အိုင်စတိုင်းရေးသားသည့် The Fundaments of Theoretical Physics နှင့် The Laws of Science and The Laws of Ethics စာအုပ်များတွင် ပါရှိသော သိပ္ပံဆိုင်ရာ ဖော်ပြချက်အချို့ကို လေ့လာကြည့် ကြပါစို့။ သိပ္ပံပညာဆိုသည်မှာ ပုံစံတကျမရှိပြန့်ကျဲနေသော အတွေ့အကြုံသိ(ကိုယ်တွေ့ကြုံသိမှု) ကို အများသဘောညီ ယုတ္တိဗေဒနည်းကျ တွေးခေါ်မှုပုံစံနှင့် သဟဇာတဖြစ်ကိုက်ညီမှုရှိအောင်...
သိပ္ပံတွေးမြင်မှုသဘောအရဆိုလျှင် အတွေ့အကြုံဆိုသည်ကို တစ်ဦးချင်းကိုယ်တွေ့အတွေ့ကြုံ ဖော်ပြချက် ဖြင့်သာလျှင် တိုင်းတာသတ်မှတ်ရသည်။ ကိုယ်တွေ့အတွေ့အကြုံဆိုသည်မှာလည်း မိမိ၏ ရှာဖွေတွေ့ရှိချက် များကို အခြားသူတို့စဉ်းစားဆင်ခြင်မှုပြုနိုင်ရန် ထုတ်ဖော်တင်ပြချက်ပင်ဖြစ်လေသည်။ ကျွနုပ်တို့၏ အတွေး အမြင်များကို စုစည်းရမည်ဖြစ်သော်လည်း ယင်းသည် သိပ္ပံဖော်မြူလာတစ်ရပ်ဖော်ထုတ်ရန် မရှိမဖြစ်လို အပ်ချက်မဟုတ်ဘဲ ဖော်မြူလာ၌ပါဝင်သော ပင်ကိုသဘာဝလက္ခဏာရပ်ဖြစ်သည်ဟု လက်တွေ့စမ်းသပ်မှုဝါဒီ များက အခိုင်အမာဆိုကြသည်။ သိပ္ပံဆရာတို့က စဉ်းစားဆင်ခြင်တုံတရားထက် လက်တွေ့စမ်းသပ်မှုကို အလေးထားလေသည်။ ဤကား...
ကျွန်တော်တို့ စကြဝဠာကိန်းသေ ( Cosmological Constant ) အကြောင်းလေ့လာခဲ့ရစဉ်ကပင် အိုင်းစတိုင်း က ထိုဝေါဟာရ ထည့်သွင်းမှုနှင့်ပတ်သက်၍ သူ့ဘဝ၏အကြီးကျယ်ဆုံး အမှားဖြစ်ကြောင်း ဝန်ခံကြေညာ ခဲ့ပြီးဖြစ်လေသည်။ ပြောင်းလဲနေသော စက်ြဝဠာကို ထိန်းချုပ်ရန်နှင့် တည်တံ့သောစက်ြဝဠာစနစ်တစ်ခု ပုံဖော် နိုင်ရန် အတွက် အထွေထွေနှိုင်းရသီအိုရီ၌ စကြဝဠာဆိုင်ရာပုဒ် (စကြဝဠာကိန်းသေ) ထည့်သွင်းသည့် အမှားကို ကျူးလွန်မိခဲ့ကြောင်း အိုင်းစတိုင်းကိုယ်တိုင်ဝန်ခံခြင်းဖြစ်သည်။ ဤနေရာ၌...
သိပ္ပံပညာရှင်ကြီး နယူတန် (Newton) က အောက်ပါအတိုင်း ဖော်ပြခဲ့ဖူးလေသည်- “ဒီကမ္ဘာလောကကြီးထဲကို ကျွန်တော်ဘယ်လိုရောက်လာသလဲဆိုတာတော့ ကိုယ့်ကိုယ်ကို မသိရိုးအမှန်ပါ။ ဒါပေမဲ့ ကျနော်ဟာ သဲသောင်ပြင်ပေါ်မှာ ပြေးလွှားဆော့ကစားနေတဲ့ ကောင်လေးတယောက်မျှသာဖြစ်ပြီး ချစ်ချင်စဖွယ် ခရုခွံလှလှလေးတွေနဲ့ ချောမွတ်ပြောင်လက်နေတဲ့ ကျောက်စရစ်ခဲလေးတွေကို လိုက်လံရှာဖွေ ရင်း ပျော်ရွှင်မြူးထူးနေတတ်သူ ကလေးငယ်တစ်ဦးနဲ့ တူနေပါတယ်။ အဲဒီအချိန်မှာ အမှန်တရားနဲ့တူတဲ့ လျှို့ဝှက်နက်ရှိုင်းလှသော သမုဒ္ဒရာကြီး တစင်း ကျွန်တော့ရှေ့မှောက်မှာ...
“သိပ္ပံသီအိုရီတရပ်ဟာ ကျယ်ပြန့်တဲ့လေ့လာမှု အတန်းအစားတွေကို ဖော်ပြထားတယ်။ လေ့လာမှု အသစ် အဆန်းတွေရဲ့ အကျိုးရလဒ်ကို ခန့်မှန်းတွက်ချက်နိုင်တယ်ဆိုရင် အဲဒီသီအိုရီဟာ ခန့်ညားထယ်ဝါတဲ့ သီအိုရီ ဖြစ်တယ်” ဟု သိပ္ပံနည်းကျ တွေးခေါ်ပညာရှင် ပေါ့ပါး (Popper) ဆိုကြောင်း ဟော့ကင်းက ကိုးကားဖော်ပြ လေသည်။ ...
အချိန်သမိုင်းအကျဉ်း (A Brief History of Time) စာအုပ်သည် ဟော့ကင်း၏ လသိများထင်ရှားသော လက်ရာမွန်ဖြစ်ခဲ့ပြီး ထိုအချိန်က ဘာသာပေါင်းနှစ်ဆယ်မျှ ပြန်ဆိုထုတ်ဝေခဲ့ရပါသည်။ ယင်းစာအုပ်၌ ဟော့ကင်းက အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်- “ရူပဗေဒ ပညာရပ်နယ်ပယ်၌ ထူးခြားပြောင်မြောက်သော တိုးတက်မှုတစ်ရပ်ကို လှမ်းတက်လိုက်ပြီ ဖြစ်၍ ယင်းအောင်မြင်မှုက လူများစုကြီးကို စိတ်ဝင်တစားခံစားမှုဖြင့် အတိပြီးစေလိမ့်မည်ဟု ကျွနုပ်မျှော်လင့်မိပါ ကြောင်း” ...
ဟော့ကင်းက တွင်းမဲကြီးများ (Black Holes) အကြောင်းနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း ရှင်းလင်းတင်ပြ ထားလေသည်- “ထူးခြားဆန်းကျယ်လွန်းလှသော တွင်းမဲကြီးများ၏ ဆွဲငင်မှုအား အလွန်ကောင်းမွန်သဖြင့် ယင်းပတ်ဝန်းကျင်ရှိ အလင်းရောင်သည်ပင်လျှင် ဆွဲငင်မှုစက်ကွင်းအားမှ ရုန်းထွက်လွတ်မြောက်နိုင်စွမ်းမရှိဘဲ စုပ်ယူခြင်းခံရလေ သည်။ အရာအားလုံးကို လွတ်ထွက်မသွားအောင် စုပ်ယူထားနိုင်သော ဆွဲငင်အားကို တွင်းမဲကြီး (Black Hole) ဟုခေါ်ပြီး ဆွဲငင်အားသက်ရောက်နိုင်သော ဧရိယာနယ်နိမိတ်ကို သက်ရောက်မှုရပ်ဝန်း (သို့)...
Hawking က သူ၏နာမည်ကျော်ဖြစ်သော “A Brief History of Time” ၌ စင်္ကြာဝဠာ ဖြစ်စဉ်၏အစ ရှိကို ရှိရမည်ဟု အခိုင်အမာတင်ပြထားသည်။ ဤအချက်ကို အခြားသူတွေလက်ခံလာအောင် သူဘ၀နင့်ရင်း၍ ကြိုးပမ်းလုပ်ဆောင်မည်ဟု ဆက်လက်တင်ပြထားပါသည်။ ထို့နောက်သူက “ဘုရားသခင်သည် ကြွေအံ ကစားယုံမျှမက ကြွေစေ့ ကလေးမျာကို လူတို့မမြင်ကွယ်ရာသို့ ပစ်ပေါက်တက်ကြောင်း” အိုင်းစတိုင်း၏ အယူအဆကို ဆန့်ကျင်ပြောဆိုပါသည်။...
ไม่มีความคิดเห็น:
แสดงความคิดเห็น