ပျော်ရျွှင်းငြိမ်းချမ်းသောကမ္ဘာလေးရနိုင်ကျပါစေ
လာရောက်လည်ပတ်သူများကိုအထူပဲကျေးဇူတင်ပါသည်.ဇူလိုင်.မင်းဝေ

.

.

နိုင်ငံတကာ လာရောက်မိတ်ဆွေများ

วันอาทิตย์ที่ 31 พฤษภาคม พ.ศ. 2558

ဘ၀၏ အဓိပါယ်ဟူသည် အဘယ်နည်း။?



မေးခွန်း: ဘ၀၏ အဓိပါယ်ဟူသည် အဘယ်နည်း။?

အဖြေ:
 ဘ၀၏ အဓိပါယ်ဟူသည် အဘယ်နည်း။ ဘ၀၏ရည်ရွယ်ချက် ပြီးပြည့်စုံခြင်း၊ ကျေနပ် တင်းတိမ်မှု တို့ကို ကျွန်ုပ်သည်မည်သို့တွေရှိနိုင်မည်နည်း။ ဘ၀အတွက်နောက်ဆုံးအရေးကြီးသော အစိတ်အပိုင်းကိုပြီးပြည့်စုံရန် ကျွန်ုပ်သည် ခွန်အားရှိပါသလား။ ထိုကြောင့် ဤကဲ့သို့သော မေးခွန်းမျိုးကို လူများစွာတို့က ဆင်ခြင်တွေးတောတတ်ကြပါသည်။ သူတို့ သည် ပြီးပြည့်စုံလိုသော အရာတို့ကိုရယူသော်လည်း ကုန်လွန်ခဲ့သောအချိန်ကာလကိုကြည့်လျှင် ဘုရားသခင်နှင့် ဆက်နွယ်မူကို အလွန်ကျဆင်းပြီး၊ သူတို့သည်လစ်ဟင်းမူကို ခံစားခဲ့ပါသည်။ ဘေ့စ်ဘောကစားခန်းထဲတွင် ဆော့ကစားနေ သောသူအား ကစားရန်ပထမအစပြုလာသောအခါ မည်သည့်အရာကို အတောင့်တဆုံးဖြစ်သနည်းဟု မေးခဲ့သည်။ သူက “ထိပ်ဆုံးရောက်သောအခါ မည်သည့်အရာတခုမျှမရှိပါဟူသော တစုံတယောက်ပြောသည်စကားသံကိုသာ ကြားချင်သည်” ဟု ပြန်ဖြေခဲ့သည်။ သူတို့၏ ကြိုးပမ်းအားထုတ်မူနောက်ကွယ်တွင် အနတ္တသက်သက်ရှိသည်ကို များစွာသောပန်းတိုင်တို့က အသိပေးထားပါသည်။

လူ့အသိုင်းဝိုင်းထဲတွင် များစွာသောသူတို့က ရည်ရွယ်ချက်များစွာထားရှိ၍ ကြိုးပမ်းအားထုတ်တတ်ကြပါသည်။ ထိုရည်ရွယ်ချက်များထဲတွင် ဘ၀၏အဓိပါယ်တွေ့ရှိလိမ့်မည်ဟု ယူဆတတ်ကြသည်။ ထိုကြိုးပမ်းအားထုတ်ထဲတွင် စီးပွား ရေးအောင်မြင်ခြင်း၊ ချမ်းသာခြင်း၊ ကောင်းမွန်သော မိတ်သဟာရဖွဲ့ခြင်း၊ ကာမဆက်ဆံခြင်း၊ ဖျော်ဖြေခြင်း နှင့် တခြားသူ များအပေါ် ကုသိုလ်ပြုခြင်းတို့ပါဝင်သည်။ လူတွေက သူတို့၏ရည်ရွယ်ချက်ဖြစ်သော ချမ်းသာခြင်း၊ မိတ်သဟာရဖွဲ့ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ရရှိသော်လည်း သူတို့စိတ်ထဲ၌ အနတ္တသက်သက်ကို ခံစားခဲ့ရသည်။ အထဲ၌ ဘာမျှမရှိသကဲ့သို့ ခံစားခဲ့သည်။

ဒေသနာဆရာက သူရေးသားထားသော စာထဲတွင်သူ၏ခံစားချက်ကို ဤသို့ရေးသားခဲ့ပါသည်။ “အနတ္တသက် သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တသက်သက်ဖြစ်၏ ” (ဒေ၊ ၁း၂)။ ဒေသနာကို ရေးသားထား သော ရှေလုမွန်မင်းကြီးသည် အတိုင်းမရှိချမ်းသာကြွယ်ဝသည်။ သူ့အချိန်၌ဖြစ်စေ၊ ကျွန်ုပ်တို့၏အချိန်၌ဖြစ်စေ သူ့လောက် ပညာရှိသောသူတယောက်မျှမရှိခဲ့ပေ။ မိန်းမအယောက်တစ်ထောင်ရှိသည်။ တခြားနိုင်ငံများ၏ တ၀န်တိုနေသော နန်းတော်နှင့် ဥယျာဉ်များစွာလည်းရှိသည်။ ကောင်းသောအစားအသောက်စားသုံးနိုင်သည်။ ကပြဖျော်ဖြေမူမြောက်များစွာရှိ သည်။ ထို့အပြင် သူလိုချင်သမျှသောအရာတို့ကို သူရရှိခဲ့သည်ဟု သူပြောခဲ့ပါသည်။ “နေအောက်တွင်ရှိသော အသက်တာ” ၊ ချမ်းသာကြွယ်ဝစွာ နေထိုင်သောဘ၀သည် အနတ္တသက်သက်ပင်ဖြစ်ပါသည်။ အဘယ်ကြောင့် ခပ်သိမ်းသောအရာတို့သည် အနတ္တသက်သက် ပင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုမျက်မှောက်ကာလတွင် ကျွန်ုပ်တို့ လက်တွေ့ခံစားနိုင်သောအရာ၏ နောက်ကွယ် တွင် တစုံတခုကိုခံစားနိုင်ရန် ဘုရားသခင်က ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့သော ကြောင့်ဖြစ်သည်။ ရှောလုမွန်က ဘုရားသခင်ထံ ဤသို့ပြောခဲ့သည်။ “ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ လျောက်ပတ်စွာဖန်ဆင်းတော်မူပြီး . . .” (ဒေ၊ ၃း၁၁)။ ယခုဘ၀တွင် တွေ့ကြုံခံစားနိုင်သောအရာတို့သည် ပြည့်စုံသော အရာမဟုတ်ကြောင်းကို ကျွန်ုပ်တို့နှလုံးသားက သိခဲ့သည်။

သမ္မာကျမ်းစာ၏ ပထမစာအုပ်ဖြစ်သော ကမ္ဘာဦးကျမ်းထဲတွင် ဘုရားသခင်က သူ၏ပုံသဏ္ဍာန်တော်နှင့်အညီ လူကိုဖန်ဆင်းခဲ့သည်ဟု ကျွန်ုပ်တို့တွေ့ရှိနိုင်သည် (က၊ ၁း၂၆)။ အဓိပါယ်သည် ကျွန်ုပ်တို့သည် တခြားသောအရာတို့ထက် ဘုရားသခင်နှင့်တူညီခြင်းကို ဆိုလိုသည်။ လူသားများမကျဆင်းမီနှင့် ကျိန်ခြင်းအမင်္ဂလာကို ဤလောကပေါ်သို့ မရောက်မီ အောက်တွင်ဖော်ပြထားသော အခြေအနေတို့ကို တွေ့ရသည်။ (၁) လူသည် အသိုင်းအ၀ိုင်းဖြင့်နေရန် ဘုရားသခင်က ဖန်ဆင်းခဲ့သည် (က၊ ၂း ၁၈-၂၅)။ (၂) ဘုရားသခင်က လူကိုလုပ်ငန်းတာဝန်ခန့်အပ်ခဲ့သည် (က၊ ၂း၁၅)။ (၃) ဘုရားသခင်သည် လူတို့နှင့်မိတ်သဟာရဖွဲ့သည် (က၊ ၃း၈)။ (၄) လောကကို အုပ်စိုးရန် ဘုရားသခင်က လူကိုအခွင့် အာဏာပေးခဲ့သည်။ ထို့အရာတို့၏အရေးပါမူတို့သည်အဘယ်နည်း။ ဤအရာများတခုစီတိုင်းကို မိမိအသက်တာ၌ အသုံးပြုရန် ဘုရားသခင် အလိုတော်ရှိသည်။ သို့သော် လူသားအားလုံးကျဆုံးသွားခဲပြီး လောကအပေါ်ကျိန်ခြင်း သက်ရောက်ခဲ့ပြီးနောက် (က၊ ၃)၊ ဤအရာ များကို လုံးဝမတွေ့ရတော့ပေ(အထူးသဖြင့် ဘုရားသခင်နှင့် မိတ်သဟာရ ဖွဲ့ခြင်း)။

သမ္မာကျမ်းစာ၏ နောက်ဆုံးစာအုပ်ဖြစ်သော ဗျာဒိတ်ကျမ်းထဲတွင် ဘုရားသခင်က ယခုပစ္စုပ္ပန်ကာလတွင်ရှိ သော ကောင်းကင်နှင့် မြေကြီးကိုဖျက်ဆီး၍ ကျွန်ုပ်တို့သိရှိခဲ့ပြီးသည်အတိုင်း ကောင်းကင်သစ်နှင့်မြေကြီးသစ်တို့ကို ဖန် ထာဝရကာလနေထိုင်ရန်အတွက် ဖန်ဆင်းလိမ့်မည်ဟု ဖွင့်ပြထားပါသည်။ ထိုအချိန်တွင် ကယ်တင်ခြင်းရပြီးသော သူတို့သည် ဘုရားသခင်နှင့်လုံးဝပျော်မွေ့ခြင်းဖြင့် မိတ်သဟာရဖွဲ့၍ မယုံကြည်သောသူတို့ကို တရားစီရင်ကာ မီးငရဲအိုင်ထဲ သို့ ပစ်ချရလိမ့်မည်ဖြစ်သည် (ဗျာ၊ ၂၀း၁၁-၁၅)။ အပြစ်တရားအတွက် ကျိန်ခြင်းသည် ပျောက်ကွယ်သွားပြီး၊ အပြစ်တရား၊ ၀မ်းနည်းခြင်း၊ ဖျားနားခြင်း၊ သေခြင်း၊ နာကျင်ခြင်း စသော မကောင်းဆိုးဝါးတို့ကို လုံးဝရှိတော့မည်မဟုတ်ပေ (ဗျာ၊ ၂၁း၎)။ ထို့နောက် ယုံကြည်သူတို့သည် အရာခပ်သိမ်းကို ပိုင်သအုပ်စိုးရလိမ့်မည်။ ဘုရားသခင်သည် ထိုသူတို့နှင့်အတူ ကျိန်းဝပ်၍ သူတို့သည်လည်း ဘုရားသခင်၏သားသမီးများဖြစ်ရလိမ့်မည် (ဗျာ၊ ၂၁း၇)။ ထိုအချိန်တွင် ဘုရားသခင်သည် လူသားများ ဖန်ဆင်းရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော သူနှင့်အတူမိတ်သဟာရဖွဲ့ခြင်းကို ပြန်လည်ရယူမည်ဖြစ်ပါသည်။ အပြစ်ရှိသော လူသားများ၊ မိတ်သဟာရဖွဲ့ခြင်းကို ပြန်လည်ရယူမည်ဖြစ်ပါသည်။ အပြစ်ရှိသောလူသားများ၊ မိတ်သဟာရ ဖွဲ့ခြင်းကို ဖျက်ဆီး သော လူသားများဖြစ်သော်လည်း ကယ်တင်ခြင်းခံရပြီးသော သူတို့သည် ထာဝရကာလတွင် ဘုရားသခင်နှင့် လုံးဝပျော်မွေ့သော အသက်တာဖြင့် မိတ်သဟာရဖွဲ့ရလိမ့်မည်။ ယခုအသက်တာ၌ လိုချင်သောအရာဟူသ မျှရရှိပြီး ဘုရားသခင်နှင့်ထာဝရကာလ ပျော်ရွှင်ခြင်းသာမက (လု၊ ၂၃း၄၃) ဤလောကတွင် အသက်ရှင်ချိန်၌ပင် ရောင့်ရဲသော အသက်တာ နှင့် အဓိပါယ်ရှိသော အသက်တာရယူပိုင်ဆိုင်ရန် လမ်းဖွင့်ပေးထားသည်။ ထာဝရပျော်ရွှင်ခြင်းနှင့် “ဤလောကတွင် ကောင်းကင် နိုင်ငံကဲ့သို့ပျော်ရွှင်ခြင်း” မျိုးကို မည့်သို့ရရှိနိုင်မည်နည်း။

သခင်ယေရှုခရစ်တော်အားဖြင့် အဓိပါယ်ရှိသော အသက်တာကို ပြန်လည်ရရှိခြင်း

ယခုဘ၀နှင့် နောင်တမလွန်ဘ၀တွင် စစ်မှန်၍အဓိပါယ်ရှိသော အသက်တာရရှိနိုင်ရန် အာဒံနှင့်ဧ၀ံအပြစ်ပြုခဲ့ပြီး နောက်ပိုင်းပျက်ဆီးသွားခဲ့သော ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့ခြင်းကို ပြန်လည်ရယူရမည်ဖြစ်ပါသည်။ ယနေ့ထိုမိတ်သ ဟာရဖွဲ့ခြင်းသည် ဘုရားသခင်၏သားတော် သခင်ယေရှုခရစ်တော်အားဖြင့်သာ ရရှိနိုင်ပါသည် (တ၊ ၄း၁၂၊ ယောဟန်၊ ၁၄း၆၊ ယောဟန်၊ ၁း၁၂)။ လူတယောက်သည် မိမိအပြစ်နောင်တရ၍ (အပြစ်ပြုလိုသော စိတ်ပျောက်ကွယ်သွား၍ သခင်ယေရှုထံသို့ ပြောင်းလဲကား အသစ်သော အသက်တာဖြင့် အသက်ရှင်ရန်) သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်ကိုးစား (ကယ်တင်ခြင်းအတွက် ဘုရားသခင်၏စီမံချက်သည် အဘယ်နည်းဟူသော မေးခွန်းကိုကြည့်လျှင် အရေးကြီးသော အကြောင်းအရာ တို့ကို ပို၍တွေ့နိုင်ပါသည်) သော အချိန်မှစ၍ ထာဝရအသက်ရရှိသည်။

သခင်ယေရှုကို မိမိကယ်တင်ရှင်အဖြစ် ရှာဖွေရုံဖြင့် ဘ၀၌စစ်မှန်သော အဓိပါယ်မတွေ့နိုင်ပေ။ (ခရစ်တော်ကို လေးစားခြင်းသာ)။ သို့သော် ခရစ်တော်၏တပည့်တော်အဖြစ် သူ၏ခြေရာသို့လိုက်လျှောက်ရန် လူတစ်ယောက်သည် အစပြုသောအချိန်၊ ဆုတောင်းခြင်းအားဖြင့် သူနှင့်စကားပြောသောအချိန်၊ သူ၏ပညတ်တော်တို့ကို လိုက်လျောခြင်းအားဖြင့် သူနှင့်အတူသွားလာရန်ဆုံးဖြတ်သောအချိန်မှစ၍ စစ်မှန်သောဘ၀အဓိပါယ်ကိုတွေ့ရှိနိုင်ပါသည်။ မိတ်ဆွေသည် မယုံကြည်သူ တစ်ဦး (သို့) ယုံကြည်သူအသစ်ဖြစ်ခဲ့လျှင် ဤသို့ပြောဆိုနိုင်ပါသည်။ “ထိုအရာကို ၀မ်းမြောက်စရာ (သို့) ကျွန်ုပ်တို့ အတွက် လိုအပ်မူများပြည့်စုံစရာမဟုတ်ပေ”။ သို့သော် စိတ်ရှည်သည်းခံ၍ ဆက်လက်ဖတ်စေလိုပါသည်။ သခင်ယေရှုက ဤသို့ မိန့်တော်မူသည်။ “၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ်ချသော စိတ်သဘောရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏” ဟု မိန့်တော်မူ၏။ (မဿဲ၊ ၁၁း၂၈-၃၀)။ “သို့တို့သည် အသက်နှင့်ပြည့်စုံခြင်းငှါ ငါလာ၏” (ယောဟန်၊ ၁၀း၁၀(ခ))။ “ထိုအခါ ယေရှုက၊ ငါ၌ဆည်းကပ် လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ့်လက်ဝါးကား တိုင်ကိုထမ်း၍ ငါ့နောက်ကို လိုက်ရမည်။ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏။ ထိုသူ သည် အသက်ကို တွေ့လိမ့်မည်” (မဿဲ၊ ၁၆း၂၄-၂၅)။ “ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် စိတ်နှလုံးအလို ပြည့်စုံရသော အခွင့်ကို ပေးတော်မူမည် (ဆာ၊ ၃၇း ၄)။ ဤကျမ်းပိုဒ်အားလုံးတို့၏ ဖော်ပြလိုသော အရာသည် ကျွန်ုပ်တို့သည် ရွေးချယ်ပိုင်ခွင့်ရှိသည် ဟူ၍ဖြစ်သည်။ ကျွန်ုပ်တို့သည် အနတ္တသက်သက်ဖြစ်သော ကိုယ်ကျိုးအတွက်သာ ရွေးချယ်နိုင်သည်။ (သို့) ကြွယ်ဝသော အသက်တာပေးသော၊ ကျွန်ုပ်တို့၏ နှလုံးသားတောင့်တမှုကို ဖြည့်ဆည်းပေးနိုင်သော၊ ကျေနပ်ရောင့်ရဲမှုကို ပေးသော ဘုရားသခင်နှင့် သူ၏ အလိုတော်ကို စိတ်နှလုံးအကြွင်းမဲ့ ကျွန်ုပ်တို့ရွေးချယ်နိုင်ပါသည်။ ဤကဲ့သို့ဖြစ်ခြင်းသည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်က ကျွန်ုပ်တို့ကို ချစ်၍ ကျွန်ုပ်တို့အတွက် အကောင်းဆုံးသောအရာကို အလိုတော်ရှိသောကြောင့်ဖြစ် သည်။ လွယ်ကူသော အသက်တာမျိုးမဟုတ်ပဲ ကြွယ်ဝသော အသက်တာမျိုးဖြစ်ရန်လိုအပ်သည်။

မိတ်ဆွေသည် စကားရည်လုပွဲတစ်ခုတွင် ပြိုင်ပွဲဝင်ရန်ဆုံးဖြတ်ထားခဲ့သည် ဆိုပါစို့။ မိတ်ဆွေသည် ပြိုင်ပွဲခန်းမ ဆောင်သို့ ၀င်ဖို့တောင် ငွေကြေးမတတ်နိုင်ခဲ့လျှင် (သို့) မိတ်ဆွေသည် ထိုခန်းမဆောင်သို့ဝင်ရန် ငွေကြေးတချို့ လိုအပ်ခဲ့လျှင် ပြိုင်ပွဲမ၀င်နိုင်ပဲ ပြန်လှည့်သွားမည်ဖြစ်ပါသည်။ ၄င်းသည် ခရစ်ယာန် အသက်တာနှင့် တူပါသည်။ ဘုရားသခင်၏ နိုင်ငံတော် အတွက် အလုပ်ကြိုးပမ်းစွာ လုပ်ကိုင်ခြင်းသည် တနင်္ဂနွေနေ့ရောက်တိုင်း ခရစ်ယာန်ဖြစ်ခြင်းမျိုးမဟုတ်ပေ။ ထိုကဲ့သို့သော သူတို့ သည် အဖိုးအခမပေးတတ်ပေ။ ဘုရားသခင်၏ နိုင်ငံတော်အတွက် ၀န်တာစိတ်ထား၍ လုပ်ဆောင်သောသူသည် ထိုသူ၏ ဇာတိ အသွေးအသားတောင့်တမှုတို့ကို လုံးဝပယ်ဖြတ်၍ ခရစ်တော်၏ တပည့်တော်အဖြစ် စိတ်နှလုံးအကြွင်းမဲ့လိုက်လျှောက်ခြင်း ပင် ဖြစ်သည်။ သို့မှသာ သူသည် ဘုရားသခင်စေခိုင်းသော အရာတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ သူတို့သည် အဖိုးအခ ပေးခဲ့သောသူများဖြစ်ကြသည်။ (ခရစ်တော်နှင့် သူ၏ အလိုတော် လုပ်ဆောင်ရန် ဆက်ကပ်အပ်နှံသော သူများဖြစ်ကြသည်။) သူတို့သည် ဇာတိပကတိစိတ်ကို ပပျောက်စေနိုင်သော သူများဖြစ်သည်။ ထိုသူတို့သည် မိမိကိုယ်ကိုဖြစ်စေ၊ သူတို့၏ လုပ်ဆောင် ဖက်များကိုဖြစ်စေ၊ သူတို့၏ ဖန်ဆင်းရှင်ကိုဖြစ်စေ၊ နောင်တရခြင်းမရှိ တွေ့ဆုံခဲ့သော သူများဖြစ်ကြသည်။ မိတ်ဆွေသည် အဖိုး အခ ပေးခဲ့ပြီးပြီလော? ပေးဆပ်ရန် ဆန္ဒရှိပါသလား? ပေးအပ်လျှင် မိတ်ဆွေသည် ဘ၀အဓိပယ်နှင့် ရည်ရွယ်ချက်တွေ့သွားခဲ့ပြီး၊ နောင်တငတ်ခြင်းရှိတော့မည် မဟုတ်ပေ။


ဘ၀၏ အဓိပါယ်ဟူသည် အဘယ်နည်း။?

မြန်မာနိုင်ငံရဲ့ပထမဆုံးသော အသံထက်မြန်သောလေသူရဲ (သို့မဟုတ်) ဗိုလ်မှူးချုပ်သူရမြင့်သိန်း


အခန်း(၁)
အချိန်က၁၉၉၀ခုနှစ်နွေရာသီကာလ၊ ရှမ်းတဲလေတပ်စခန်း၏ ကောင်းကင်ယံတွင် မိုးသားများကင်းစင်ကြည်လင်နေသည်။ သူတစ်ယောက်ထဲမည်သူနှင့်မှ စကားမပြောပဲရုံးခန်းထဲတွင် တိတ်ဆိတ်စွာထိုင်နေသည်။ မနေ့ညကသူကောင်းကောင်းအိပ်မပျော်၊ ပြူတင်းပေါက်မှ အပြင်ကိုငေးကြည့်တော့ လေယာဉ် ၁၂ စီး လှပသေသပ်စွာ ရပ်နားထားကြသည်။


 လူတွေကလည်းပျားပန်းခတ်ပမာ အားမာန်ပြည့်ဝစွာအလုပ်လုပ်နေကြသည်။ အရင်က အကြောင်းများသူ့ခေါင်းထဲမတွေးပဲဝင်လာတော့သည်။ ၈၈အရေးအခင်းကြောင့် တိုင်းပြည်၏အခြေအနေ အလွန်အမင်းယိမ်းယိုင်ခဲ့ရသည်။ထိုအခြေအနေကို အခွင့်ကောင်းယူပြီးပြည်တွင်း သောင်းကျန်းသူများ တပြိုင်နက်တည်းထကြွခဲ့ကြ၏။တပ်မတော်က နိုင်ငံတော်တည်ငြိမ်ရေးတာဝန်အပြင် သောင်းကျန်းသူ ဒဏ်ကိုလည်းခါးစီးခံရသည်။ထိုထက်ဆိုးသည်က အမေရိကန် လေယာဉ်တင်သင်္ဘောသည် ဘင်္ဂလားပင်လယ်အော်အတွင်းဝင်ရောက်ကာ မြန်မာနိုင်ငံအနီးတွင်စစ်ရေး လေ့ကျင့်မူပြုလုပ်နေကြောင်းကြယ်ငါးပွင့်သင်္ဘောမှ ပေးပို့ချက်အရသိရှိလာရ၏။ ထို့အပြင်ယိုးဒယားတပ်ဖွဲ့မှလည်း နယ်စပ်တလျှောက်သောင်းကျန်းသူများဘက်မှ ပေါ်ပေါ်ထင်ထင်ထောက်ပံ့လာခဲ့သည်။

သို့သော်တပ်မတော်၏ အခြေအနေကိုပြန်ကြည့်လျှင်လည်း ဆိုရှယ်လစ်စနစ်စီးပွားရေးမအောင်မြင်မူကြောင့်တပ်မတော်သည်များစွာခေတ်နောက်ကျနေခဲ့သည်။ ရှားမန်း၊ ကော့မတ်၊ ဘရင်းကယ်ရီယာအစရှိသော စစ်ကျန်တင့်များ၊ရေတပ်တွင်လည်းခေတ်မမှီတာ့သော သင်္ဘောအနည်းငယ်နှင့်ကင်းလှည့်ရေယာဉ်အချို့၊လေတပ်တွင်လည်း၁၉၆၃ခုနှစ်က၀ယ်ခဲ့သည့်ပထမမျိုးဆက် တိုက်လေယာဉ် T33သာရှိပြီးထိုလေယာဉ်များက အနားပေးလိုက်ရပြီ။လောလောဆယ် PC7 အမောင်းသင်လေယာဉ်ကိုသာလက်နက်တပ်ဆင်ထားပြီး အသုံးပြုနေရသည့်အခြေအနေ။ ထို့အတွက် တပ်မတော်အကြီးအကဲများက တပ်မတော်ကို ပြည်ပကျုးကျော်မူကိုကာကွယ်ရန်အတွက် အင်အားဖြည့်တင်းရန် ကြိုးပမ်းလာခဲ့သည်။ ၁၉၈၉ခုနှစ်နှစ်ကုန်ပိုင်းတွင်သူဦးဆောင်သော T33ဂျက်တိုက်လေယာဉ်မောင်းဖူးသည့် PC7,PC9 တိုက်လေသူရဲ၁၄ဦးကိုရွေးချယ်ခဲ့သည်။ ထိုထဲမှသူ့ကို ဦးဆောင်စေပြီး တိုက်လေသူရဲ ၁၂ဦးကို တရုတ်နိုင်ငံသို့စေလွှတ်ကာ တိုက်လေယာဉ်သင်တန်း တက်ရောက်စေမည်ဖြစ်သည်။ သူတို့ သယ်ဆောင်ရမည့် တိုက်လေယာဉ်က မြန်မာပြည်ရဲ.ပထမဆုံး အသံထက်မြန်သောတိုက်လေယာဉ်ဖြစ်လာမယ့် F7 SUPER SONIC 2 MACH FIGHTER.........
သူတို့၁၂ဦးထဲမှ ဗိုလ်မှုးအောင်ကျော်စိုးသည် တရုတ်နိုင်ငံ၏ ရာသီဥတုဒဏ်ကို မခံနိုင်သောကြောင့် အပြင်းအထန်ဖျားကာ မြန်မာနိုင်ငံသို့ပြန်ခဲ့ရသည်။ သူအစားရောက်ရှိလာသူက နောင်တချိန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဖြစ်လာမည့် ဗိုလ်မှူးမြတ်ဟိန်း၊ သူတို့ ၁၉၉၀ခုနှစ် ဇန်န၀ါရီလ ဒုတိယအပတ်ထဲတွင်ထို F7 တိုက်လေယာဉ်များကို တရုတ်နိုင်ငံ ကူမင်းမြို့မှ မြန်မာနိုင်ငံရှမ်းတဲလေတပ်စခန်း ဆီကိုတိုက်ရိုက်ပျံသန်း သယ်ဆောင်ခဲ့ကြသည်။ထိုအချိန်တွင်တရုတ်လေတပ်တွင် မြန်မာနိုင်ငံမှဝယ်ယူသော F7 တိုက်လေယာဉ်မှာ အဆင့်အမြင့်ဆုံးဖြစ်သည်။ ထိုကြောင့်တရုတ်လေတပ်မှမြန်မာ့တပ်မတော်(လေ) လေသူရဲများအား super sonic flight ကိုမသင်ပေးခဲ့ပေ။

အခန်း(၂)

"ဆရာ၊လေယာဉ်အဆင်သင့်ဖြစ်ပါပြီ "ဟူသောအသံကြားမှ သူအတွေးတွေလွင့်ပျောက်သွားသည်။
ရှမ်းတဲလေယာဉ်ရုံမှ အာကာသယာဉ်မှူးဝတ်စုံကဲ့သို.ဆင်ယင်ထားသော တိုက်လေသူရဲတစ်ဦးအေးဆေးတည်ငြိမ်စွာလမ်းလျှောက်လာသည်။ထိုသူသည် နိုင်ငံတော်နှင့် တပ်မတော်(လေ)အတွက် ကြီးကျယ်သော စွန့်စားမှုတစ်ခုကိုလုပ်တော့မည်။ ထိုသူမှာအခြားသူမဟုတ်၊ တိုက်ပွဲပေါင်းများစွာကို ရဲရင့်စွာတိုက်ခိုက်မှုကြောင့် သူရဟူသောဘွဲ့ထူးကိုရရှိသော ဒုတိယဗိုလ်မှူးကြီး သူရမြင့်သိန်းပင်၊ သူလုပ်ဆောင်မည့်စွန်စားခန်းက မည်သူမှမသင်ပေးလိုက်သောပျံသန်းမှု တစ်ရပ် ကိုပျံသန်းစွန့်စားခြင်း(သို့မဟုတ်)super sonic flight...................................။
လေယာဉ်ကိုစက်စတင်နှိုးလိုက်သည်။ ထိုလေယာဉ်မောင်းခန်းထဲကလေသူရဲကတော့မသိ။ မြေပြင်မှသူ့အားလူတိုင်းကစိတ်ပူနေကြသည်။ သို့သော် သူကတော့တည်ငြိမ်စွာပင်.....................။
လေယာဉ်လေထဲတက်သွားတော့ လေကြောင်းထိန်းတပ်ကြပ်ကြီးစိုးအောင်က သူသိပ်ခင်ရသော ဗိုလ်မှူးကြီးအတွက် အရမ်းကိုစိတ်ပူနေမိသည်။ "TOWER-EAGLE(1)" ဆိုသောသူရဲ့လေသံခပ်အေးအေးကိုကြားလိုက်ရသည်။ "EAGLE-1,GO AHEAD SIR"ဟု တပ်ကြပ်ကြီးစိုးအောင်က ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။ "EAGLE-1,NOW REACHING SUPER SONIC AREA,MAINTING FLIGHT LEVEL 25000" ဟုပျံသန်းရမည့်super sonic area သို.ရောက်ရှိကြောင်း အမြင့်ပေ ၂၅၀၀၀ သတင်းပို့လာသည်။ဆက်လက်ပြီး "REQUEST,START FLY TO SUPER SONIC FLIGHT" ဟုပြတ်သားစွာ ဆက်သွယ်ရေးစက်မှ သတင်းပို့လာသည်။ တပ်ကြပ်ကြီးစိုးအောင်မှပြန်လည်ပြီး "ROGER SIR, START UP APPROVE TO SUPER SONIC FLIGHT" ဟု အသံထက်မြန်သော ပျံသန်းမူကိုခွင့်ပြုလိုက်သည်။

သူ လေယာဉ်မောင်းခန်းအတွင်းစစ်ဆေးရမည့် အချက်အလက်အားလုံးကို စစ်ဆေးပြီးပြီ။ သူ့စိတ်ကိုပြန်မေးကြည့်သည်။ သူအသင့်ဖြစ်နေပြီ။ ပါဝါတံကိုအဆုံးထိမြှင့်တင်လိုက်သည်။အင်ဂျင်အခြေအနေကိုစစ်လိုက်သည်။အိုကေ။ အမြင့်ဆုံးစက်အားဖြစ်သည့် အပိုဆီလောင်ကျွမ်းမူစနစ်ကို စတင်လိုက်သည်။ ကျယ်လောင်သောအင်ဂျင်အားပေါက်ကွဲသံနှင့်အတူ လေယာဉ်ကတရှိန်ထိုး speed များတက်လာသည်။0.5 mach,0.6 mach,0.7 mach,0.8 mach,0.9 mach,1 mach,1.1 mach ,1.2 mach,1.3 mach...............................

အခန်း(၃)

လေကြောင်းထိန်းမျှော်စင်မှတပ်ကြပ်ကြီးစိုးအောင် စကားပြောခွက်ကိုကိုင်ပြီး စိတ်ပူနေပြီ။ ရုတ်တရက်.........................
ဝုန်း.........................

ရှမ်းတဲလေတပ်စခန်းထက်တွင်ကျယ်လောင်ပြင်းထန်သောပေါက်ကွဲမူနှင့်အတူမြေကြီးတွေတုန်ခါကုန်သည်။ ပြတင်းပေါက်မှမှန်တချို.ကွဲကျကုန်၏။........................

လေကြောင်းထိန်းမျှော်စင်မှဆရာစိုးအောင် တုန်လှုပ်ခြောက်ခြားသွားသည်။ "ဟာ.............ဗိုလ်မှူးကြီး.............."ဟု တုန်လှုပ်စွာ ရေရွတ်ကာ ဆက်သွယ်ရေးစက်မှနေပြီးသူချစ်သော အုပ်မှူးအားဆက်သွယ်ရန် ကြိုးစားလိုက်သည်။

ဆရာစိုးအောင်၏လက်ပေါ်နွေးထွေးသောလက်တစ်စုံ ကျလာသည်။ ဆရာစိုးအောင်လှည့်ကြည့်လိုက်သည်။ ထိုသူသည် တခြားသူမဟုတ် dakota, T33 စသောလေယာဉ်များဖြင့် ဗန်ကောက်ပိုစ့်သတင်းစာက ပါချီးကျုးရသောအလွန်ရဲရင့်ပြီး စိတ်သဘောထား ကောင်းမွန်သော အနာဂတ်လေတပ်ကို တိုးတက်စေသူ ဦးစီးချုပ်(လေ)တစ်ဦးဖြစ်လာမည့် ဗိုလ်မှူးချုပ်ကျော်သန်းပင်။သူအဆရာစိုးအောင်အားပြုံးပြီး ခေါင်းရမ်းပြလိုက်သည်။ ဆရာကြီးစိုးအာင် သဘောပေါက်လိုက်သည်............ရှမ်းတဲကောင်းကင်ကြီးက ပြာနှမ်းနေသည်။

အခန်း(၄)

သူ့ထံကျယ်လောင်သောအသံနှင့်အတူ အရှိန်ပြင်းပြင်းဆောင့်ထွက်သွားသည်။ သူတုန်လှုပ်သွားမိသည်။သူအမြန်နှုန်းပြဒိုင်ခွက်ကို ကြည့်လိုက်သည်။
ဟာ............

သူလေယာဉ်ကိုယ်ထည်၏ဘေးကိုလေယာဉ်ပေါင်းမိုးမှ ကြည့်လိုက်သည်။လေယာဉ်မောင်းခန်းနောက် လေယာဉ်တောင်ပံ ဆက်ရာနေရာပတ်ချာလည်တွင် မှိုပွင့်ကဲ့သို့ဖြူဖွေးသောအလုံးကြီးကိုတွေ.ရသည်။ သူ၏ရင်ထဲ လှိုက်ကနဲတစ်ချက်ဖြစ်သွားသည်

သူအောင်မြင်ပြီ။ အသံရဲ့အမြန်နှုန်းကိုသူချိုးဖျက်လိုက်ပြီ။ နိုင်ငံတော်အတွက် သူတာဝန်တစ်ခုကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီ။ မြန်မာ့တပ်မတော်(လေ)သည် ခေတ်တစ်ခေတ်ကိုချိုးဖျက်လိုက်ပြီ။

အခန်း(၅)

ရှမ်းတဲလေယာဉ်ပြေးလမ်းထိပ်ကိုတိုက်လေယာဉ်တစ်စီး ချဉ်းကပ်လာသည်။သူ့ကိုဂုဏ်ယူစွာဖြင့်ဆီးကြိုမည့်သူများ စောင့်နေလေကြလေပြီဖြစ်လေသည်။ သူတို့၏ မျက်နှာများပေါ်၌ကား မြန်မာ့တပ်မတော်(လေ)၏ အသံထက်မြန် တိုက်လေယာဉ် ခေတ်တစ်ခေတ် စတင်ခြင်းအတွက် ဂုဏ်ယူအပြုံးများစွာ ရှိနေကြလေတော့သည်။
credit : Myanmar Defence Weapons

တပ်မတော်(ရေ)၏ ပထမဆုံး အလံဆောင်စစ်သဘောင်္ကြီး မေယု


Htay Gyi's photo.

အဖွဲ့အစည်းတိုင်းအစုအဖွဲ့တိုင်းလူပုဂ္ဂိုလ်တိုင်းတွင် သမိုင်းဆိုသည်မှာရှိကြစမြဲ
ပင်ဖြစ်သည်။သမိုင်းဆိုသည် မှာမေ့ဖျောက်ကာမရစကောင်းသော မှတ်တိုင်ပင် ဖြစ်ပါသည်။
မြန်မာ့တပ်မတော်သမိုင်းတွင် မဖြစ်မနေထေည့်သွင်းပြောကြားရမည့်အရာမှာ
အလံဆောင်ဖရီးဂိတ်စစ်သဘောင်္ကြီးမေယုပင်ဖြစ်ပါသည်။


မေယုသည်လွတ်လပ်ရေးနှင့်အတူ ကြီးကျယ်သောသမိုင်းတစ်တစ်ခုကိုရေးထိုးခဲ့သော
တပ်မတော်၏သမိုင်းကို တစ်စိတ်တစ်ပိုင်းလှစ်ဟပြနေသော မိခင်အိုကြီးပင်ဖြစ်ပါသည်။
သူမသည်ယခုအခါတော့ရေတပ်လေ့ကျင့်ရေးဌာနချုပ်တွင် နှောင်းခေတ် ရေတပ်သားတို့အား
အတိတ်၏ကြီးမြတ်ခြင်းကိုပြသကာပြတိုက်သဘောင်္ကြီးဖြစ်အဖြစ်အနားယူနေချေပီ။

မေယု(UBS Mayu) သည်မြန်မာ့တပ်မတော်၏ပထမဆုံးဖရီးဂိတ် River-class ဖြစ်ပါသည်။
၁၉၄၇ မေလ ၂၅ရက်နေ့တွင် ဗြိတိသျှတော်ဝင် ရေတပ်မတော်မှ HMS Fal စစ်သဘောင်္အား
အားအငှားစနစ်ဖြင့် မြန်မာ့တပ်မော်ရေသို့လွဲပြောင်းပေးခဲ့ကာ ဗိုလ်ချုပ်အောင်ဆန်းမှလက်ခံခဲ့
ကာ မေယုအဖြစ်တပ်တော်ဝင်ခဲ့ပါသည်။တပ်မတော်တွင်၃၂ နှစ်တိုင်တိုင်တာဝန်ထမ်းဆောင်
ခဲ့ကာ၁၉၇၉ ခုနှစ်တွင်တပ်တော်ဝင်ဖျက်သိမ်းကာ ပြတိုက်သဘောင်္အဖြစ်ပြောင်းလဲခဲ့သည်။

HMS FAL

တော်ဝင်ရေတပ်မတော်၏ဖရီးဂိတ်စစ်သဘောင်္ HMS FAL အဖြစ် ၁၉၄၃ ဇူလိုင်လ ၂ရက်နေ့တွင်
အင်္ဂလန်နိုင်ငံပို့စ်မောက်သဘောင်္ကျင်းတွင်တပ်တော်ဝင်ခဲ့ကာ မြောက်အတ္တလတိတ်သမုဒ္ဒရာ
စစ်ဆင်ရေးများ မြောက်အာဖရိကတိုက်စစ်တင်ရေးများတွင် ရေငုပ်သဘောင်္တိုက်ဖျက်ရေးနှင့် ရေယာဉ်စု အစောင့်လိုက်တာဝန်များထမ်းဆောင်ခဲ့သည်။ထို့နောက်အာရှပစိဖိတ် စစ်မြေပြင်သို့ရွှေ့ပြောင်း
ခဲ့ပြီးရန်ကုန်တွင် အခြေပြုခဲ့သည်။နောက်ပိုင်းမြန်မာနိုင်ငံအားလွတ်လပ်ေ၇းပေးမည့်အချိန်တွင်
ဗမာ့အပျော်တမ်းရေတပ်မတော်သို့လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

UBS Mayu

လွတ်လပ်ရေးရရှိပြီးနောက် လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာသော ပြည်တွင်းပြည်ပ အရေးအခင်းများတွင်မေယုသည်တစ်တပ်တစ်အားပါဝင်လာခဲ့ရပြန်ချေသည်။ မေယုပါဝင်ဆင်နွဲ
ခဲ့ရသည့် ထင်ရှားသောတိုက်ပွဲများမှာ-

ရန်ကုန်မြို့ကယ်တင်ရေးအင်းစိန်တိုက်ပွဲ
ပုသိမ်တိုက်ပွဲ
မူဂျာဟစ်ကုလားဆိုးစစ်သွေးကြွများအား ချေမှုန်းခဲ့သည့်ရခိုင်ပြည်နယ် ကျောက်ဖြူတိုက်ပွဲ
မော်လမြိုင် တိုက်ပွဲများတွင် အရေးပါသောကဏ္ဍမှ ပါဝင်ဆင်နွဲခဲ့ရပါသည်။ မေယု၏ပထမဆုံး
စစ်ရေယာဉ်မှူးမှာ ဒုတိယဗိုလ်မှူးကြီးခင်မောင်ဘိုဖြစ်ပါသည်။

၁၉၄၇ ခုနှစ်မေလ ၂၀ရက်နေ့ သဘောင်္လွဲပြောင်း လက်ခံသည့်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းမှအောက်ပါအတိုင်းမိန့်ခွန်းပြောကြားခဲ့ပါသည်-

" ဒီစစ်သဘောင်္ကြီးအားမြန်မာပြည်သို့ဌားရမ်းပေးခဲ့တဲ့ ဘုရင်မအစိုးရအား ကျေးဇူးတင်ရှိပါကြောင်း ဗမာ့အပျော်တမ်းရေတပ်မတော်အတွက်ရာသီဥတုမရွေးစစ်ဆင်နိုင်တဲ့ ပထမတန်းသဘောင်္တစ်စီး ဖြစ်လာမှာဖြစ်ပါကြောင်း၊မြန်မာ့ရေတပ်တွင် ဒီစစ်သဘောင်္ကြီးကိုနာမည်ပြောင်းလဲသုံးစွဲသွားရန်
န္ဒရှိပါကြောင်း နာမည်ကိုပေးရာမှာ နောက်ဆုံးစစ်ပွဲအတွင်းရခိုင် မေယုမြစ်ဝှမ်းစစ်ဆင်ရေး မှာ
ဂျပန်တွေကို ရွပ်ရွပ်ချွံချံ တိုက်ခိုက်ခဲ့တဲ့ ဗမာ့အပျော်တမ်းရေတပ်မတော်က အရာရှိတွေနဲ့ သဘောင်္သားတို့ရဲ့ဇွဲနဲ့သတ္တိက်ုဂုဏ်ပြာသောအားဖြင့် မေယုဟု အမည်ပေးလိုကြောင်း
ပြောကြားခဲ့ပါသည်"

မေယု၏အထွေထွေအချက်များ

အရှည်-၈၆ မီတာ
အလေးချိန်-၂၁၇၀တန်
အမြန်နှုန်း-၂၀နော့/ နာရီ
စစ်ဆင်နိုင်မှု-၇၂၀၀နောတီကယ်မိုင်
သေဘာၤသား-၁၇၇ဦး

လက္နက္မ်ား

၁၀၀မမ အမြောက် ၂လက်
၄၀မမ ဘိုဖာ ၄လက်
ရေငုပ်သဘောင်္တိုက်ဖျက်ရေး Heghog ရော့ကတ် ၂၄လုံး
ရေငုပ်သဘောင်္တိုက်ဖျက်ရေး Depth Charge ၁၅၀လုံး

ဒဏ္ဍာရီထဲက မျောက်နတ်ဘုရားမြို့ ကို ရှာဖွေ တွေ့ ရှိခြင်း


............................
ဗဟိုမေရိကမှာရှိတဲ့ ဟွန်ဒူးရပ်စ်နိုင်ငံအတွင်းက လူသူမနီးတဲ့ တောနက်ကြီးထဲမှာပါ ။ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ ဒဏ္ဍာရီတထဲက မြို့ တစ်မြို့ ရဲ့  အစအနများ ဖြစ်နိုင်ချေရှိတဲ့ သမိုင်းအထောက်ထားများကို ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က တွေ့ ရှိခဲ့တယ်လို့ ဆိုပါတယ် ။ တွေ့ ရှိခဲ့တဲ့ နေရာက Mosquitia မိုးရေသစ်တောထဲမှာ ဖြစ်ပါတယ် ။ တကယ်တော့ အဲဒီ တောကြီးထဲမှာ မြေကြီးအောက် တိမ်မြုတ်ပျောက်ကွယ်နေတယ်လို့ ယူဆထားတဲ့ ဒဏ္ဍာရီမြို့ တော် Ciudad Bkanca ရဲ့  အစိတ်ပိုင်းများကို ရှာဖွေဖို့အတွက် စွန့်စားသူများ ၊ ပညာရှင်များနဲ့ သဘ၀ကို ချစ်မြတ်နိုးသူများဟာ နှစ်စဉ် နှစ်တိုင်း လောရောက်ကြိုးပမ်းလေ့ရှိတယ်လို့ သိရပါတယ် ။ ဒါပေမယ့် အကြောင်း မထူးခဲ့ပါဘူး ။ အဲဒီ Mosquitia မိုးရေသစ်တောထဲမှာပဲ Ciudad Bkanca မြို့ လို နောက်ထပ်ဒဏ္ဍာရီထဲက မြို့ တစ်မြို့ ဖြစ်တဲ့ အဖြူရောင်မြို့  (သို့မဟုတ်) မျောက်နတ်ဘုရားမြို့  ( City of the Monkey God ) ဆိုတဲ့ ရှေးဟောင်းမြို့ တစ်မြို့ ရှိနေသေးတယ်လို့ စူးစမ်းရှာဖွေသူများက ယူဆထားတယ်လို့ ဆိုပါတယ် ။


ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ကတော့ စွန့်စားရှာဖွေ သူများနဲ့ ပညာရှင်များရဲ့  ကြိုးစားအားထုတ်မှုကြောင့် ပျောက်ဆုံးနေတဲ့ အဖြူရောင်မြို့  ( သို့မဟုတ် ) မျောက်နတ်ဘုရားမြို့  ( City of the Monkey God ) နဲ့ ပက်သက်တယ်လို့ယူဆရတဲ့ အထောက်ထားများကို တွေ့ ရှိခဲ့တယ်လို့ ဆိုပါတယ် ။ မြို့ တော် စွန့်ပြစ်သွားတဲ့ အချိန်ကနေ အခုချိန်ထိ လက်ရာ မပျက်မယွင်းရှိနေသေးတဲ့ ကျောက်ထွင်းပန်းပုရုပ်ထုများ ၊ ရတနာပစ္စည်းများနဲ့ လက်နက်များ သိုလှောင်တဲ့ နေရာတစ်ခုကို ရှာဖွေ တွေ့ ရှိခဲ့ရတာပါ ။ မြေကြီးထဲက ပြူထွက်နေတဲ့ ပစ္စည်းများမှာ စုစုပေါင်း 52 နှစ်မျိုး ဖြစ်ပြီး မြွေ ၊ လင်းတ စတဲ့ ရုပ်ပုံများကို ပုံဖော် ထွင်းထုထားတဲ့ ကျောက်လှေငယ်များနဲ့ ကျောက်ထိုင်ခုံများ ပါရှိတယ်လို့ ဆိုပါတယ် ။ အဲဒီ အထဲမှာ တူးခြားဆုံးက ကျောက်သားဦးခေါင်းတစ်လုံးပဲ ဖြစ်ပါတယ် ။ အဲဒီ ဦးခေါင်းကိုတော့ တောကြောင် ဦးခေါင်းပုံစံ ဖြစ်နိုင်တယ်လို့ ယူဆကြပြီး လက်မှု ပစ္စည်းများဟာ အေဒီ 1000 နဲ့ 1400 လောက်က Mesoamerica ဒေသမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းများ ဖြစ်နိုင်ကြောင်း ပညာရှင်များက သုံးသပ်ကြပါတယ် ။ ဒါပေမယ့်လည်း ပိရမစ်အောက်ခြေမှာ မူလလက်ရာမပျက် ရှေးဟောင်းပစ္စည်းများတွေ့ ရှိခဲ့တဲ့ နေရာကိုတော့ ပညာရှင်များက အဓိပ္ပါယ် မဖွင့်ဆိုနိုင်သေးဘူးလို့ ဆိုပါတယ် ။

16 ရာစု နှောင်းပိုင်းကာကနေ စူးစမ်းရှာဖွေလိုသူများ ဦးတည်ရှာဖွေနေခဲ့တဲ့ မျောက်နတ်ဘုရားမြို့ တော်ဟာ Mosquitia တောနက်ကြီးထဲမှာ ပျောက်ဆုံးနေတယ်လို့ ယူဆထားတဲ့ ရှေးဟောင်းဒဏ္ဍာရီမြို့ ဟောင်းများထဲက တစ်မြို့ အပါအ၀င် ဖြစ်ပါတယ် ။ မြို့ ဟောင်းနဲ့ ပက်သက်ပြီး သဲလွန်စ အနည်းပါးတွေ့ ခဲရပေမယ့် မြို့ တော်မှာ ဘယ်လို လူမျိုးစုတွေ နေထိုင်ခဲ့တယ်ဆိုတာကို မသိရသေးသလို ဒီကနေ့အထိလည်း အဲဒါတွေနဲ့ ပက်သက်ပြီး သဲလွန်စ ရှာဖွေ မတွေ့ ရှိရသေးပါဘူး တဲ့ ။ ကျောက်တုံးတွေနဲ့ ဖွဲ့ စည်းတည်ဆောက်ထားတဲ့ အဆောက်အအုံပန္နက်တွေကို တွေ့ရခြင်းအားဖြင့် အနီးအနားမှာ ရှိတဲ့ မာယာလူမျိုးတို့ရဲ့  လွှမ်းမိုးမှုရှိတယ်လို့ယူဆရပေမယ့်လည်း ဒီမြို့ ဟောင်းမှာ နေသွားတဲ့ သူများဟာ မာယာလူတွေတွေ မဟုတ်ကြဘူးလို့ ပညာရှင်များက ဆိုပြန်ပါတယ် .။ အငြိမ်းစား သုတေသီ တစ်ဦးဖြစ်တဲ့ အိုဒိုမိုဒီ ဆိုသူဟာ 1940 ပြည့်နှစ်မှာ အဖြူရောင်မြို့  ( သို့မဟုတ် ) မျောက်နတ်ဘုရားမြို့  ( City of the Monkey God ) ကို ရှာဖွေခဲ့ကြတဲ့ ပညာရှင်များအနက် အထင်ရှားဆုံး သုတေသီတစ်ယောက်ဖြစ်ပါတယ် ။ မျေက်နတ်ဘုရားမြို့ တော် ရှိနိုင်တယ်လို့ ယူဆထားတဲ့ Mosquitia တောနက်ကြီးထဲမှာနေထိုင်ကြတဲ့ အမျိုးနွယ်စုများက ဧရာမမျောက်ဘုရားတစ်ပါးရဲ့  ရုပ်ထုကိုမြိုပ်နှံထားတယ်ဆိုတာကို ဒေသခံများရဲ့  ပြောကြားချက်ကြောင့် သိရှိရကြောင်း အိုဒိုမိုဒီက ဖွင့်ဟခဲ့တယ်လို့ ဆိုပါတယ် ။ ဒါပေမယ့်လည်း အိုဒိုမိုဒီဟာ ခြိမ်းချောက်ခံရမှာကို စိုးတာကြောင့် မြို့ ဟောင်းတည်ရှိရာကို မဖွင့်ဟခဲ့ဘဲ နောက်ဆုံးမှာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ် ။

ဒါကြောင့်လည်း အဖြူရောင်မြို့  (သို့မဟုတ်) မျောက်နတ်ဘုရားမြို့  ( City of the Monkey God ) ဆိုတဲ့ ရှေးဟောင်းမြို့ တော်ကြီးဟာ အစရှာလို့ မရနိုင်အောင် ဖြစ်သွားရတော့တာပါ ။ နောက်ပြီး အိုဒိုမိုဒီ မသေဆုံးခင် ထုတ်ဖော်ပြောကြားချက်တစ်ခုမှာ မျောက်နတ်ဘုရားမြို့ တော်မှာ နေထိုင်ကြသူတွေဟာ မျောက်နတ်ဘုရားတစ်ပါးကို ကိုးကွယ်ယုံကြည်ကြပြီး အဲဒီလူများကလည်း သာမန်လူသားများနဲ့ မတူဘဲ လူတစ်ပိုင်း မျောက်တစ်ပိုင်းတွေ ဖြစ်ကြတယ်လို့ ဒေသခံတွေဆီမှ သိရကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ် ။ အဲဒီ အချက်ကြောင့်လည်း ခေတ်သစ်သုတသီ ပညာရှင်များက မျောက်နတ်ဘုရားမြို့  ( City of the Monkey God ) ကို ဒဏ္ဍာရီ မြို့ တော်အဖြစ် သပ်မှတ်ကြတာ နေမှာပါ ။


2012 ခုနှစ် အရောက်မှာတော့ သိပ္ပံနည်းကျ စူးစမ်းလေ့လာခြင်း မပြုလုပ်ရသေးတဲ့ ကမ္ဘာဒေသထဲမှာ ပါဝင်နေတဲ့ La Mesoamerica ဒေသရဲ့  ဝေးလံ သီခေါင်တဲ့ မြစ်ဝှမ်းဒေသတစ်ခုမှာ ဝေဟင်ကနေ စစ်တမ်းကောက်လေ့လာခဲ့ပါတယ် ။ အဲဒီလိုလေ့လာခဲ့ရာမှာ ဒေါ်လာသန်းချီတန်တဲ့ Lidar Scanner ကိုအသုံးပြုပြီး ရှာဖွေခဲ့ပါသတဲ့ ။ အဲဒီ ကရိယာနဲ့ လေယဉ် တစ်စီးပေါ်ကနေ အနီရောက်အောက်ရောင်ချည် ပစ်လွှတ်လိုက်တဲ့အခါ မြေကြီးပေါ်က အရာဝထ္ထုတစ်ခုနဲ့ ထိမိပြီး အဲဒီအရာဝထ္တုဟာ ရှေးဟောင်းပစ္စည်းဖြစ်နေခဲ့ရင် အာရုံခံ ကိရိယာဆီကို အချက်ချင်း သတင်းပို့တယ်လို့ ဆိုပါတယ် ။ မျောက်နတ်ဘုရားမြို့ ကိုလည်း အဲဒီနည်းအတိုင်း ရှာဖွေ တွေ့ ရှိခဲ့တာပါ ။ အဲဒီမြို့ တော်ကို ရှာဖွေတွေ့ ရှိခဲ့တဲ့ တောကြီးဟာ နှစ်ပေါင်း 600 လောက်လူသူအနီးတဲ့ ပုံစံမျိုးဖြစ်နေပြီး အဲဒီထဲမှာ ရှိနေကြတဲ့ သားရဲ တိရိဆ္ဆန်များနဲ့ မျောက်တွေဟာလည်း လူသားတွေကို တစ်ခါမှ မမြင်ဖူးတဲ့ပုံစံမျိုးနဲ့ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ် ။

အဖြူရောင်မြို့  (သို့မဟုတ်) မျောက်နတ်ဘုရားမြို့  ( City of the Monkey God ) ဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ မြို့ တစ်မြို့ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အခုချိန်ထိတော့ ဒဏ္ဍာရီထဲက မြို့ တစ်မြို့ အဖြစ် သတ်မှတ်ထားရအုံးမှာပါ ။ ဘာကြောင့်လဲဆိုတော့ အခုရှာဖွေ တွေ့ရှိခဲ့တဲ့ တွေ့ရှိချက်တွေကလည်း ဒဏ္ဍာရီထဲက မျောက်နတ်ဘုရားမြို့ နဲ့ ပက်သက်မှု ရှိမရှိကို ဆက်လက်လေ့လာ သုတေသနပြုပြီး ဖော်ထုတ်ရအုံးမှာမို့ ဖြစ်ပါတယ် ။ အခုလောလောဆယ် အခြေအနေမှာတော့ တွေ့ ရှိချက်တွေကို စာရင်းပြုစု မှတ်သားခဲ့တာကလွဲလို့ တူးဖော်မှုတွေ မပြုလုပ်သေးဘူးတဲ့ ။ နောက်ပြီး မသာမာသူတို့ရဲ့  အန္တရာယ်က ကင်းအောင် အထောက်ထားတွေ တွေ့ ရှိရာနေရာကိုလည်း ထုတ်ဖော်ပြောကြေငြာခြင်းမရှိဘဲ လှို့ဝှက်ထားသေးတယ်လို့ သိရပါတယ် ။ 

( ရန်နောင်စိုး )

အကိုးအကား ။ ။ ပျောက်ဆုံးနေသော ဒဏ္ဍာရီမြို့ ကို ရှာတွေ့ ခြင်း ( ကိုအောင် - မြောက်ဦး )

သူရဲကောင်း


 သိကောင်းစရာ သတင်းတို

ဂျပန်ခေတ်တွင် လွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်ကြိုးစားခဲ့သော မြို(ခေါ်)ခမီ တိုင်းရင်းသားတို့ ၏ တော်လှန်ရေးခေါင်းဆောင်များနှင့် တော်လှန်ရေးစခန်းများတည်ဆောက်ခဲ့သော နေရာများ သိကောင်းစရာ..............................

ဂျပန်ခေတ်တွင် လွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်ကြိုးစားခဲ့သော မြို(ခေါ်)ခမီ တိုင်းရင်းသားတို့ ၏
တော်လှန်ရေးခေါင်းဆောင်များဖြစ်ကြသော ကျောက်တော်မြို့ နယ်၊ ညောင်ပင်လှကျေးရွာမှ ပျံလွန်တော်မူခဲ့သော ဆရာတော်ကြီး ဦးပညာဝံသ မြို(ခေါ်)ခမီလူမျိုးတွင် သာမန်ဆရာတော် မဟုတ်ပေ..မစတာ တာဂျီမာ အုပ်ချုပ်သော အမှတ်(၁၃၆) ရခိုင်ပြောက်ကျားတပ်ဖွဲ့ မှ ပါဝင်ခဲ့သည်...ဗိုလ်ကြီး သာထွန်းအောင် ဦးဆောင်ပြီး ရခိုင်ပြောက်ကျားတပ်ဖွဲ့ ဝင်(၂၀)ဦးနှင့်အတူ အိန်ဒိယကို လိုက်ပါပြီး အိန်ဒိယမှာ ကိုညိုထွန်းနှင့်အတူ ဂျပန်တော်လှန်ရေးအတွက် လက်နက်ပစည်းများ 

ရခိုင်မှာ လေထီးနှင့် ချရန် အခြေခံလျှို့ ဝှက်စခန်းများ သတ်မှတ်ဆွေးနွေးခဲ့ချိန်မှာ ဆရာတော်က အဓိကပါဝင်ခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များ လေထီးနှင့် ဆင်းကြတဲ့ မြို(ခေါ်)ခမီ ကျေးရွာများမှာ ကျောက်တော်မြို့ နယ် ပန်းဖဲချောင်း နီချေရွာ၊ အညင်းတော၊ ပုလဲကိုင်းရွာတို့ ဖြစ် ကြသည်။ ထို့ နောက် တော်လှန်ရေးအတွက် အရေးပါ လျှို့ ဝှက် စခန်းများမှာ ကျောက်တော်မြို့ နယ် အနောက်ဘက်ရှိ ငါးယောက်ကိုင်းကျေးရွာ၊ မြောက်ဦးမြို့ နယ် လောင်းရှည်ချောင်းကျေးရွာ(ပျားတဲ) အကြီးတော်မကျေးရွာ၊ မောင်နှမကျေးရွာ ထိုကျေးရွာများတွင် မြို(ခေါ်)ခမီ တော်လှန်ရေးခေါင်းဆောင်များ 

မွှေးထုတ်ပေးခဲ့ကြောင်း၊ တော်လှန်ရေးခေတ်တွင် ဆရာတော် ပညာဝံသ စွမ်းဆောင်ချက်များမှာ ၁၉၄၇ ခုနှစ် ဧပြီလ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့သော မြေပုံမြို့ ညီလာခံတွင် ဆရာတော် ဦးစိတ်နာ၊ ဦးပညာသီဟနှင့် အတူ ဦင်္းပညာဝံသတက်ရောက်ခဲ့ပြီး ထိုညီလာခံမှ ဖွဲ့ စည်းခဲ့သော မြို(ခေါ်)ခမီ တိုင်းရင်းသား ဆိုင်ရာ လက်ဝဲညီညွတ်ရေးတပ်ပေါင်းစုမှာ ဆရာတော် ဦးစိတ်နာနှင့်အတူ သြ၀ါဒစရိယ ဆရာတော်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပေသည်။ ဆရာတော်အပါအ၀င် မြို(ခေါ်)ခမီ တော်လှန်ရေး ခေါင်းဆောင်ကြီးများစွာခဲ့ကြောင်းကို တော်လှန်ရေး သမိုင်းမှာ ဂုဏ်ရောင်ပြောင် သမိုင်းက သက်သေခံခဲ့ကြောင်း သိရှိရသည်...

လူမျိုးတစ်မျိုး၏ သမိုင်းသည် သိကောင်းစရာဝတ္ထုတစ်ပုဒ် ကဲ့သို့သက်မှတ်ထား၍
မရပါ တစ်နိုင်ငံလုံးနှင်းဆိုင်သော သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ကြိုးစားခဲ့သောအာဇာနယ် ခေါင်းဆောင်များဖြစ်ခဲ့သော်ငြားလည်း လူမျိုးရေး နိမ်နင်းမူရှိနေသောကြောင့် သမိုင်းတွင်မထင်ရှားခဲ့ရပေ ယခုကုလားတွေ နှင့် ပတိပခဖြစ်ချိန်ကျတော့ ရခိုင်ပြည်တိုင်းရင်းသားများဟု နိုးဆော်ခြင်းသည်
ရိုးသားပွင့်လင်းမူရှိသော လူမျိုးမဟုတ်ကြောင်းပေါ်လွင် နေပြီဖြစ်သည်
မြို(ခေါ်)ခမိ လူမျိုးတို့သွေးစည်းညီညွတ်မူရှိရန်လိုနေသည် သမိုင်းဆိုသည်မှာ
မုတ်သားမသုံးရ ဖြစ်ရပ်မှန်ကိုသာရေးသားသမိုင်းတင်ရသည် တာမှသမိုင်းဟုခေါ်သည်

နှလုံးသား ဒိုင်ယာယီ (၆)



၁၉၉၆ မတ်လ ၃၀ ရက် ……
ဘဝဇာတ်ဆရာက ‘ငါ့ရဲ့ဒဏ်ကို မင်းခံပေအုံး’ လို့ ကျိန်စာတိုက်ခဲ့လေသလားမသိ။ ဒုက္ခ  များစွာကို ခါးစည်းခံခဲ့ ရပြန်သည်။

နွေရာသီကျောင်းပိတ်ရက် ဖြစ်သောကြောင့် ရှေ့တန်းစစ်မြေပြင်သို့ထွက်ရန် ပြင်ဆင်ရတော့သည်။ လိုက်ပါ သွားရမည့်အဖွဲ့က စတင်တောခိုစဉ်က ဆုံစည်းခဲ့ရသော အမှတ်(၃)ခရိုင် ထိုတပ်တွင် တပ်ခွဲမှူးအဖြစ် တာဝန် ထမ်းဆောင်နေသော သူမှာ ကျနော်နှင့် ယောက်ဖတော်စပ် သူ။ ရှေ့တန်းစစ်မြေပြင်ဆိုသော်လည်း တောထဲ တောင်ထဲ လူသူလေးပါး ကင်းရှင်းသော ဒေသမျိုးမဟုတ်။ သံလွင်မြစ်အနောက်ဖက်ကမ်းရှိ လွိုင်ကော်၊ ဒီမောဆိုး၊ ဖရူဆို စသည့် မြို့ရွာများ အနီးအနားသို့ သွားလာလှုပ်ရှားရခြင်း ဖြစ်သည်။ မရောက်တာကြာပြီ ဖြစ်သောကြောင့်လည်း စိတ်တို့က တက်ကြွလန်းဆန်းနေသည်။ ဇနီးသည်ကတော့ ထိုခရီးစဉ်ကို သဘောမတူ။ ဖြစ်နိုင်လျှင် မသွားဘဲနေရန် ပြောကြားသည်။
အဘယ်ကြောင့်ဆိုသော် ဗေဒင်ပညာတွင် ကျွမ်းကျင်သူတဦးက ‘နင့်ယောက်ျားက အသက် (၂၄)နှစ် မကျော်ဘူး.. မယုံမရှိနဲ့ သေကိုသေရမယ် ..’ ဟု ဟောလိုက်သောကြောင့် ဖြစ်သည်။ ကျနော်ကတော့ မယုံကြည်။ ဖြစ်ချင်တာဖြစ် လုပ်လိုက်ရမှသာလျှင် ကျေနပ်တတ်သူတယောက်။ ဇနီးသည်နှင့် သားသမီးများကို ဥပေက္ခာပြုပြီး ခရီးစဉ်ကို စတင်ထွက်ခွာခဲ့သည်။ ၂၄  နှစ်ပြည့်ရန်ကား အနည်းငယ်သာ လိုတော့သည်။ တတောဝင်တတောင်ထွက် ခရီးကြမ်းနှင်ခဲ့ကြရာ နောက်ဆုံး သံလွင်မြစ်ကမ်း နံဘေးရှိ ရွာလေးတရွာသို့ ရောက်ရှိခဲ့သည်။ စစ်ပူကာလဖြစ်သောကြောင့် ရွာအတော်များများ မရှိကြ။ နီးစပ်ရာ ထိုင်းနိုင်ငံထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်နေကြသည်။ ရောက်သွားသောရွာတွင် မွေးမြူထားသော တိရစ္ဆာန်  နှင့် အိမ်စောင့်ရှောက်ရန် ရွာသားအနည်းငယ်သာ ကျန်ရစ်ခဲ့သည်။ လမ်းခရီးတလျှောက်တွင်လည်း ဟင်းစား ရှာမရ။ ထို့ကြောင့် ဆားနှင့်ထမင်းသာ နှစ်ပါးသွားခဲ့ရသည့် ရက်က ပိုများသည်။ ရွာရောက်တော့ ရဲဘော်လေး တဦးက သူ့ထံတွင် ရှိသော ငွေ ၁၅၀၀ ကျပ်ဖြင့် ဝက်ဖြူလေးတကောင်ကို ဝယ်ပြီး ပေါ်စားဖြစ်ခဲ့သည်။ ငတ်လာ ၍  လားမသိ။ မြိန်ယှက်စွာ စားသောက်ကြသည်မှာ ဘီလူးများ ဝင်စီးနေသကဲ့သို့ဖြစ်သည်။ ညပိုင်းရောက်သော အခါ ရဲဘော်အချို့က ကင်းစောင့်ပြီး ကျန်သူတချို့က ထွေရာလေးပါးပွားကြရင်း အိပ်မောကျသွားသည်။ နံနက် ၄ နာရီလောက် ကျနော်အိပ်ရာမှ လန့်ကာနိုးတော့ တကိုယ်လုံး ချွေးစေးတို့က အထိန်းအကွပ်မဲ့စွာ စီးဆင်း လျက်။ ကြောက်စိတ်တွေလွှမ်းမိုးနေသည်။ မြင်မက်ခဲ့သည့် အိပ်မက်ကို တွေးကြည့်မိပြန်တိုင်း ကြက်သီးပင် တဖြန်းဖြန်းထခဲ့ရသည်။ အိပ်မက်မှာ သံလွင်မြစ်ကြီးကို ခေါင်းအုံးဖက် ၍  ကူးနေရသည်မှာ မောပန်းလွန်း နေသည် ဟူ ၍  ဖြစ်သည်။ ဆာလောင်နေသော ဝမ်းမီးငြိမ်းသတ်ရန်အတွက် မီးဖိုပေါ်တင်ထားသော အိုးထဲမှ ဟင်းကို ခပ်မြည်းကြည့်ပြန်တော့ အာတွေယားကုန်သည်။ နိုးထနေသော ရဲဘော်တို့ ဝိုင်းရယ်မှ မီးဖိုကို သေချာ ပြန်ကြည့်မိသည်။ ဟင်းအိုးကား မဟုတ်။ ဝက်များကြွေးရန်အတွက် ငှက်ပျောပင်နှင့် ပိန်းပင်များ ဖြစ်နေသည်။ မျက်လုံးမှောက်သည်ဟု ဆိုရပေတော့မည်။ မြင်မက်ခဲ့ရသည့် အိပ်မက်အကြောင်းအရာများကို ရဲဘော်များထံ ပြန်လည် ဖောက်သည်ချမိလိုက်သောအခါ အငယ်မှ ‘ဆရာ့ အိပ်မက်အရဆိုရင်တော့ မကောင်းဘူး သေမလား တော့ မသိဘူး .. ကျနော်တို့ဆီမှာတော့ ရေနစ်သေတဲ့သူတွေ သူအိပ်တဲ့ခေါင်းအုံးနဲ့ ရေထဲမျှောပြီး အလောင်း ပြန်ရှာရတာ” ဟု ဆိုလာတော့ ပို ၍  ပင် လန့်ဖျတ်သွားရသည်။

အငယ်ထံမှလည်း စကားသံများ ပွင့်အံလာပြန်သည်။ ‘ဆရာ့ကို ပြောသာပြောရတာ ကျနော်လည်း အတူတူပါပဲ အိပ်မက်တွေက ဆိုးဝါးလွန်းလိုက်တာ ညက အဖေနဲ့ဦးလေးကိုလည်း တွေ့လိုက်ရသေးတယ်.. ကျနော့်ကို လည်း လာခေါ်လေသလားမသိ အဖေရယ် ဦးလေးရယ်က ဒီသံလွင်မြစ်ကြိးမှာပဲ ဆုံးသွားကြတာလေ … ဘာတွေဆက်ဖြစ်အုံးမလဲဆိုတာ မတွေးရဲလောက်အောင်ပါပဲဗျာ ..အမေ့ကိုလည်း ကျနော် အရမ်းလွမ်းနေမိ တယ်… ဘာပဲဖြစ်ဖြစ် ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ လို့ မှတ်ရတော့မှာပဲ’ ဟု သူကပြောလာပြန်သည်။ ကျနော်တို့လည်း ရည်မှန်းချက်ပန်းတိုင် ရောက်ရန်အတွက် ဆက်လက်ချီတက်ကြရပြန်သည်။ သံလွင်မြစ်၏ မြည်ဟီးသံကို ခပ်ဝေးဝေးကပင် အတိုင်းသား ကြားနေရသည်။ အနည်းငယ် ခရီူးဆက်လိုက်သည်နှင့် သံလွင်မြစ်က ကျနော်တို့ကို ဆီးကြိုနေသည်။ သံလွင်မြစ်တဖက်ခြမ်းတွင် ရဲဘော်တချို့ရှိသည်။ နွေရာသီ မြစ်ရေပြင်မှာ ကျဉ်းမြောင်းသောကြောင့် လှမ်းအော်နှုတ်ဆက် ၍ ပင်ကြားရသည်။ မြစ်ကိုဖြတ်ကူးရန် လှေက မရှိ။ အစိုးရတပ်နှင့်တိုးကာ ခုတ်ထစ်နစ်မြှုပ်ပစ်လိုက်ကြသည်။ တဖက်ကမ်းရှိ ရဲဘော်တို့ကလည်း စခန်းဟောင်း တွင် ကျန်ရစ်ခဲ့သော ဝက်ကြီးကို သတ်စားပစ်လိုက်ကြရန် စက်ဖြင့် အကြောင်းကြားလာကြပြန်သည်။ လက်စွဲတော် ကာဘိုင်ကို ယူပြီး ဝက်ရှာတော်ပုံခရီးကို ကျနော်ဖွင့်လိုက်မိသည်။ သိပ်မရှာလိုက်ရ ဝက်ကြီးကို လှမ်းတွေ့လိုက်ရသည်နှင့် ကာဘိုင်ကို မောင်းတင်ကာ မျက်လုံး ၂ လုံးကြား သေချာစွာ ချိန်တွယ်ပြီး ပစ်လိုက်မိ သည်။ ကျည်ကမထွက် ။ ကျည်အသည်ဟုအထင်နှင့် မောင်းတင်ကာ ထပ်တလဲလဲ ပစ်မိသည်။ မည်သို့ပင် ပစ်ပစ် ကျည်ကမထွက်။ သေနတ်ကို ကိုင်ရင်းတွေဝေသွားသည်။ ဝက်ကြီးအနီးသို့ ချဉ်းကပ်သွားပြီး ဦးခေါင်းကို ပစ်ရန် ခလုတ်ဆွဲခါနီး ဝက်ကြီး၏ မော့ကြည့်သည့် မျက်လုံးဒဏ်ကို ကျနော်ရင်မဆိုင်ရဲခဲ့။ သေချာကြည့်လိုက် တော့ နေ့စေ့လစေ့ မွေးဖွားခါနီး ဝက်မကြီးဖြစ်နေသည်ကို အံ့သြဖွယ်တွေ့လိုက်ရသည်။ မပစ်ရက်တော့။ ကျနော့်ကြောင့် သူတကောင်တည်းသေဆုံးသွားမည်မဟုတ်။ သူ၏ရင်သွေးများ ဆက် ၍  မစဉ်းစားရဲ။ နောက်ကြောင်းသို့ သုတ်ခြေတင်လိုက်ရသည်။ မိခင် မေတ္တာသည် မည်မျှကြီးမားမြင့်မြတ်ကြောင်း ဘဝနှင့် ရင်း ၍ ကျနော်သိရှိလိုက်ရသည်။ မလှမ်းမကမ်း မီးဖိုအဟောင်းထဲတွင် ဟိုရှာဒီရှာ ရှာနေသည့် အငယ်ကို တွေ့လိုက် ရသည်။ ‘ဘာလုပ်နေတာလဲကွ’ ဟုကျနော်လှမ်းမေးလိုက်တော့ သူက ‘ဒီမှာကြည့်စမ်းပါအုံး မီးဖိုထဲဝင်လာတဲ့ ရန်သူ မိုင်းနင်းမိသွားပြီထင်တယ် အသားစတွေ ထရံမှာကပ်နေတာ အများကြီးပဲ အဲဒါ ကျနော် မြည်းကြည့် နေတာ’ ဟု ဆိုလိုက်တော့ ‘အငယ်ရေ ပေါက်ကရတွေတော့ မလုပ်နဲ့ ဟိုဘက်ကမ်းကူးဖို့ ဖောင်လုပ်ရအုံးမယ်’ ဟုဆိုကာ ခေါ်လာခဲ့ရသည်။ မြစ်ကမ်းနံဘေးရှိ သဲပြင်တို့မှာ အပူရှိပြင်းလွန်းသောကြောင့် တရှိန်ရှိန်နှင့် တံလျှပ် များပင် ထနေသည်။ ဝါးလုံးခေါင်းပေါက်ထဲမှ ဖမ်းမိသော ကြွက်ငယ်တကောင်ကို အငယ်က သဲတွင်းသို့ ထိုးသွင်းလိုက် အမွှေးနှုတ်လိုက်နှင့် လုပ်နေသေးသည်။ ကျနော်နှင့် ရဲဘော်တချို့ကတော့ ဖောင်ဖွဲ့နေကြသည်။ အစိုးရတပ်က ဘယ်အချိန် လာဝိုင်းထားသည်မသိ။ သေနတ်သံကြားတော့ ပြေးရန်နေရာ မရှိတော့ ။ ဖောင်ပေါ်တက်ကာ ရေထဲဆင်းပြေးကြရတော့သည်။ ရေစီးက သန်သလို စုတ်ဝဲမှုတ်ဝဲကြား ဖောင်လေးက ရေရှည်မခံ တစစီကွဲသွားရှာတော့သည်။ ကျနော့်လက်ထဲမှာတော့ M16 တလက်၊ ဝါးတလုံး။ ကျန်သူတွေက ကိုယ်လွတ်လက်လွတ် ဖြစ်ကုန်ကြသည်။ မြန်ဆန်သော ရေစီးကြောင်းအကြား မြုပ်လိုက်ပေါ်လိုက်နှင့် အငယ်က ခွန်အားဗလကောင်းသောကြောင့် ရေထဲမှာ အချိန်တော်တော်ကြာ ကူးခတ်နိုင်သည်။ အရှေ့ဘက်ကမ်းသို့ ကူးသွားသည်မှာ မြန်ဆန်လွန်းနေသည်။ မည်သို့ စိတ်ကူးပေါက်သွားသည်မသိ။ ရေထဲ ကျန်ရစ်ခဲ့သည့် ရဲဘော်တွေကို ကြည့်ရင်း တဖန်ပြန်လည်ကူးခတ်ပြီး ကူညီရန်လာသောအခါ ခွန်အားတို့ ကုန်ဆုံး ၍ သံလွင်မြစ်ကြီးကို အရှုံးပေးလိုက်ရသည်။ တကိုယ်ကောင်းမဆန်သော အငယ်ပင်ဖြစ်သည်ဟု ဆိုရပေမည်။ မြစ်ရေမှာ အေးလွန်းသောကြောင့် ကျနော့်ခြေလက်များ ကပ် ၍ပင်လာလေသည်။ တောင်နီအနီး သို့ ချဉ်းကပ်လာတော့ ရေစီးက ပိုမြန်သလို ဝဲများကလည်း ပို ၍များလာသည်။ သေမည့်အတူတူ မထူးဟု ယူဆပြီး ဝါးလုံးကို ကမ်းဘက်သို့ ထိုးလိုက်ကူးလိုက်နှင့် ကမ်းနှင့် အလွန်ပင် နီးကပ်လာတော့သည်။ တွေဝေ မနေတော့။ ဝါးလုံးကို လွှတ် မျက်လုံးကို စုံမှိတ် ကမ်းရှိရာသို့ မှန်းဆ ၍ အားသွန်ခွန်စိုက် ကူးလိုက်သည်။ ကျောက်ဆောင်နှင့် လက် ရိုက်မိလျက်သား ဖြစ်သွားသည်။ ကုန်းပေါ်သို့အတင်းကုန်းတက်ပြီး အသက်ကို လုရှူနေရသည်။ ဝမ်းသည်လည်း ဖောင်းကားနေသည်။ ရေမည်မျှ ဝင်ရောက်ခဲ့သည်ကိုပင် မသိတော့။ လက်ညှိုးဖြင့် အာခေါင်ကို နှိုက်ပြီး အန်ထုတ်လိုက်မှ နေသာထိုင်သာ ရှိသွားသည်။ အေးမြမြလေကြောင့် လူမှာ အတော်ပင် ခိုက်ခိုက်တုန်နေသည်။ ခန္ဓာကိုယ်တခုလုံး ဘောင်းဘီတိုလေး တထည်သာ။ သဲပြင်ကို လက်ဖြင့် တူးဆွကာ ခန္ဓာကိုယ်ကို ပြန်လည်ဖုံးလွှမ်းလိုက်သည်။ သွေးသားများ ပုံမှန် ပြန်လည် လည်ပတ်စေရန် အတွက် သဲအပူရှိန်ဖြင့် ပြန်လည် နှိုးဆွခြင်းလည်း ဖြစ်သည်။ နာရီဝက်ခန့်အကြာ ခန္ဓာကိုယ်တခုလုံး နွေးထွေးပြီး အကြောအခြင်တွေလည်း ပုံမှန်ပြန်ဖြစ်သွားပုံရသည်။ ဝါးလုံးခြောက်တချောင်းကို အဖော်ပြုရင်း ခရီးဆက်ခဲ့ ရပြန်သည်။ ည ၈ နာရီ ဝန်းကျင်လောက်တွင်တော့ လိုက်လံရှာဖွေသော အဖွဲ့နှင့် တိုးတော့သည်။ ကျနော့်ကို မြင်တော့ အားလုံး အံ့အားသင့်နေကြသည်။ အဝတ်နှင့် စောင်များယူလာပြီး လွှမ်းခြုံပေးလိုက်ကြသည်။ ချက်ပြုတ်ထားသည်များကိုလည်း ခူးခပ်ကျွေးမွေးကြပြန်သည်။ ထိုနောက်မှ စကားဆိုလာကြသည်။ ‘အားလုံး သေသွားပြီလို့ တွက်ထားတာ အသက်ရှင်လျက်ပြန်တွေ့ရမယ်လို့တောင် ထင်မထားဘူး ကျနော်တို့လည်း လိုက်ရှာရင်း မတွေ့တော့လို့ လက်လျှော့လိုက်ကြတာ သေကံမရောက် သက်မပျောက်ဆိုတာ အဟုတ်ပဲဗျာ’ ဟု ပြောလိုက်သော စကားသံသည် ယနေ့တိုင်အမှတ်တရ ရှိနေဆဲ။ အထီးကျန်စွာဖြင့် သံလွင်မြစ်ကမ်းနံဘေး ၇ ရက်တာ ကာလကို ဖြတ်သန်းလိုက်ရသည်။ ထိုင်းမြန်မာနယ်စပ် ပြန်မည့် ဆရာ ငါးရယ် (ယခုဖင်လန်နိုင်ငံတွင် အခြေချနေသူ) နှင့် တွေ့ဆုံ ၍ မိသားစုထံ ပြန်လည်ပေါင်းစည်းလိုက်ရခြင်း ဖြစ်သည်။

တကိုယ်ကောင်းမဆန် သတ္တိပြောင်မြောက်စွာဖြင့် ကျဆုံးသွားသော အငယ် (နောင်ယား) နှင့် ကျေးဇူးတင် ထိုက်သူ အားလုံးအား ကျေးဇူးတင်လျက် ….။
(ဆက်ပါဦးမည် )

နှလုံးသား ဒိုင်ယာယီ (၅)

‘ဘာသာမတူ လူမျိုးမတူလို့ ရန်မဖြစ်ကြနှင့်’ ဆိုသည့် ဆရာတော်ကြီးဟောသည့် စကားကိုမှတ်သားမိသော အခါ ဘဝဖြတ်သန်းမှုတွင် တွေ့ကြုံဆုံစည်းခဲ့ရသည့် အဖြစ်တို့ကိုလည်း တဖန်ပြန်လည် သတိရစေပြန်သည်။ ကျနော် နှင့် ဇနီးသည်က လူမျိုးဘာသာ မတူကြ။


ဇနီးသည်က ကယောအမျိုးသမီးဖြစ်သလို မိရိုးဖလာ ခရစ်ယာန် ဘာသာဝင်လည်း ဖြစ်သည်။ ဘာသာစကား အတော်များများနှင့် လက်မှုပညာများကိုလည်း ဘဝပေးအခြေအနေအရ တတ်မြောက်ခဲ့သည်။ ကယား၊ ကယော၊ ကယန်း၊ ဂေပါး နှင့် ကရင် ဘာသာစကားများကို ကောင်းစွာပြောဆိုတတ်သည်။ ကလေးများဝတ်ဆင် ရန်အတွက်လည်း ကိုယ်တိုင်ဂျပ်ခုတ်သည်။ နှီးဖြာ ပလိုင်းထိုး လက်မှုပညာအတော်များများကို တတ်မြောက် ထားလေသည်။

ကျနော် နေထိုင်ရာ ဒေသမှာ အဓိက ခရစ်ယာန်ဘာသာဝင်က အများစုဖြစ်သည်။ တနင်္ဂနွေနေ့ တိုင်း ဇနီးနှင့်အတူ ဘုရားကျောင်းသို့လည်း ရောက်ဖြစ်သည်။ ဘာသာခြား ကျနော့်ကို ယူထားသောကြောင့် ကျနော့်ဇနီးသည်က ဘုရားသခင်ထံ အပြစ်ဝန်ခံခွင့် မရှိ။ လက်ထပ်ခြင်း မင်္ဂလာ ရှိမှသာ အပြစ်ဝန်ခံခွင့် ရရှိသည်။ ထို့ကြောင့် မဖြစ်မနေ လက်ထပ်ခြင်း မင်္ဂလာပြုရန် ကျနော့်အား တိုက်တွန်းလေသည်။ ကျနော်လည်း ငြင်းဆိုခြင်းမပြု။ ကြည်ကြည်သာသာနှင့် လိုက်လျောခဲ့သည်။ သူ၏ ဆန္ဒ ကို မျက်ကွယ်ပြုရန် ကျနော့်တွင် ဆန္ဒ  မရှိသောကြောင့် လည်းဖြစ်သည်။

ကျနော်တို့ သတိုးသား သတိုးသမီး မိဘများအဖြစ် ဂျိုဝါးနီ နှင့် ဆရာမ မာရိယာတို့မှ ဦးစီးဦးဆောင်ပြု ဆောင်ရွက်ပေးပါသည်။ ဘုန်းတော်ကြီး ဖဲပြားရှေ့မှောက်တွင် သမီးငယ်လေးကို ရင်ခွင်ပိုက်ရင်း ကျနော်တို့ နှစ်ဦး လူသိရှင်ကြား မင်္ဂလာဆောင်ဖြစ်လိုက်ကြသည်။ ဘာသာရေးအရ ကန့်သတ်ချက်များတော့ ရှိသည်။ ထိုအချက်များကို ကျနော်ကိုယ်၌  ကလည်း သဘောတူသည်။ အခြားမဟုတ်။ ကျနော်တို့ နှစ်ဦးမှ မွေးဖွား လာသော ရင်သွေးငယ်များမှာ မိခင်ဘာသာ သို့သာ ဝင်ရောက်ရမည် ဟူ၍ ဖြစ်သည်။ ကျနော်တို့ စခန်းတွင် ဗုဒ္ဓဘာသာဝင် ဟူ၍ အနည်းသာ ရှိလေသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးမှာ ရှားရှားပါးပါး တစ်ပါးသာ။ ဘွဲ့အမည်ကိုတော့ ကောင်းစွာ မမှတ်မိ။ လူအများက ဦးဇင်း ဖိုးဆိတ်ဟုသာ အခေါ်များကြသည်။ သူကလည်း သူပင်။ လပြည့်လကွယ်တရားဟောမည်ဆိုလျှင် အလွတ်မရသောကြောင့် ဗလာစာအုပ်ကိုင်ပြီး တလုံးချင်း လိုက်ဖတ်စေသည်။ ထိုမှာ သူ၏ ပင်ကိုယ်စတိုင် တရားဟောနည်းပင်ဖြစ်သည်။ သူ့ကျောင်းနှင့် ကျနော့်အိမ်မှာ တောင်ပေါ်တောင်အောက် မြင်နိုင်ကြားနိုင်သည့် အကွာအဝေးတွင်သာ ရှိသည်။ ရသမျှ ဆွမ်းကွမ်းတို့ကိုလည်း ကျနော်တို့ မိသားစုအား မျှဝေကျွေးမွေးတတ်သည်။


မည်သူပင်ဖြစ်စေ ရှိသောဘုန်းကြီးသာလျှင် ကိုးကွယ်ရာ ဖြစ်ခဲ့ရလေသည်။ ကျနော့်အိမ်တွင်လည်း ဘုရားကျောင်းဆောင် အတွက်လိုအပ်သော ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း အစ ဇနီးသည်က တာဝန်ယူပြီး ကပ်လှူ သည်။ နှစ်ဦးအကြား ဘာသာရေးအရ ခွဲခြားဆက်ဆံမှု မရှိကြ။ တနင်္ဂနွေနေ့ ရောက်သည်နှင့် ကျနော်တို့ ဇနီးမောင်နှံ ဗျာများရသည်။ ဘုရားကျောင်းရှိ လူငယ်မောင်မယ်များ အိမ်တွင်လာရောက်၍ ဘုရားရှိခိုး ဆုတောင်းပေးလေ့ရှိသည်။ ထို့ကြောင့် တနင်္ဂနွေနေ့ ရောက်ပြီဆိုလျှင် ကျနော့် ဘုရားက ကြွပ်ကြွပ်အိတ်ထဲ ဝင်ကာ အိမ်တွင်းပုန်းရသည်။ သခင်ယေရှုက ကျောင်းဆောင်ပေါ်သို့ ပြန်လည်နေရာယူပြန်သည်။ ဆုတောင်း ထောပနာပြုပြီး လူငယ်မောင်မယ်တို့ ပြန်သွားသည်နှင့် ကျနော့်ဘုရားက မူလနေရာပြန်ရလေသည်။ ကျနော်တို့ နှစ်ဦးအကြား ဘုရားများလည်း အလုပ်ရှုပ်ခဲ့ဖူးလေသည်။

ဇနီးသည်က မိသားစု စားဝတ်နေရေးအတွက် တဖက်တလမ်းမှ ဝင်ငွေရရန်အတွက် ရှာကူသည်။ နံနက် ၃ နာရီ ထိုးသည်နှင့် အိပ်ရာမှထပြီး ထမင်းများ ချက်ပြုတ်သည်။ ကလေးများ စားရန်နှင့် ကျနော်စားရန် ခွဲပေးပြီး သည်နှင့် ခြင်းကြားကိုလွယ်ကာ အင်ဖက်ကောက်ရန်အတွက် တောထဲသို့ ဝင်ရလေသည်။ နံနက် ၉ နာရီကျော် မှာသာလျှင် ပြန်ရောက်လေသည်။ ရရှိလာသော အင်ဖက်အရိုးများကို ကျနော်က ခုတ်သင်ရှင်းလင်းပေးရသည်။ ဖက်ထိုးရန် လိုအပ်သော နှီးနှင့် တုတ်တံကိုတော့ သူကိုယ်တိုင်ဖြာလေသည်။ ထိုအလုပ်မှာ နေ့စဉ်ရက်ဆက်။ ဒုတိယ သမီးလေး ကိုယ်ဝန်ရှိလာတော့ စိတ်သွားတိုင်း ကိုယ်မပါတော့ အလုပ်ကိုလည်း ကောင်းစွာမလုပ်နိုင် စားဝတ်နေရေးက ကျပ်တည်းလာပြန်သည်။

ကျနော်ရရှိသော ကျောင်းလခ သုံးရာကလည်း အခြေအနေ အမျိုးမျိုးကြောင့် လစဉ် ပုံမှန်မရ။ ကိုယ်ဝန်ရင့်လေ ငွေမှာပို၍ လိုလာလေသောကြောင့် ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိ။ မိတ်ဆွေ တယောက် ချေးထားသော ငွေတရာ့ငါးဆယ်ဘတ်ကို သတိရလိုက်သည်။ ထိုမိတ်ဆွေ နေထိုင်ရာ နန်းဆွယ်ရွာ နံဘေးရှိ လယ်ကွင်းထဲတွင် ငွေအနဲငယ် ပြန်မျှရန် ပြောလိုက်သောအခါ စကားပြန်မရ။ ဓားဆွဲကာ ကျနော့်ကို ခုတ်တော့သည်။

ရှောင်နိုင်သမျှ ရှောင်တိမ်းရင်း အသက်လုနေရသည်။ လုံးထွေးသတ်ပုတ်ကြရာ ကျနော့်လက်ထဲ ဓားရောက် သွားတော့ ရန်သူကြီးသဖွယ် သဲသဲမဲမဲ ခုတ်လိုက်မိသည်။ မိတ်ဆွေဖြစ်သူနှင့် ဇနီးသည်တို့ ဓားဒဏ်ရာ ဗလပွ နှင့် သွေးရူးသွေးတမ်း ပြေးနေသော်လည်း ကျနော်က လိုက်ခုတ်နေမိသေးသည်။ ရွာသို့ ပြန်သောအခါ ရပ်ရွာ လုံခြုံရေးအဖွဲ့များက ကျနော့်ကို ဖမ်းဆီးလိုက်ကြသည်။ အုပ်ချုပ်ရေးမှူး ခူးခဲလေ အိမ်ရောက်သည့်တိုင် ဒေါသ တို့က အထွတ်အထိပ်သို့ ရောက်နေသည်။ ချုပ်နှောင်ထားရန်အတွက် ကြိုးတုပ်ကာ ဆန်ဂိုဒေါင်ထဲ ထည့်ထား လိုက်သည်။

ထိုအချိန်တွင် ရပ်ရွာအတွက် အချုပ်ခန်းမရှိ။ အချုပ်ခန်းဆောက်ပြီးသောအခါ ကျနော့်အား အချုပ်ခန်းသို့ ပို့ဆောင်လိုက်ကြသည်။ အချုပ်ထဲတွင် ၄၅ ရက်တာ ကာလတခုကို ဖြတ်သန်းလိုက်ရသည်။ ကိုယ်ဝန် အရင့်အမာနှင့် ဇနီးသည်က တနေ့ နှစ်ကြိမ် ထမင်းပို့ပေးရသည်။ ကျနော် သိပ်ကြိုက်သော ‘လှကျော်’ တံဆိပ် ဆေးပေါ့လိပ်ကိုလည်း မဖြစ်မနေ ရှာကြံဝယ်လာရ သေးသည်။ ဒုက္ခ ကြီးစိုးသော ကာလလည်း ဖြစ်လိမ့်မည်။ အချုပ်ခန်းထဲ ရှိနေစဉ် မိတ်ဆွေတဦးနှင့် တရက်တာ ဆုံစည်းလိုက်ရသေးသည်။ ဘဝကို ကြံ့ကြံ့ခံ တိုက်ပွဲဝင် တတ်ရန်အတွက် ခွန်အားများကိုလည်း သူက လက်ဆောင်ပေးသွားခဲ့သေးသည်။

ထိုနေ့ည စကားလက်ဆုံကျ နေစဉ် မည်သည့်အဖွဲ့အစည်း မှန်းမသိ နန်းဆွယ်ရွာတွင်း ဝင်ရောက်ပစ်ခတ် သည်မှာ အချိန်အတော်ကြာလေ သည်။ ထိုပစ်ခတ်မှုဖြစ်စဉ်နှင့် ကျနော့်မိတ်ဆွေကြီး ပတ်သက်နေသည်ဟု အားလုံးက သံသယ ဝင်နေကြသည်။ မနက်မိုးသောက် အလင်းရောက်တော့ မိတ်ဆွေကြီးလည်း မရဏလမ်း သို့ ကြွမြန်းသွားခဲ့ရသည်။ သူ့အကြောင်း ကိုတော့ ကျနော့်ရေးသားဖူးသော ‘လူမိုက်ကြီး၏ သံဝေဂ’ ဆောင်းပါး တွင် ဖတ်ရှုနိုင်လေသည်။
(ဆက်ပါဦးမည်)