လောကကြီးထဲမှာ နေကြတဲ့ လူတိုင်း မှာ
မှားစရာအကြောင်းတွေက အများကြီး ရှိနေတယ်။
ဒေါသကြောင့်လည်းမှားတတ်တယ်။
မာနကြောင့်လည်းမှားတတ်တယ်။
မောဟကြောင့်လည်းမှားတတ်တယ်။
မနာလို၊၀န်တိုစိတ်တို့ကြောင့်လည်း မှားတတ်တယ်။
မှားနိုင်စရာ အကြောင်းတွေက အများကြီး။
ဒါကို ပုံကြီးချဲ့ ပြီး သူတစ်ပါးအမှားတွေကိုချည်း အကြောင်းမရှိဘဲ ပြောနေမယ်ဆိုရင်
အဲဒီလူဟာ သူကိုယ်တိုင်ပြုနေတဲ့ အမှားတွေကို ကြိုတင်ကာကွယ် နေသူတစ်ယောက် ဖြစ်နေတတ်ပါတယ်။

ไม่มีความคิดเห็น:
แสดงความคิดเห็น