ပျော်ရျွှင်းငြိမ်းချမ်းသောကမ္ဘာလေးရနိုင်ကျပါစေ
လာရောက်လည်ပတ်သူများကိုအထူပဲကျေးဇူတင်ပါသည်.ဇူလိုင်.မင်းဝေ

.

.

နိုင်ငံတကာ လာရောက်မိတ်ဆွေများ

วันเสาร์ที่ 30 พฤษภาคม พ.ศ. 2558

ဖူးစာရှင်တွေ့ရင် အချက်ပြပေးမည့် နာရီ

ဖူးစာရှင်တွေ့ရင် အချက်ပြပေးမည့် နာရီ
https://www.facebook.com/pages/%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%8A%E1%80%AC%E1%80%85%E1%80%BC%E1%80%9A%E1%80%B9%E1%80%85%E1%80%B6%E1%80%AF%E1%80%80%E1%80%BA%E1%80%99%E1%80%B9%E1%80%B8-%E1%80%87%E1%80%B4%E1%80%9C%E1%80%AD%E1%80%B4%E1%80%84%E1%80%B9%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%81%80/1631039233807971
ပါတီပွဲတွင် အခန်းအနှံ့မလွတ်တမ်း မျက်စိဒေါက်ထောက်ကြည့်သည့် နည်းလမ်းမှစပြီး လိမ္မော်ရည် ဖိတ်ကျသည့် နည်းလမ်း အထိ ဟောလီးဝုဒ် ဇာတ်ကားများက ဘ၀ကြင်ဖော်ကို ရှာဖွေရန် သင်ကြားပေးသော နည်းလမ်းများမှာ ရထားမီအောင် ပြေးရ သလောက်ကို လွယ်ကူနေသည်။ ယခုအခါ အက်ပ်ပဲလ် နာရီများပင် လုပ်ဆောင်မပေး နိုင်သော အချစ် ရှာဖွေဖို့ ကူညီပေး နိုင်သည့် စမတ်နာရီ တစ်မျိုး ရှိလာပြီ ဖြစ်သည်။
Serendip ဟုခေါ်သည့် အဆိုပါ နာရီကို ဘ၀ကြင်ဖော်ရှာ လိုသည့် တစ်ကိုယ်တည်းသမားများ အတွက် ဒီဇိုင်း ထုတ်ထားခြင်း ဖြစ်ပြီး သုံးစွဲသူ များနှင့် ကိုက်ညီသူ အနီးအနားတွင်ရှိ နေပါက အချက်ပြပေ နိုင်ကြောင်း သိရသည်။ နာရီဝတ်ထားသူ ချင်းထဲမှသာ ရွေးချယ် ဖော်ပြပေးမည် ဖြစ်သည်။ Serendip အသုံးပြုသူ များသည် ကိုယ်ရေး အကျဉ်းအသေးစိတ်ကို ဖြည့်ထား ရမည် ဖြစ်ပြီး အဆိုပါ ကိုယ်ရေးအချက် အလက်အလိုက် လိုက်ဖက်သူကို ရှာဖွေ ပေးနိုင်ရန် ဒီဇိုင်း ထုတ်ထားခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေရှိသည့် ကြင်ဖက်က နာရီ၏ အာရုံခံ အ၀န်းအ၀ိုင်းထဲ ရောက်လာပါက နာရီသည် တုန်ခါလာပြီး အချက်ပေးမည် ဖြစ်သည်။သို့သော် လူရှုပ်ထွေးသည့် ရထားပေါ်တွင် ကြင်ဖက် တစ်ယောက်ကို ညွှန်ပြနိုင် မပြနိုင်တော့ မသေချာကြောင်း သိရသည်။ နာရီကို လာမည့် နှစ်ဆန်းပိုင်းတွင် ဒေါ်လာ (၅၀) ၀န်းကျင်ဖြင့် ရောင်းချနိုင်မည်ဟု သိရသည်။

ไม่มีความคิดเห็น:

แสดงความคิดเห็น