ပျော်ရျွှင်းငြိမ်းချမ်းသောကမ္ဘာလေးရနိုင်ကျပါစေ
လာရောက်လည်ပတ်သူများကိုအထူပဲကျေးဇူတင်ပါသည်.ဇူလိုင်.မင်းဝေ

.

.

နိုင်ငံတကာ လာရောက်မိတ်ဆွေများ

วันอาทิตย์ที่ 31 พฤษภาคม พ.ศ. 2558

  နို့ဖိုး ဒုက္ခသည်စခန်း ….. ပတ်ပတ်လည်မှာ တောင်ကုန်းတောင်တန်းတွေ ဝန်းရံထားသော တောင်ပေါ်မြေပြန့်နေရာလေးတခု။ ထိုင်းနိုင်ငံ အတွင်းပိုင်းနဲ့ ထိုင်း-မြန်မာ နယ်စပ်ဆက်သွယ်ထားသော ကားလမ်းနံဘေးမှာ တည်ရှိသည်။  ကားလမ်းပေါ် သွားရင်း ကြည့်လိုက်ပါက စခန်းအဝင်မှာ တောင်မြေကြားက စိမ့်ထွက်ရေများ ရစ်ခွေစီးဆင်းနေသော  စမ်းချောင်းလေးတခု တွေ့ရမှာဖြစ်ပြီး…  အခြားတဖက်အစွန်ကိုရောက်တော့ တောင်ကလပ်ပမာ မတ်စောက် မြင့်မားသည့် လွှာတွန့်ကျောက်တောင်ကြီးက ထီးထီးမားမား အုပ်မိုးလျက်။ အနီးနားမှာ...
  အိပ်မက်မြေသို့ ခရီးအစ ၂၀၀၆ ခုနှစ် စက်တင်ဘာ ၂၂ ။ နံနက်စောစော အရုဏ်တက် ဝေလီဝေလင်း အချိန်….. မဲဆောက်မြို့ပိုင်ရုံးဝင်းထဲမှာ ခရီးသည်တင် လိုင်းကား အစီး (၂၀) ခန့် ဂိတ်ထိုး ရပ်နားထားသည်။ ထိုနေရာသို့ အထုပ်အပိုး ကိုယ်စီနှင့် လူတွေတဖွဲဖွဲ ရောက်လာ၏။ မိသားစုတစု ရောက်လာတိုင်း ပါလာသော အထုပ်အပိုး များကို တနေရာမှာ...
   နယ်စပ်မြို့လေးမှာ မြဝတီကနေ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို ဖြတ်ကျော်လာပြီး တဖက်ကမ်းကို ရောက်သည်နှင့် မျက်စိ ပသာဒ အမြင်ပြောင်းသွားသလို ခံစားလိုက်ရသည်။ သောင်းရင်းမြစ် ကမ်းနဖူးမှာ တည်ရှိနေတာချင်း အတူတူ ဖြစ်ပေမဲ့ မြစ်၏ သည်ဘက်ကမ်းနှင့် ဟိုမှာဘက်ကမ်း အသွေးအရောင် အဆင်အပြင်တွေ ခြားနားနေသည်။ ကတ္တရာ  လမ်းမချင်း၊ တိုက်တာအိမ်ခြေ အဆောက်အဦချင်း ယှဉ်လို့မရအောင် ကွာခြားလှသည်။ ပြောရလျှင် လူဝင်လူထွက် စစ်ဆေးရာ...
အမိမြေကို ခွဲခွာခြင်း ထိုင်း-မြန်မာ  ချစ်ကြည်ရေးတံတား အလယ်ဗဟိုတည့်တည့်လောက် အရောက်မှာ ခဏတာရပ်နားလိုက်ပြီး တံတားဘောင် အင်္ဂတေအကာအရံကိုကျော်၍  သောင်ရင်းမြစ်ရေပြင်ပေါ်သို့ ကိုမိုးသောက် ငေးစိုက်ကြည့် နေမိသည်။ သူ့အသိအာရုံမှာ ပထဝီပိုင်နက်နယ်မြေနှစ်ခုကို ပိုင်းခြားထားသည့် နယ်နိမိတ် စည်းကြောင်းပေါ် ရောက်နေပြီလားဟု ခံစားနေမိသည်။ မြစ်တဖက်တချက်စီမှာရှိနေသည့် ပုံရိပ်တွေကွာခြားနေတာကို သတိပြုမိလိုက်သည်။ ရှေ့ကိုနည်းနည်းဆက် လျှောက်လိုက်လျှင် ထိုင်းမြေကို စတင်ခြေနင်းရတော့မည်။ နောက်မှာကျန်ခဲ့သည့်  မြဝတီ မြို့ကလေးကို...
အိပ်မက်မြေမှာ ၇ နှစ်ကြာ ပတ်ဝန်းကျင် တခွင်လုံး မှိုင်းမှိုင်းမှုန် အုံ့ဆိုင်းနေပြီး ချမ်းစိမ့်စိမ့် အေးမြလျက်ရှိသည်။ နံနက် ၈ နာရီခန့် ရှိပြီ ဖြစ်သော်လည်း နေရောင်ခြည် ဖြဖြမျှပင် မမြင် မတွေ့ရသေး။ တချက်တချက်မှာ လင်းခနဲ လက်ခနဲ ပေါ်ထွက် လာတဲ့ လျှပ်စီးကြောင်းနှင့်အတူ မိုးထစ်ခြုန်းသံ ကြားနေရဆဲ။ တစ်ညတာလုံး သဲသဲမဲမဲ ရွာသွန်းခဲ့သော မိုးက...
သားရဲ တောကောင်တို့ ကျက်စားမင်းမူသော တောတောင်ရေမြေတခွင်၌ အားနည်း အကာအကွယ်မဲ့သော သားကောင်သတ္တဝါ တိရစ္ဆာန် ငယ်များအဖို့  ငရဲလှောင်ချိုင့်ပမာ အမြဲလိုလို ရင်ဆိုင်ကြုံတွေ့ရနိုင်သော ဘေးအန္တရာယ်တွေကြားမှာ ထိတ်လန့်ကြောက်ရွံ့စွာ ကျက်စားရင်း အသက်ရှင်သန်နိုင်ရေး သတိမလပ် ကျင်လည်ကြရသည်။ ...

ไม่มีความคิดเห็น:

แสดงความคิดเห็น