________________________________
★“လူ အဖြစ် ရခဲ သည် ဆိုသည်မှာ….”★
_________________________________
★“လူ အဖြစ် ရခဲ သည် ဆိုသည်မှာ….”★
_________________________________

“ဗုဒ္ဓမြတ်စွာဘုရားရှင်”ဟောကြားတော်မူခဲ့သောပါဠိတော် တစ်ပုဒ် ကိုကြားဖူးကြပြီးဖြစ်မည်ထင်ပါ၏။ မူရင်း ပါဠိတော် မှာ-“မနုဿတ္တဘာဝ ဒုလ္လဘ”(မြန်မာပြန်=လူအဖြစ် ကိုရခဲသည်)ဟူ၍ဖြစ်ပါသည်။
နော့ပေတဲ့ ယနေ့ခေတ် လူအများစု မှာ “လူ့အဖြစ် ရခဲသည်” ဟု မထင်မှတ်တော့ပါချေ။(မရိုသေ့စကား) “ယောက်ျား နှင့် မိန်းမ ပေါင်းသင်းလျှင် လူဖြစ်တာပဲ မဟုတ်လား”ဟု ခပ်လွယ်လွယ် ဆိုကြပါသည်။တစ်နေ့ တစ်ခြား တိုးတက်များပြားလာသော ကမ္ဘာ့လူဦးရေ စာရင်း ကိုကြည့်လျှင် “လူ့အဖြစ်ရလွယ်သည်”ဟူခြင်း မှာ ဟုတ်သယောင်ယောင်ထင်ရပါ၏။
“ရှားပါးသတ္တ၀ါ စာရင်းဝင် အချို့တိရိစ္ဆာန်တွေဆိုရင် မျိုးပွားယူတာတောင် မရတော့ဘူးဗျာ။လူ့ဘ၀ ရဖို့ထက်တောင် ခဲယဉ်းသေးတယ်။” ဟု ဆိုတတ်သူများလည်း ကြားဖူးပါသည်။
“လူသတ္တ၀ါ ဘယ်လောက်များတယ် ပြောပြော၊ တိရိစ္ဆာန်တွေထက်စာရင် အင်မတန်နည်းပါတယ်။အိမ်တစ်အိမ်မှာရှိတဲ့ ပိုးမွှား၊ခြပုန်း၊ပုရွက်ဆိတ် ပိုးလောက်လန်းတွေ နဲ့ အိမ် မှာရှိတဲ့ လူနဲ့ ယှဉ်ကြည့်ပါလား။”ဟုလည်း အချို့က နှိုင်းယှဉ် ပြတတ်ပြန်သည်။

အချို့ ကလည်း ကျန်းဂန် ပါဠိတော်များမှ ထုတ်နှုတ်၍ “လူ ဖြစ်ပေမယ့် လူ အသိ မရှိရင်။တနည်းအားဖြင့် အိပ်၊စား၊ကာမ ပဲ သိနေရင် လူ မဟုတ်ပါဘူးဗျ။ လူ လို့တောင် ခေါ်လို့ မရပါဘူးဗျာ။” ဟူ၍လည်း ပြောဆိုတတ်ပါသည်။
“လူကအဖြစ်ရခဲတယ် ဆိုတာ ဘုရား ဟောဗျ။ ဘုရားရှင် က မဟုတ်ပဲ ဟောပါ့မလား။”ဟူ၍လည်း မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အချို့က “ဘုရားဟော” ဟူ၍ ဘာမသိ၊ညာ မသိ လက်ခံယုံကြည်နေခြင်းကိုလည်း တွေ့ဖူးပါသည်။
ထိုသို့ ပြောသူများထဲတွင် “လူဦးရေ နှင့် တိရိစ္ဆာန် ဦးရေ” နှိုင်းယှဉ် ပြောတတ်သူတို့သည်လည်း တစ်စိတ်တစ်ပိုင်းအားဖြင့် မှန်ပါသည်။ “အသိဉာဏ် ပညာ မရှိပါ က လူလို့ ခေါ်၍မရကြောင်း” ပြောသူတို့သည်လည်း တစ်စိတ်တစ်ပိုင်းအားဖြင့် မှန်ပါပေသည်။
သို့ရာတွင်-“လူ့အဖြစ် ကိုရခဲ သည်” ဆိုရာ၌-
တိရိစ္ဆာန် က လူထက် များနေခြင်းသည်လည်း အဓိက မဟုတ်ပါ။
လူဖြစ်ပြီး လူအသိ မသိခြင်းသည်လည်း အဓိက မဟုတ်ပါ။
သို့ရာတွင်-“လူ့အဖြစ် ကိုရခဲ သည်” ဆိုရာ၌-
တိရိစ္ဆာန် က လူထက် များနေခြင်းသည်လည်း အဓိက မဟုတ်ပါ။
လူဖြစ်ပြီး လူအသိ မသိခြင်းသည်လည်း အဓိက မဟုတ်ပါ။
“ဗုဒ္ဓမြတ်စွာဘုရားရှင်”ဟောကြားတော်မူခဲ့သည့် “မနုဿတ္တဘာဝ ဒုလ္လဘ”ဟူသည်၏ လိုရင်းအဓိပ္ပါယ် မှာ-
“ပုဂ္ဂိုလ် ၊သတ္တ၀ါ တစ်ဦး အပါယ်ငရဲ သို့ ကျရောက်သွားပါက လူပြန်ဖြစ်ဖို့ရာ ခဲယဉ်းသည်” ဟုသာ ဆိုလိုခြင်း ဖြစ်ပါသည်။
ဤစကား ကို ကျွန်တော် က “မဟာဝဂ္ဂ သံယုတ်ပါဠိတော်” တွင်ပါဝင်သည့် “သစ္စသံယုတ်” ကိုမှီး၍ ပြောလိုက်ခြင်းဖြစ်ပါသည်။
ဖော်ပြပါ ထို ပါဠိတော်တွင်-
ဖော်ပြပါ ထို ပါဠိတော်တွင်-
“ရဟန်း တို့-
လူသေ၍ လူဖြစ်သူ နည်းလှ၏။ငရဲ-တိရိစ္ဆာန်-ပြိတ္တာ ၌ ဖြစ်သူများလှ၏။
လူသေ၍ နတ် ဖြစ်သူ နည်းလှ၏။ငရဲ-တိရိစ္ဆာန်-ပြိတ္တာ ၌ ဖြစ်သူများလှ၏။
နတ်သေ၍ နတ် ဖြစ်သူ နည်းလှ၏။ငရဲ-တိရိစ္ဆာန်-ပြိတ္တာ ၌ ဖြစ်သူများလှ၏။
အကြောင်းရင်း ကား သစ္စာလေးပါး ကို မသိခြင်းကြောင့် တည်း။”

ငရဲ မှ သေ၍ လူဖြစ်သူ ၊နတ် ဖြစ်သူ နည်းလှ၏။ ငရဲ-တိရိစ္ဆာန်-ပြိတ္တာ ၌ ဖြစ်သူများလှ၏။
တိရိစ္ဆာန် မှ သေ၍ လူဖြစ်သူ ၊နတ် ဖြစ်သူ နည်းလှ၏။ ငရဲ-တိရိစ္ဆာန်-ပြိတ္တာ ၌ ဖြစ်သူများလှ၏။
ပြိတ္တာ မှ သေ၍ လူဖြစ်သူ ၊နတ် ဖြစ်သူ နည်းလှ၏။ ငရဲ-တိရိစ္ဆာန်-ပြိတ္တာ ၌ ဖြစ်သူများလှ၏။
အကြောင်းရင်း ကား သစ္စာလေးပါး ကို မသိခြင်းကြောင့် တည်း။”ဟု “ဗုဒ္ဓမြတ်စွာဘုရားရှင်”ဟောကြားထားတော်မူပါသည်။

ထမ်းပိုးတုံး မှ အပေါက် နှင့် လိပ်ကန်းကြီး ၏ လည်ပင်း သည် တစ်နေ့နေ့၊တစ်ချိန်ချိန် တွင် စွပ်မိကောင်း၊စွပ်မိမည် ဖြစ်ပါသော်လည်း “ပုဂ္ဂိုလ်တစ်ဦး အပါယ် ကျပြီ” ဟု ဆိုလျှင် “လူ ပြန်ဖြစ်ရန်”လွန်စွာ ခဲယဉ်းလှပါသည်။
အဘယ့်ကြောင့်ဟူမူ-လောဘ ၊ဒေါသ၊မောဟ ထူပြောမှုကြောင့်ဖြစ်ပါ၏။(သစ္စာလေးပါး မသိခြင်း သည် အ၀ိဇ္ဇာ (မောဟ)ပင်ဖြစ်ပါသည်။)
“လူ့ဘ၀ က သေပြီး လူပြန်ဖြစ်တဲ့ လူဝင်စားတွေ အများကြီး မြင်ဖူးသားပဲ မဟုတ်လား။” ဟု မေးစရာရှိပါသည်။သတ္တ၀ါ အနတ္တ နှင့်နှိုင်းစာလျှင် လူသေ ၍ လူပြန်ဖြစ်သူ ကား ပြောပလောက်အောင်များသည် မဟုတ်။“ဒါဆို ဘာဖြစ်လို့ လူဦးရေ များနေရတာလဲ”ဟုလည်း မေးစရာရှိပြန်ပါသည်။ငရဲ-တိရစ္ဆန်-ပြိတ္တာ ဘုံတို့မှ သတ္တ၀ါတို့နှင့် နှိုင်းစာပါက လူဦးရေ သည် အနည်းငယ်မျှသာ ဖြစ်ပါသည်။
“လူ့ဘ၀ အဘယ်မျှ ရခဲသနည်း”ဟုဆိုသော် လူသာမာန် မဆိုထားနှင့် “လေးအသင်္ချေ နှင့်ကမ္ဘာတစ်သိန်း”ပါရမီ ဖြည့်ခဲ့ရသော
“ဂေါတမ ဘုရားအလောင်းတော်” သည်ပင်လျှင် ထိုကာလ အတွင်း၌ ငရဲကျ လိုက်၊ တိရိစ္ဆာန်ဖြစ်လိုက်၊လူ့ဘ၀ ရောက်လိုက်၊နတ်ဗြဟ္မာ ဘ၀ ရောက်လိုက် စသည်ဖြင့် ကျင်လည်နေရကြောင်း ကို(၅၅၀) နိပါတ်တော်တွင် သိနိုင်ပါ၏။ အခြား“ပစ္စေက ဗုဒ္ဓါ၊ အဂ္ဂသာဝက” စသည်တို့သည်လည်း ထို့အတူ သာဖြစ်ပါ၏။

ထိုသို့ဖြစ်ရခြင်းမှာ ဖြစ်ချင်လွန်း၍ မဟုတ်ပါ။“ဆုကြီးပန်”များဖြစ်သော်လည်း “ပုထုဇဉ်”ပီပီ “မသိမှု အားကြီး”လွန်းသောကြောင့် “ကံ”အားလျော်စွာဖြစ်ရခြင်း ဖြစ်ပါ၏။
ထင်ရှားသော သာဓက မှာ “ပစ္စေက ဗုဒ္ဓါ”လောင်းလျာများဖြစ်ကြသည့် “အဇာတသတ်” နှင့် “ဒေ၀ဒတ်” တို့သည်လည်း လက်ရှိ အချိန် ငရဲ ခံနေရဆဲပင်ဖြစ်ပါ၏။ ငရဲ မှလွတ်လျှင်လည်း လူဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။အခြားသော သတ္တ၀ါ တို့သည်လည်း အကုသိုလ် ကံကုန်၍ အပါယ်ဘေး မှ လွတ်လာလျှင် လွတ်လာပါလိမ့်မည်။ သို့သော် လောဘ၊ဒေါသ၊မောဟ စသော အကုသိုလ်တရားများကြောင့် အပါယ် သို့ တစ်ဖန် ပြန်ရောက်ကြရပြန်ပါသည်။
သီလစင်ကြယ်တော်မူသော ရဟန်းကြီးများပင်လျှင် တစ်ချက်မှားသွားလျှင် အပါယ်ကျတတ်ပါသည်။(ဓမ္မ ပဒ တွင်ပါဝင်သည့်
“သန်း”ဖြစ်သွားသည့် “တိဿ ရဟန်းကြီး” နှင့် “ဧရက ပတ္တနဂါးကြီး”ဖြစ်သွားသော ရဟန်း တို့ကား သက်သေနမူနာကောင်းဖြစ်ပါသည်။)
“သန်း”ဖြစ်သွားသည့် “တိဿ ရဟန်းကြီး” နှင့် “ဧရက ပတ္တနဂါးကြီး”ဖြစ်သွားသော ရဟန်း တို့ကား သက်သေနမူနာကောင်းဖြစ်ပါသည်။)
“သူဋ္ဌေး”တစ်ဦးသည် တိုက်တာ အဆောက်အဦး နှင့်မနေလို၍ တဲအိမ် ဆောက်နေချင်လျှင် လွယ်ကူပါသည်။
“ဆင်းရဲသား”တစ်ဦး က တဲကုတ် နှင့်မနေလို၍ တိုက်တာ ဆောက်မည် ဆိုပါက လွန်စွာခဲယဉ်းမည် ဖြစ်ပါသည်။
“ဆင်းရဲသား”တစ်ဦး က တဲကုတ် နှင့်မနေလို၍ တိုက်တာ ဆောက်မည် ဆိုပါက လွန်စွာခဲယဉ်းမည် ဖြစ်ပါသည်။
ထိုကဲ့သို့ပင်-
မည်သည့်အရာ မည်သည့်ကိစ္စ မဆို အမြင့်မှ အနိမ့် ဆင်းရန် လွယ်ကူတတ်သော်လည်း အနိမ့် မှ အမြင့်တက်ရန်ကား ခဲယဉ်းတတ်လှပါသည်။
ထို့ကြောင့်-
ရခဲသော လူ့ဘ၀ ကို ရထားသူ ဓမ္မမိတ်ဆွေများအနေဖြင့် “သတ္တ၀ါတို့သည် မကောင်းမှု၌ သာမွေ့လျော်တတ်သည့်အတွက် လူသေ လျှင် လူဖြစ်သူ နည်းလှ၏ ”ဟူသော ဘုရားဟော ဒေသနာ ကို နှလုံးသွင်းဆင်ခြင်၍ ကောင်းမှု ကုသိုလ်များ အးထုတ်ကြိုးပမ်းကြပါစေကြောင်း မေတ္တာဖြင့် တိုက်တွန်းအပ်ပါ၏။

ရေးသားပြီးစီး။ ။ ၁၃၇၆ခုနှစ်၊၊ပြာသိုလဆန်း၊ (၈)ရက်၊(၁၂-၁-၂၀၁၅)၊တနင်္လာနေ့-(နေ့လည်-၁၁း ၁၀)
ချမ်းသာပါကြစေ၊အေးငြိမ်းကြပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
ကလျာဏ မိတ္တ
ไม่มีความคิดเห็น:
แสดงความคิดเห็น