တပ်မတော်(ရေ)၏ ပထမဆုံး အလံဆောင်စစ်သဘောင်္ကြီး မေယု

အဖွဲ့အစည်းတိုင်းအစုအဖွဲ့တိုင်းလူပုဂ္ဂိုလ်တိုင်းတွင် သမိုင်းဆိုသည်မှာရှိကြစမြဲ
ပင်ဖြစ်သည်။သမိုင်းဆိုသည် မှာမေ့ဖျောက်ကာမရစကောင်းသော မှတ်တိုင်ပင် ဖြစ်ပါသည်။
မြန်မာ့တပ်မတော်သမိုင်းတွင် မဖြစ်မနေထေည့်သွင်းပြောကြားရမည့်အရာမှာ
အလံဆောင်ဖရီးဂိတ်စစ်သဘောင်္ကြီးမေယုပင်ဖြစ်ပါသည်။

မေယုသည်လွတ်လပ်ရေးနှင့်အတူ ကြီးကျယ်သောသမိုင်းတစ်တစ်ခုကိုရေးထိုးခဲ့သော
တပ်မတော်၏သမိုင်းကို တစ်စိတ်တစ်ပိုင်းလှစ်ဟပြနေသော မိခင်အိုကြီးပင်ဖြစ်ပါသည်။
သူမသည်ယခုအခါတော့ရေတပ်လေ့ကျင့်ရေးဌာနချုပ်တွင် နှောင်းခေတ် ရေတပ်သားတို့အား
အတိတ်၏ကြီးမြတ်ခြင်းကိုပြသကာပြတိုက်သဘောင်္ကြီးဖြစ်အဖြစ်အနားယူနေချေပီ။

မေယု(UBS Mayu) သည်မြန်မာ့တပ်မတော်၏ပထမဆုံးဖရီးဂိတ် River-class ဖြစ်ပါသည်။
၁၉၄၇ မေလ ၂၅ရက်နေ့တွင် ဗြိတိသျှတော်ဝင် ရေတပ်မတော်မှ HMS Fal စစ်သဘောင်္အား
အားအငှားစနစ်ဖြင့် မြန်မာ့တပ်မော်ရေသို့လွဲပြောင်းပေးခဲ့ကာ ဗိုလ်ချုပ်အောင်ဆန်းမှလက်ခံခဲ့
ကာ မေယုအဖြစ်တပ်တော်ဝင်ခဲ့ပါသည်။တပ်မတော်တွင်၃၂ နှစ်တိုင်တိုင်တာဝန်ထမ်းဆောင်
ခဲ့ကာ၁၉၇၉ ခုနှစ်တွင်တပ်တော်ဝင်ဖျက်သိမ်းကာ ပြတိုက်သဘောင်္အဖြစ်ပြောင်းလဲခဲ့သည်။

HMS FAL
တော်ဝင်ရေတပ်မတော်၏ဖရီးဂိတ်စစ်သဘောင်္ HMS FAL အဖြစ် ၁၉၄၃ ဇူလိုင်လ ၂ရက်နေ့တွင်
အင်္ဂလန်နိုင်ငံပို့စ်မောက်သဘောင်္ကျင်းတွင်တပ်တော်ဝင်ခဲ့ကာ မြောက်အတ္တလတိတ်သမုဒ္ဒရာ
စစ်ဆင်ရေးများ မြောက်အာဖရိကတိုက်စစ်တင်ရေးများတွင် ရေငုပ်သဘောင်္တိုက်ဖျက်ရေးနှင့် ရေယာဉ်စု အစောင့်လိုက်တာဝန်များထမ်းဆောင်ခဲ့သည်။ထို့နောက်အာရှပစိဖိတ် စစ်မြေပြင်သို့ရွှေ့ပြောင်း
ခဲ့ပြီးရန်ကုန်တွင် အခြေပြုခဲ့သည်။နောက်ပိုင်းမြန်မာနိုင်ငံအားလွတ်လပ်ေ၇းပေးမည့်အချိန်တွင်
ဗမာ့အပျော်တမ်းရေတပ်မတော်သို့လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

UBS Mayu
လွတ်လပ်ရေးရရှိပြီးနောက် လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာသော ပြည်တွင်းပြည်ပ အရေးအခင်းများတွင်မေယုသည်တစ်တပ်တစ်အားပါဝင်လာခဲ့ရပြန်ချေသည်။ မေယုပါဝင်ဆင်နွဲ
ခဲ့ရသည့် ထင်ရှားသောတိုက်ပွဲများမှာ-
ခဲ့ရသည့် ထင်ရှားသောတိုက်ပွဲများမှာ-
ရန်ကုန်မြို့ကယ်တင်ရေးအင်းစိန်တိုက်ပွဲ
ပုသိမ်တိုက်ပွဲ
မူဂျာဟစ်ကုလားဆိုးစစ်သွေးကြွများအား ချေမှုန်းခဲ့သည့်ရခိုင်ပြည်နယ် ကျောက်ဖြူတိုက်ပွဲ
မော်လမြိုင် တိုက်ပွဲများတွင် အရေးပါသောကဏ္ဍမှ ပါဝင်ဆင်နွဲခဲ့ရပါသည်။ မေယု၏ပထမဆုံး
စစ်ရေယာဉ်မှူးမှာ ဒုတိယဗိုလ်မှူးကြီးခင်မောင်ဘိုဖြစ်ပါသည်။

၁၉၄၇ ခုနှစ်မေလ ၂၀ရက်နေ့ သဘောင်္လွဲပြောင်း လက်ခံသည့်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းမှအောက်ပါအတိုင်းမိန့်ခွန်းပြောကြားခဲ့ပါသည်-
" ဒီစစ်သဘောင်္ကြီးအားမြန်မာပြည်သို့ဌားရမ်းပေးခဲ့တဲ့ ဘုရင်မအစိုးရအား ကျေးဇူးတင်ရှိပါကြောင်း ဗမာ့အပျော်တမ်းရေတပ်မတော်အတွက်ရာသီဥတုမရွေးစစ်ဆင်နိုင်တဲ့ ပထမတန်းသဘောင်္တစ်စီး ဖြစ်လာမှာဖြစ်ပါကြောင်း၊မြန်မာ့ရေတပ်တွင် ဒီစစ်သဘောင်္ကြီးကိုနာမည်ပြောင်းလဲသုံးစွဲသွားရန်
န္ဒရှိပါကြောင်း နာမည်ကိုပေးရာမှာ နောက်ဆုံးစစ်ပွဲအတွင်းရခိုင် မေယုမြစ်ဝှမ်းစစ်ဆင်ရေး မှာ
ဂျပန်တွေကို ရွပ်ရွပ်ချွံချံ တိုက်ခိုက်ခဲ့တဲ့ ဗမာ့အပျော်တမ်းရေတပ်မတော်က အရာရှိတွေနဲ့ သဘောင်္သားတို့ရဲ့ဇွဲနဲ့သတ္တိက်ုဂုဏ်ပြာသောအားဖြင့် မေယုဟု အမည်ပေးလိုကြောင်း
ပြောကြားခဲ့ပါသည်"

မေယု၏အထွေထွေအချက်များ
အရှည်-၈၆ မီတာ
အလေးချိန်-၂၁၇၀တန်
အမြန်နှုန်း-၂၀နော့/ နာရီ
စစ်ဆင်နိုင်မှု-၇၂၀၀နောတီကယ်မိုင်
သေဘာၤသား-၁၇၇ဦး
အလေးချိန်-၂၁၇၀တန်
အမြန်နှုန်း-၂၀နော့/ နာရီ
စစ်ဆင်နိုင်မှု-၇၂၀၀နောတီကယ်မိုင်
သေဘာၤသား-၁၇၇ဦး
လက္နက္မ်ား
၁၀၀မမ အမြောက် ၂လက်
၄၀မမ ဘိုဖာ ၄လက်
ရေငုပ်သဘောင်္တိုက်ဖျက်ရေး Heghog ရော့ကတ် ၂၄လုံး
ရေငုပ်သဘောင်္တိုက်ဖျက်ရေး Depth Charge ၁၅၀လုံး

ไม่มีความคิดเห็น:
แสดงความคิดเห็น