို ဆောင်ပါသည်။ အစိမ်းရောင်သည် ကြည်လင်အေးချမ်း သောသဘောရှိသဖြင့်လယ်ကွင်းပြင်စိမ်းကို ကြည့်ရှုရခြင်းသည်ခြောက်သွေ့နေသော ကန္တာရကို ကြည့်ရှုရခြင်းထက် စိတ်ချမ်းသာမူ၊အေးချမ်းသာယာပျော်ရွှင်မူကို ပို၍ဖြစ်စေသည်။ နိုင်ငံတကာဆေးရုံများ၏ လူနာခြုံစောင်များ၏အရောင်မှာ အစိမ်းရောင်ကိုအသုံးပြုလေ့ရှိကြသည်။ လေအေးပေးစက်တပ်ဆင်ထားသောအခန်းကို အနီရောင်ဆေးသုတ်ပေးခြင်း ထက် အစိမ်းရောင်သုတ်ပေးခြင်းက အအေးဓာတ်ပိုစေနိုင်ပါသည်။ အစိမ်းရောင်ကိုကြိုက်နှစ်သက်တတ်သူသည် အပူအပင်မရှိ၊စိတ်ကူးယဉ်တတ်သူ ဖြစ်လေ့ရှိကြသည်။

วันอังคารที่ 7 พฤศจิกายน พ.ศ. 2560

ကူးယူမျှဝေပါသည်******

ရှာဖွေလေ့လာစာအုပ်ကမာ



ကုသိုလ်တော် ဘလော့ဂ်မှ စာအုပ်များ (စတုတ္ထပိုင်း)
*************************************
ကုသိုလ်တော် ဘလော့ဂ်မှ စာအုပ်များ တတိယပိုင်းကို Facebook community team ကနေ spam ပါတယ်ဆိုပြီး ဖြုတ်ချပစ်လိုက်ပါတယ်။ တပိုင်းဘက်ပဲ့နေရင် နားလည်ပေးကြပါခင်ဗျ။ ကနေ့ စတုတ္ထပိုင်း ဆက်ပါ့မယ်။ တတိယပိုင်းကိုလည်း စိစစ်ပြီး ပြန်တင်နိုင်အောင် ကြိုးစားပါ့မယ်။
နိုင်ငံရေး စာအုပ်များ
အံ့မောင် - လက်ပံတောင်းတောင်အရေးအခင်းhttps://docs.google.com/open?id=0ByoybHO2EueJQ09TWVNKNHlZTkk 11.3.2013 လက်ပံတောင်းအစီရင်ခံစာ https://docs.google.com/open?id=0B9UcDHcVpAz6cUtsWGlnWWYxcUU မြောက်ပိုင်းဒေသမှအရိုးတွန်သံများ https://docs.google.com/open?id=0B9UcDHcVpAz6NHE2Z1c4cWtheFk မိုးတိမ် – သေ့ဘောဘိုးစခန်းဖြစ်ရပ်မှန်များ https://docs.google.com/open?id=0B9UcDHcVpAz6cDFreEIwN1lERW8 ဒီပဲယင်းအရေးအခင်းကြိုတင်ကြံစည်မှုများ https://docs.google.com/open?id=0B9UcDHcVpAz6Q1pEeVp6WTN5dWc ဂါမဏိ – ယမမင်းဥယျာဉ်သို့အလည်ရောက်ခြင်း https://docs.google.com/open?id=0B674PBCHce-mMk9XNzBUU3kzaTQ ဇေယျသူ – ဗိုလ်ချုပ်နှင့်ခေါင်းဆောင်မှုရှာပုံတော် https://docs.google.com/open?id=0B9UcDHcVpAz6SjBJVFpFdE9fS00 မောင်မောင် – ခေတ်သစ်ဟင်္သာကိုးသောင်း https://docs.google.com/open?id=0B9UcDHcVpAz6SUxRRzhzSHY2V0k လီနင် – သပိတ်တိုက်ပွဲhttps://docs.google.com/open?id=0ByoybHO2EueJZXA0V2VTRjB1YUE အကြမ်းမဖက်တိုက်ပွဲhttps://docs.google.com/open?id=0B674PBCHce-mdEZPNDNHUFZzOVE အောင်ဝေး – ကိုဗဟိန်းမှသည်ကျော်ကိုကိုသို့https://docs.google.com/open?id=0B7HZIUBvCH1EUndrWVMzZHZ2V2c မြန်မာကျူးပစ် – နိုင်ငံရေးဟာသများ https://docs.google.com/open?id=0B674PBCHce-mLWdqb2NMOGZSVm8 ကြာဦးဖြူ – ရခိုင်ရိုးမမှာဘ၀တကွေ့https://docs.google.com/open?id=0B674PBCHce-mdERER3RWb1U2ekU တိုက်ပွဲဝင်ရဲဘော်တစ်ဦး – စစ်အစိုးရအသက်ရှည်နေသရွေ့ https://docs.google.com/open?id=0B674PBCHce-mTnJSS0FlM3FXUmM နေလင်း – လူသင်္ချိုင်းhttps://docs.google.com/open?id=0B674PBCHce-mNnoyS2w1SVJieW8 ပြည်ခိုင်ဖြိုး https://docs.google.com/open?id=0B674PBCHce-mQkRKSmpPcXZMOGc ခြောက်တိုက်မှာလောက်ကိုက် https://docs.google.com/open?id=0B674PBCHce-mVW5EMWhEVUcxNm8 ဗိုလ်ထက်မင်း – တပ်မတော်အရာရှိတစ်ဦး၏တင်ပြချက် https://docs.google.com/open?id=0B674PBCHce-mMmdGZlhrQi1BZTg ၀င်းထွန်း – ဒါဗမာပြည်https://docs.google.com/open?id=0B674PBCHce-ma05zSlZ4OTNBekU (သခင်)သန်းထွန်း – ဖက်ဆစ်ကျွန်ဘ၀မှလွတ်လပ်ရေးသို့ https://docs.google.com/open?id=0B674PBCHce-mWDdvQTZYTVNfQnc ကိုလိုနီခေတ်သမိုင်း ၈၆ – ၄၂https://docs.google.com/open?id=0B674PBCHce-md2w0LXI2XzlWWFE ကိုလိုနီခေတ်သမိုင်း ၄၂ – ၄၅https://docs.google.com/open?id=0B674PBCHce-mMDlJOC1fREw5OWc လွတ်လပ်ရေးကြိုးပမ်းမှုမြန်မာ့သမိုင်း ( ၄၅ -၄၈ )https://docs.google.com/open?id=0B674PBCHce-mZEUzVVFvMVR5RXc မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထူးခြားချက်များ ၁၉၈၇ – ၂၀၀၂ https://docs.google.com/open?id=0B674PBCHce-mOHJFNFBsTGY0Vm8 မြန်မာနိုင်ငံရာဇသတ်ကြီးhttps://docs.google.com/open?id=0B9UcDHcVpAz6VkNMVnZCSEo2SGM ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ၂၀၀၈ https://docs.google.com/open?id=0B7HZIUBvCH1EZ1dGMUlxM0tSeW8 ထောက်လှမ်းရေးအရာရှိဟောင်းဒုဗိုလ်မှူးကြီးကြည်ဆွေ – ခေါင်းဆောင်ကြီးတို့အတွင်းရေးhttps://docs.google.com/open?id=0B674PBCHce-mQ1VHdGhLOFZTUnM ဦးဘသိန်း – ပြည်ထောင်စုမြန်မာနိုင်ငံအကြောင်းhttps://docs.google.com/open?id=0B674PBCHce-mYUQ3cUZKdEZndHc ဦးပုကလေး – ငါတို့ဗိုလ်ချုပ်ဘာလုပ်ခဲ့သလဲhttps://docs.google.com/open?id=0B674PBCHce-mR3pQSnpQYk42djg ဦးပညာ – ကရင်အမျိုးသားသမိုင်းhttps://docs.google.com/open?id=0B674PBCHce-mZmFwWkRXYTVtYmc ဦးဖိုးကျား – သီပေါမင်းပါတော်မူအရေးတော်ပုံhttps://docs.google.com/open?id=0B674PBCHce-malJRYjBhUHk4eVE သုတေသီမြင့်ထွန်း – ဗိုလ်ချုပ်အောင်ဆန်း၏အမွိုင်သို့ခရီး https://docs.google.com/open?id=0B674PBCHce-mdXJVSTNMUmw2VUk ဒုဗိုလ်မှူးကြီးလှမင်း – မြန်မာနိုင်ငံhttps://docs.google.com/open?id=0B674PBCHce-mRUtSNTEzRTR4akE https://docs.google.com/open?id=0ByoybHO2EueJazdqMkFhMzg2SkE
စလေ ငနော့ (ကျော်ဇင်လတ်)
*********************************************
-------------------------------------------------------------------------------------
****************************************************
လာရောက်---ဖတ်ရှုကျသော--မိတ်ဆွေများအားလုံးကို အထူးကဲကျေးဇူတင်ပါတယ်--ဇူလိုင်မင်းဝေ
****************************************************************************************************

วันพุธที่ 19 เมษายน พ.ศ. 2560

Myanmar Keyboard Guides
(မြန်​မာလက်​ကွက်​များ)
~~~~~~~~~~~~~~~~~~~~
အစိုးရုံးသမားများအတွက်​ Myanmar 3 ပါ ထည့်​​ပေးထားပါတယ်​။ 
အသုံးလိုမယ်​ထင်​ရင်​ share ပြီး သိမ်းထားလိုက်​​ပါခင်​ဗျာ :) :)





နည်းပညာစွယ်စုံကျမ်းဇူလိုင်မင်းဝေ

วันอังคารที่ 18 เมษายน พ.ศ. 2560

Google Chrome ရဲ့လျှို့ဝှက်ချက်၃၀
......................................................................................................................................................................................................................
Google Chrome ရဲ့လျှို့ဝှက်ချက်၃၀
‘chrome’ လို့ အမည်ရတဲ့ browser ရဲ့ လျှို့ဝှက်ချက် ကလေးများကို ဖော်ပြ လိုက်ရ ပါတယ်။
၁။ ‘chrome’ ထဲမှာ ဖွင့်ထားတဲ့ စာမျက်နှာတစ်ခုကို desktop နဲ့ start menu ပေါ်ကို ခေါ်တင်ပြီး shortcut တစ်ခုနေနဲ့ဖန်တီးနိုင်ပါတယ်။ ကိုယ်အသုံးများတဲ့ web စာမျက်နှာတစ်ခု ( ဥပမာ အားဖြင့် Gmail ဆိုပါတော့) အရင်ဆုံးဖွင့်ပြီး အလွယ်တကူနဲ့ပဲ စာရွက်ပုံ options မှာရှိတဲ့ ‘creat application shortcuts’ button ကို ကလစ်နှိပ်လိုက်ရုံပါပဲ။
၂။ Ctrl နဲ့ Shift key တွေကို ဖိထားပြီး အက္ခရာ ‘N’ ကို နှိပ်လိုက်မယ်ဆိုရင်တော့ (incognito) ဆိုတဲ့ window တစ်ခုကို ဖန်တီး ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ Windows အသစ်တစ်ခုကို ဖန်တီး ပေးတဲ့ သဘောပဲ ဖြစ်တဲ့အတွက် firefox ရဲ့ (Ctrl+N) command နဲ့ ဆင်တူပါတယ်။
၃။ Alt နဲ့ home button ကို တွဲဖက်ပြီး နှိပ်ခဲ့မယ်ဆိုရင်တော့ google chrome ရဲ့ မူရင်း home page ကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီ homepage မှာ user တစ်ယောက် အသုံးများတဲ့ စာမျက်နှာတွေကို ‘thumbnail’ စီစဉ် ပေးထားတာကို တွေ့ရပါတယ်။
၎၊၊ ‘Ctrl နဲ့ T ကို တွဲဖက်နှိပ်ရင်တော့ ‘new tab’ ကို ခေါ်ဆိုပေးမှာ ဖြစ်ပါတယ်။ တကယ် လို့ Tab တစ်ခုကို drag ဆွဲချမယ် ဆိုရင် window အသစ်တစ်ခုအနေနဲ့ ဖွင့်လှစ်ပေးပါလိမ့်မယ်။
၅။ “icongnito window’ အသစ်တစ်ခုနေနဲ့ homepage ပေါ်မှာ tumbnail icon တွေကို Right Click နှိပ်ပြီး ဖွင့်လှစ်လို့လဲ ရနိုင်ပါတယ်။
၆။ ‘Ctrl, Shift နဲ့ T’ တို့ကို တွဲဖက် နှိပ်လိုက်ရင်တော့ အရင်တစ်ခါ သုံးစွဲသွားပြီး ပိတ်သွားခဲ့ တဲ့ tab တွေကို ပြန်ခေါင်းဆောင်ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ မီးပျက်လို့ပဲဖြစ်ဖြစ်၊ ရုတ်တရက် ’save’ မလုပ် လိုက်မိတဲ့ web စာမျက်နှာ ကောင်းကောင်းတွေကို ပြန်လည် မှတ်မိဖို့အတွက် သိပ် အသုံးဝင် ပါတယ်။ Google chrome ဟာ အနိမ့်ဆုံး tab (10) ခုအထိ မှတ်မိနေပါတယ်။
၇။ Tab တွေ တစ်ခုနဲ့ တစ်ခုအကြားကို ခုန်ကျော် ဖြတ်သန်းဖို့အတွက်ကတော့ Ctrl key ကိုဖိနှိပ်ထားပြီး keyboard ရဲ့ အပေါ် ဘားတန်းမှာရှိတဲ့ 1, 2, 3, 4, ……number တွေနဲ့ ရောယှက် ဖိနှိပ်လို့ရပါတယ်။ ဥပမာ စာမျက်နှာ ငါးခုမြောက်ကို သွားချင်တဲ့အခါမှာ (Ctrl+5) ကို တွဲဖက် နှိပ်ရပါမယ်။
၈။ စာမျက်နှာတွေကို ခေါ်ယူစဉ်မှာ loading လုပ်တဲ့ စတိုင်ဟာ IE8 နဲ့ဆင်တူပြီး စက်ဝိုင်းကလေး လည်ပတ်နေတဲ့ ပုံသဏာန် ရှိပါတယ်။ ‘Ctrl’ နဲ့ Tab’ ကို တွဲဖက်နှိပ်လိုက် ရင် အဲဒီအချိန်မှာ လတ်တလော loading ခေါ်ယူနေတဲ့ page (tab) ဆီကိုရောက်ပါမယ်။
၉။ (Ctrl+Shift+Tab) တွေကို တွဲဖက်နှိပ်မယ်ဆိုရင်တော့ Ctrl+Tab နဲ့ ဆန့်ကျင်ဘက် အဖြေကို ရရှိမှာဖြစ်ပြီး ယခင် loading ခေါ်ယူပြီးခဲ့တဲ့ page ဆီကို ပြန်လည်ရောက်ရှိနိုင်ပါလိမ့်မယ်။
၁၀။ Firefox browser မှာ သုံးခဲ့သလို ကိုယ်ကြည့်ရှုနေတဲ့ စာမျက်နှာတွေကို စိတ်ကြိုက် နေရာချပြီး အထားအသို ရွှေ့ပြောင်းဖို့အတွက် mouse ကို ဖိထားပြီး drag ဆွဲယူရပါမယ်။
၁၁။ သိပ်ကြိုက်တဲ့ စာမျက်နှာတစ်ခုကို တွေ့ရတဲ့အခါမှာတော့ မှတ်သား bookmark လုပ်ထားဖို့ အတွက် ‘Ctrl နဲ့ D’ ကိုနှိပ်ရပါမယ်။ အဲဒီကမှ ပေါ်လာတဲ့ edit box ထဲမှာ ကိုယ့်စိတ်ကြိုက် အမည် ပေးတာနဲ့ folder တည်ဆောက်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။ Address bar မှာ ရှိနေတဲ့ ကြယ်ပွင့် အ၀ါရောင်ကလေးကို click နှိပ်ပြီး bookmark လုပ်နိုင်ပါတယ်။
၁၂။ ‘Ctrl နဲ့ B’ ကို တွဲဖက်နှိပ်လိုက်တဲ့အခါ မှာတော့ bookmark bar ကို ခဏ ဖျောက် ပေးထား ပါတယ်။ မြင်ကွင်း ကျယ်ကျယ်ကို ကြည့်လိုသူတွေအတွက် အသုံးဝင်တဲ့ shortcut တစ်ခုပါပဲ။
၁၃။ Bookmark bar မှာ ရှိတဲ့ ‘back’ ( အနောက်ကိုသွားတဲ့ button) လေးကို Right click နှိပ် လိုက်တဲ့အခါမှာ ကိုယ်ကြည့်ရှုခဲ့တဲ့ စာမျက်နှာတွေရဲ့ စာရင်းကိုတစ်ရက်ချင်းအလိုက် မှတ်တမ်း ရရှိ ပါလိမ့်မယ်။ အဲဒီရဲ့ အောက်ဆုံးမှာတော့ ‘full story’ ဆိုတဲ့ စာသားကို click နှိပ်လိုက်တဲ့အခါ new tab ဖွင့်လှစ်ပေးပြီး ကိုယ့် web စာမျက်နှာကို အပြည့်အ၀ ပြန်လည်ရရှိပါလိမ့်မယ်။
၁၄။ History စာမျက်နှာကို အမြန်ဆုံး နည်းနဲ့ ရောက်ရှိချင်ရင်တော့ Ctrl နဲ့ H ကို တွဲဖက် နှိပ် ရ ပါမယ်။
၁၅။ Instory စာမျက်နှာဟာ install လုပ်ပြီး စတင်သုံးစွဲခဲ့ချိန်ကစလို့ နေ့စွဲ တစ်ခုချင်းစီ အလိုက် မှတ်သားပေးထားမှာ ဖြစ်တဲ့အတွက် မလိုအပ်တာနဲ့ အသုံးမကျတာတွေကို စိတ်ကြိုက် ဖျက်ပစ်ပြီး လိုအပ်သလို ဖွဲ့စည်းပြင်ဆင်ထားနိုင်ပါတယ်။
၁၆။’Ctrl နဲ့ J’ ကို တွဲဖက်နှိပ်တဲ့အခါမှာ ‘download’ လုပ်တဲ့ page ကို ဖွင့်လှစ်ပေးပါလိမ့်မယ်။
၁၇။ ‘download’ page ကို ရှင်းလင်း ချင်တယ်ဆိုရင်တော့ link တစ်ခုချင် အလိုက် Right နှိပ်ပြီး ပေါ်လာတဲ့ box ထဲက ‘Remove’ ကို ရွှေးချယ်လိုက်ရုံနဲ့ ကိစ္စပြတ်ပါတယ်။
၁၈။ ‘Ctrl နဲ့ K’ ဒါမှမဟုတ် ‘Ctrl နဲ့ E’ ဒီ shortcut ကတော့ address bar ပေါ်မှာ ရှာတွေ့ဖို့ ဖြစ် ပါတယ်။ ဟိုအရင်တုန်းက ရှာဖွေဖို့အတွက် ‘google.com’ ဆိုတာကို အရင်ရိုက်ပြီးမှ အဲဒီ search box ထဲကနေ တစ်ဆင့် ရှာဖွေခဲ့ကြရတယ် မဟုတ်လား။ အခုတော့ အဲဒီမှာရှိတဲ့ အဆင့်တစ်ခု ပြုတ် သွားပါပြီ။ address bar မှာကို တန်းပြီး ကိုယ်ရှာဖွေချင်တဲ့ text ကို ရိုက်ပြီး Enter ခေါက်လိုက် တာနဲ့ google ရဲ့ search engine ကို ချိတ်ဆက်မိသွားပြီး အဖြေကို တန်းပြီး ဖော်ပြပေးမှာ ဖြစ် ပါတယ်။ ဒီ command နှိပ်လိုက်စဉ်မှာ address bar မှာ “?” ပုံစံလေး ပေါ်လာပါလိမ့်မယ်။
၁၉။ Window ရဲ့ ထိပ်နားမှာ Right Click နှိပ်လိုက်ပြီး Task manager’ ကို ရွှေးချယ်လိုက်တဲ့ အခါမှာတော့ ဖွင့်ထားတဲ့ tab (စာမျက်နှာတစ်ခုချင်းအလိုက်) တွေရဲ့ memory သုံးစွဲနေပုံကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ကိုယ့် PC အတွက် ဘယ်စာမျက်နှာဟာ memory ကို သိသိသာသာ သုံးစွဲနေသလဲ ဆိုတာကို သိနိုင်ပြီး ပယ်ဖျက်နိုင်တဲ့အတွက် surfing လုပ်တဲ့ အခါမှာ မြန်ဆန်လာတာကို ရရှိနိုင်ပါလိမ့်မယ်။
၂၀။ ‘Shift နဲ့ Escape’ ခလုတ်တွေကို တွဲဖက်နှိပ်တဲ့အခါတော့ chrome browser ရဲ့ Task manager ထဲကို ဆိုက်ရောက်ပါလိမ့်မယ်။
၂၁။ add-ons ကိုတော့ chrome မှာ plug-ins လို့ပဲ လတ်တလော မှာ ခေါ်ဆိုပါသေးတယ်။ address bar မှာ ‘about: plugins’ ဆိုပြီး ရိုက်လိုက်တဲ့အခါမှာ ဘယ်လိုအမျိုးအစား plugins တွေကို install လုပ်ထားသလဲဆိုတာကို သိရှိနိုင်ပါတယ်။
၂၂။ Address bar မှာ ရိုက်နိုင်တဲ့ တခြား command တွေ ရှိပါသေးတယ်။
about: stats
about: network
about: histograms
about: memory
about: cache
about: dms
၂၃။ ‘about: crash’ ကို address bar ကို ရိုက်လိုက်တဲ့အခါမှာ တော့ crash ဖြစ်တဲ့ tab တွေကို တွေ့ရှိရပါလိမ့်မယ်။
၂၄။ Windows XP တစ်ခုတည်းမှာသာ အလုပ်အလုပ်တဲ့ easter egg လို့ခေါ်တဲ့ ပျော်စရာကလေး တစ်ခုကတော့ “about: internets” ဖြစ်ပါတယ်။ address bar မှာ အဲဒီလိုရိုက်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့ screen saver လေးတွေကို ဖော်ပြပေးပါလိမ့်မယ်။
၂၅။ crome ကနေ web page တစ်ခုရဲ့ source code တွေကို လွယ်လင့်တကူ ကူးယူဖို့အတွက် webpage မှာright click နှိပ်ပြီး view source code ကနေ တစ်ဆင့် ကူးယူလို့ရပါတယ်။ အဲဒီနောက် “inspect element” ဆိုတာကတော့ အဲဒီ webpsge ကို ပြင်ဆင်ရေးသားဖို့ပါ။ Developer တွေ အတွက် အလွန်အသုံးဝင်တဲ့ tool တစ်ခု ဖြစ်ပါတယ်။
၂၆။ Google chrome ကို ကိုယ့် PC အတွက် default browser အနေနဲ့ ထားချင်တယ်ဆိုရင်တော့ ‘tools’ button ကနေ options ကို ရွေး လိုက်ပါ။ အဲဒီ box ထဲမှာရှိတဲ့ ‘Basics’ tab ကို click နှိပ်ပြီး ‘Make Google chrome my default botton’ ကို click နှိပ်လိုက်ရုံပါပဲ။
၂၇။ အန္တရာယ်ရှိတဲ့ cookies တွေကို ဖျက်ချင်တယ် ဆိုရင်တော့ ညာဘက်မှာ ရှိတဲ့ Tools> options> under the hood ကိုရွေးချယ်ပါ။ အောက်ကို ဆင်းလိုက်ပြီး’security section’ ကိုရွေးပါ။ အဲဒီမှာ ’show cookies’ ကို click နှိပ်ပါ။ ဒီထဲမှာက individual cookies ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
၂၈။ History, cache နဲ့ browse လုပ်ထားခဲ့တဲ့ တခြား အချက်အလက်တွေကို ဖျက်ပစ် ချင်တယ် ဆိုရင် tools icon အောက်မှာရှိတဲ့ ‘clear browsing data’ ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
၂၉။ တခြားသော ရောက်ရှိသွားလာခဲ့တဲ့ webpage တွေနဲ့ မှတ်တမ်းတွေကို ဖျက်ချင်တယ် ဆိုရင် လည်း ‘clear browsing data’ ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
၃၀။ Browser history တွေကို clear လုပ်ပြီး ဖျက်ပစ်ခဲ့ပေမယ့် အသုံးများတဲ့၊ အဖိုးတန်တဲ့ google က ယုံကြည်တဲ့ page တွေကိုတော့ ပြန်လည် ခေါ်ယူလို့ ရပါတယ်။
အားလုံးအသိပညာဗဟုသုတများ တိုးပွားကြပါစေခင်ဗျာ။
နည်းပညာစွယ်စုံကျမ်းဇူလိုင်မင်းဝေ

วันศุกร์ที่ 15 เมษายน พ.ศ. 2559

BenVista PhotoZoom Pro ကို 6 နောက်ဆုံးအပြည့်အဝ Crack:



BenVista PhotoZoom Pro ကို 6 နောက်ဆုံးအပြည့်အဝ Crack:
သင်သည်ပျက်စီးဆုံးရှုံးမှုမရှိဘဲpixelsကိုသင်၏ဓါတ်ပုံများzoomကူညီပေးနေသောပရော်
ဖက်ရှင်နယ်ဆောဖ့်ဝဲဖြစ်ပါသည်..ဒါဟာအရည်အသွေးမြင့်မားရလဒ်
များကိုမှသင်ပေးထားသောဖြစ်တယ်..ဒါဟာယခင်ဗားရှင်းနှိုင်းယှဉ်ပါကအများကြီးတိုးတက်
ရေးရှိပါတယ်သောကျွ်ဆော့ဖ်ဝဲနောက်ဆုံးထွက်ဗားရှင်းဖြစ်ပါတယ်..

===========================================
Benvista PhotoZoom Pro 6 Final Full Crack:
is the professional software which is helping you zoom your photos without damage the pixels. It’s provided you to high quality results. It is latest version of this software which has much advancement as compared to previous version.
========================================

နည်းပညာစွယ်စုံကျမ်းဇူလိုင်မင်းဝေ


်firmware တင်နည်း တချို့ စာအုပ်များ

cherry mobile firmware တင်နည်း
်firmware တင်နည်း တချို့ စာအုပ်များ


Dtac joey firmware တင်နည်း
I mobile I style 6 firmware တင်နည်း
I mobile I style 8 firmware တင်နည်း
Nokia android xl firmware တင်နည်း
Oppo R821 firmware တင်နည်း
SP flash tool firmware တင်နည်း
( ဒီနည်းဖြင့် ဖုန်းအများကို တင်နိုင်ပါသည် )

TWZ A45 firmware တင်နည်း
ASUS Zenfone 4/5 firmware တင်နည်း
နည်းပညာစွယ်စုံကျမ်းဇူလိုင်မင်းဝေ

စတော့အိတ်ရော/ firmware ကိုချော်ရည်မျက်ဝန်း 708 လျှက်တပြက်လုပ်နည်း

စတော့အိတ်ရော/ firmware ကိုချော်ရည်မျက်ဝန်း 708 လျှက်တပြက်လုပ်နည်း

----------------------------------------------------------------------------
http://www.camgsm.net/
==================================
Iphone tip ( IOS )
http://bit.ly/1GxjKwA
Samsung firmware & How to flash
http://bit.ly/1HboBu9
Samsung Hard reset
http://bit.ly/1ddS0Ww
Lg firmware & How to flash
http://bit.ly/1J2ehSI
LG Hard reset
http://bit.ly/1GEv7pM
Sky vega firmware & how to flash
http://bit.ly/1ByC64o
Sky vega Hard reset
http://bit.ly/1Lj1pKq
Sony firmware & How to flash
http://bit.ly/1BJtDfj
Sony Hard reset
http://bit.ly/1BJtI2u
Lenovo firmware & how to flash
http://bit.ly/1Iwutc6
Lenovo Hard reset
http://bit.ly/1HbpKBX
i-Mobile firmware & How to flash
http://bit.ly/1CqEfKI
i-Mobile hard reset
http://bit.ly/1GxkGkR
Nokia firmware & How to flash
http://bit.ly/1Hbvrhm
Nokia Hard reset
http://bit.ly/1IbXQVq
Other phone Hard reset
http://bit.ly/1GlTfLy
How to root
http://bit.ly/1Lj2ZvG
Mobile hardware repair
http://bit.ly/1Lz3waP
Box Tool & How to use
http://bit.ly/1HbqBTb
Other Short tips


နည်းပညာစွယ်စုံကျမ်းဇူလိုင်မင်းဝေ