ကြက်သွန်နီ 10 သား
ကြက်သွန်ဖြူ 5 သား
ခရမ်းချဉ်သီး 10 သား
နံနံပင် 1 စီး
ကြက်သွန်မြိန် 1 စီး
ဆား အနည်းငယ်
နနွင်း =
ငြုပ်ကောင်းမှူန့် =
ဟင်းခတ်မှူန့် =
ငြုပ်သီးမှူန့် 5 သား
ဝက်ခေါက်ကြော်
မုန်ညင်းချဉ်
ခေါက်ဆွဲကိုရေစိမ်ထားပါ
ကြက်ရိုးထုတ်ပြီး ဆားနဲ့ကြက်သွန်ဖြူထောင်းရောထည့်ပြီး
အချိုရည်ထွက်လာတဲ့အထိ ပြုတ်ထားပါ
ကြက်သားလေးတွေကို အတုံးသေးသေးလေးတွေ
တုံးထားပြီး ဆားနနွင်းဟင်းခတ်မှုန့်အနည်းငယ်ထည့်၍
နယ်ပြီး ခဏနှပ်ထားပါ
ခရမ်းချဉ်သီးကို ရေစဉ်အောင်သေချာဆေးပြီး
ကြိတ်စက်ထဲထည့်ကြိတ်ပါ
ကြက်သွန်နီ ကြက်သွန်ဖြူရောထောင်းထားပါ
ကြက်သွန်မြိန်နဲ့ နံနံပင်ကို ရေစင်အောင်ဆေး၍
ပါးပါးလှီးထားပြီး ပုဂံထဲထည့်ထားပါ
#ကြက်သားကို ကြက်သွန်ဖြူနီနဲ့ ဆီသပ်ပြီးပုဂံထဲထည့်ထားပါ
#ပြီးလျှင် ခရမ်းချဉ်သီး ဆီသပ်ပါ
#ခေါက်ဆွဲဖတ်ကို စားခါနီးမှ ပွက်ပွက်ဆူနေတဲ့
ရေနွေးထဲ ခဏထည့်ပြုတ်ပါ
အားလုံးပြီးသွားရင် ကိုယ်လိုသလောက် ခေါက်ဆွဲဖတ်ထည့်၍
ကြက်သားဆီသပ်တစ်ဇွန်း ခရမ်းချဉ်သီးဆီသပ်တစ်ဇွန်း
ကြက်သွန်မြိန် နံနံပင် ဆား ငြုပ်ကောင်းမှူန့်
ဟင်းခတ်မှူန့် အနည်းငယ်စီထည့်ပြီး ဝက်ခေါက်
မုန်ညင်းချဉ်တို့နဲ့တွဲပြီး သုံးဆောင်နိုင်ပါပြီဗျာ
ဟင်းရည်ကြိုက်တဲ့လူက ပြုတ်ထားတဲ့ကြက်ရိုးဟင်းရည်ကို
ထည့်ပြီးသုံးဆောင်လို့ရပါတယ်ရှင်
(ဝက်သားနဲ့လည်းလုပ်စားလို့ရတယ်ရှင့် )
ไม่มีความคิดเห็น:
แสดงความคิดเห็น