ပျော်ရျွှင်းငြိမ်းချမ်းသောကမ္ဘာလေးရနိုင်ကျပါစေ
လာရောက်လည်ပတ်သူများကိုအထူပဲကျေးဇူတင်ပါသည်.ဇူလိုင်.မင်းဝေ

.

.

နိုင်ငံတကာ လာရောက်မိတ်ဆွေများ

วันอาทิตย์ที่ 23 สิงหาคม พ.ศ. 2558

ဘုရားရှင် ဘာ့ကြောင့်အကုန်သိတာလဲ


ဘုရားရှင် ဘာ့ကြောင့်အကုန်သိတာလဲ ?
------------------------------
လေးအသင်္ချေ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့လို့ ပါ
အဲဒီကာလကို တွက်ကြည့်ကြရအောင်ပါ
အသင်္ချေဆိုတာ ကိန်းဂဏန်းတွေများလွန်းလို့ 
ချုံ့ ပြီးခေါ်တဲ့သဘောပါပဲ ကြယ်တလုံးနဲ့ တလုံး
အကွာအဝေးကို မိုင်နဲ့ တွက်ရင် များလွန်းလို့ 
အလင်းနစ်နဲ့ တွက်သလိုပါပဲ အလင်းနှစ်တစ်နစ်ကို
မိုင်ပေါင်းကုဋေခြောက်သိန်းရှိတယ် အနီးဆုံး
ကြယ်နှစ်လုံးဟာ အလင်းနှစ် လေးနှစ်ရှိတယ်
အဲဒီလိုတွက်သလိုပါပဲ
တစ်သင်္ချေဆိုတာ တစ်နောက်မှာ သုည အလုံး
ပေါင်း ၁၄၀ ရှိပါတယ် အဲဒါနှစ်ပေါင်းပါ ၄ သင်္ချေဆိုတော့
တစ်နောက်မှာ သုည အလုံးပေါင်း ၅၆၀ ရှိပါတယ်
ဘယ်လောက်ကြာမြင့်လည်းဆိုတာ မှန်းကြည့်လို့ 
ရနိုင်ပါတယ်
အဲဒါ လေးသင်္ချေရဲ့ ကာလကြာချိန်ပါ
ကမ္ဘာတစ်သိန်းဆိုတာကို ထပ်တွက်မယ်
ကမ္ဘာပေါင်း တစ်သိန်းကိုအသာထားပါဦး
တစ်ကမ္ဘရဲ့ အသက်တမ်းကို ဘုရားရှင်က
ရဟန်းတပါးကို ဟောခဲ့ဘူးပါတယ်
တစ်ယူဇနာ (၁၃) မိုင်ပတ်လည်ရှိတဲ့ ဂိုဒေါင်ကြီးထဲကို
မုန်ညင်းစေ့တွေ အပြည့်ထည့်ပါ နှစ်ပေါင်းတစ်ရာ
ကြာလျှင် တစ်စေ့ထုတ်ပါ နောက်နှစ်ပေါင်း
တစ်ရာကြာလျှင် တစ်စေ့ထပ်ထုတ်ပါ အဲဒီဂိုဒေါင်ကြီး
ထဲက မုန့် ညင်းစေ့သာ ကုန်သွားမယ် တစ်ကမ္ဘာရဲ့
အသက်တမ်းက မကုန်နိုင်သေးပါဘူးတဲ့
တစ်ကမ္ဘာတောင် အဲဒီလောက်ကြာနေရင်
အဲဒီလိုကမ္ဘာပေါင်း တစ်သိမ်းဆိုရင် ဘယ်လောက်
ကြာနိုင်မလဲ မှန်းကြည့်လို့ ရပါတယ်
ဒါဆိုရင်
လေးသင်္ချေကာလနဲ့  ကမ္ဘာပေါင်းတစ်သိန်း
ကာလဟာ ဘယ်လောက်ထိ ရှည်လျားလည်းဆိုတာ
တွေးကြည့်ယုံတင်သိနိုင်ပါတယ်
ဒါ့ကြောင့် ဗုဒ္ဓက ငါဘုရားပါရမီဖြည့်ခဲ့ရတဲ့
ကာလတွေမှာ လှုခဲ့တဲ့သွေးတွေဟာ သမုဒ္ဒရာ
လေးစင်းထဲကရေတွေထက်များတယ် လို့ 
မိမ့် တော်မူခဲ့တာပေါ့
အဲဒီလောက်ပေးဆပ်ပြီးမှ ဘုရားအဖြစ်ကို
ရှိလာပြီး အရာရာသိတဲ့ သဗ္ဗေညုတ ဥာဏ်တော်
ကြီးကို ပိုင်ဆိုင်ခဲ့ရတာပါ
လူ့ ဘဝတစ်ဘဝတောင် ကိုယ်ဖြတ်သန်းခဲ့တဲ့
အကြောင်းအရာ တော်တော်များများကို
မှတ်မိနိုင်သေးတာပဲ
လေးသင်္ချေကမ္ဘာတစ်သိန်းပေးဆပ်ခဲ့တဲ့
ဘုရားရှင်ဟာ အကုန်သိတယ်ဆိုတာ
ဘာ့ကြောင့်
မဖြစ်နိုင်ရမှာလဲ
တကယ်တော့
ကျွန်တော်တို့ တတွေဟာ
လေးသင်္ချေကမ္ဘာတစ်သိန်း
အရင်းအနှီးကို သက်တမ်း တစ်ရာတည်းနဲ့ 
ရှိထားကြတဲ့
ပါရမီရှင်ကြီးတွေဖြစ်ပါတယ်ဲ

ไม่มีความคิดเห็น:

แสดงความคิดเห็น