ပျော်ရျွှင်းငြိမ်းချမ်းသောကမ္ဘာလေးရနိုင်ကျပါစေ
လာရောက်လည်ပတ်သူများကိုအထူပဲကျေးဇူတင်ပါသည်.ဇူလိုင်.မင်းဝေ

.

.

နိုင်ငံတကာ လာရောက်မိတ်ဆွေများ

วันเสาร์ที่ 30 พฤษภาคม พ.ศ. 2558










(၁) တရားထိုင်ခြင်း

တစ်နေ့ ကို ၁၀ မိနစ် ကနေ မိနစ် ၂၀ လောက် တရားထိုင်ပေး ခြင်းဟာ သင့်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အမူ အကျင့် တစ်ခု ဖြစ်ပါတယ်။ တရားထိုင်ခြင်းဟာ စိတ်ဖိစီးမှု တွေ ကို လျှော့ကျစေခြင်း၊ အိပ်ရေးဝခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးသွေးလည်ပတ်မှုကောင်းစေခြင်းစတဲ့ အကျိုးကျေးဇူး တွေ ကို ရရှိစေနိုင်တဲ့အတွက် တရားထိုင်ခြင်းကို ပြုလုပ်သင့်ပါတယ်။

(၂) အိပ်စက်ခြင်း

တစ်နေ့ ကို အနည်းဆုံး ၆နာရီခန့် အိပ်ပေးခြင်းဟာလည်း သင့်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ အိပ်ရေးမ၀ခြင်းဟာ သင့်စိတ်ကို အနှောင့်အယှက် ဖြစ်စေတာကြောင့် အနည်းဆုံးတစ်နေ့ကို ၆ နာရီခန့်  အိပ်စက်ပေးပါ။

(၃) ရေနွေးကြမ်းသောက်သုံးခြင်း

ရေနွေးကြမ်းဟာ သင့်ခန္ဓာကိုယ် အတွက် တကယ့်ကိုကောင်းမွန်စေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Green Tea ရေနွေးကြမ်းဟာ သင့် ဦးနှောက်စွမ်းရည်ကို တိုးတက်စေပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက်များစွာ အထောက်အကူပြုပါတယ်။

(၄) အားကစားမလုပ်ခင် သွေးပူလေ့ကျင့်ခန်းပြုလုပ်ပါ

အားကစား မလုပ် ခင်မှာ သွေးပူလေကျင့်ခန်း ပြုလုပ်ခြင်းဟာ ကြွက်တက်ခြင်း  နဲ့  အခြားဖြစ်ပေါ်လာနိုင်တဲ့ ဒဏ်ရာတွေ ကနေ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

(၅) နေကာမျက်မှန်တပ်ဆင်ပါ
 နေကာမျက်မှန်တပ်ဆင်ပါက UV 400 ခန့် ပါဝင်တဲ့  မျက်မှန်ကို တပ်ဆင်သင့်ပါတယ် ။ မျက်မှန်ဆိုဒ်ကြီးလေ သင့်အတွက်ကာကွယ်မှု ပိုရလေ ဖြစ်ပါတယ်။

ไม่มีความคิดเห็น:

แสดงความคิดเห็น