သစ္စာသိပုံချင်း မတူကွဲပြားကြ
~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~
သဗ္ဗညူ ဘုရားရှင်တို့သည် သစ္စာလေးပါးကို ကိုယ်တော်တိုင်သိတော်မူ၍ သူတပါးကိုလည်း သိစေနိင်အောင် ဟောပြောနိင်ကြသည်။
ပစ္စေကဗုဒ္ဓါတို့သည် သစ္စာလေးပါးကို ကိုယ်တော်တိုင်သိတော်မူပြီး သူတပါးကိုမူ သိအောင် မဟောပြောနိင်။
ထိုပစ္စေကဗုဒ္ဓါတို့သည် လောကုတ္တရာတရားကို လောကဝေါဟာရ လူတို့သုံးစွဲပြောဆိုသော လောကပညတ်သို့တင်၍ ဟောပြောခြင်း မတက်နိင်ကြသည်။မိမိကိုယ်တိုင်သာသိကြ၍မိမိသိသော ပရမတ္ထသဘောကို လောကလူတို့ ဝေါဟာရစကားဖြင့် အမည်မှည့်၍ မဟောပြနိင် အလုံးစုံသော တန်ခိုးဣဒ္ဓိပါဒ် နှင့်ပြည့်စုံကြသည်။သမာပတ်ရှစ်ပါး အဘိညာဉ်ခြောက်ပါး ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံ၍ ဂုဏ်ထူးဝိသေသရှိခြင်းကြောင့်သဗ္ဗညူ ဘုရားတို့အောက် သာဝကရဟန္တာတို့ဧ။်အထက်ဖြစ်ကုန်ဧ။်။သူတပါးတို့ကို သင်္ကန်းဝတ်စေ၍ အကျင့်သိက္ခာတို့ကို ကျင့်စေကုန်ဧ။်။စိတ်ဧ။်ချိုးခြံခြစ်ချုပ်ခြင်း
ခေါင်းပါးချွေတာခြင်းကိုပြုအပ်ဧ။်။ဆုတ်နစ်အားလျော့ခြင်းသို့မရောက်စေအပ်။ဤသို့သော အကျဉ်းအားဖြင့် ဥပုအ်ပြုကုန်ဧ။်။ ယနေ့ ဥပုပ်နေ့ဟူသော စကားဖြင့်လည်း ဥပုပ်ပြုကြကုန်သည်။
သဗ္ဗညူ ဘုရားတို့ဧ။် သာသနာတော်၌ အဖော်မရှိ တစ်ပါးတည်းနေသော ရဟန်းသည် လပြည့်လကွယ် ဥပုပ်နေ့၌ အဇ္ဇ မေ ဥပေါသထော ပန္နရသီ ဟူသော စကားဖြင့် အဓိဋ္ဌာန်ဥပုပ်ပြုသကဲ့သို့ ပစ္စေကဗုဒ္ဓါတို့သည်လည်း အဇ္ဇ မေ ဥပေါသထော ဟူသောစကားဖြင့် ဥပုပ်ပြုကုန်ကြသည်။ပစ္စေကဗုဒ္ဓါများ ဥပုပ်ပြုရာတွင် ဟိမဝန္တာ ဂန္ဓမာဒနတောင် မဉ္ဇူ သကပန်းပင်ရင်း ရတနာမဏ္ဍပ်၌ ဥပုပ်ပြုကြသည်ဟု အပဒါန်အဋ္ဌကထာ သုတ္တနိပါတ် အဋ္ဌကထာ စသည်တို့၌ ဖော်ပြထားကြသည်။
••••••••••••••••••••••••••••••••••••••••••••

အလိုလိုသစ္စာလေးပါးကို သိခြင်းဧ။်အကြေင်း ၂ပါး
**************************
သမ္ဗောဓိမုခ; သံဝေဂမုခ ဟူ၍အကြောင်းနှစ်မျိုးရှိရာတွင် သဗ္ဗညူ ဘုရားရှင်တို့ဧ။်သစ္စာသိကြောင်းမှာ သမ္ဗောဓိမုခ သဗ္ဗေညု တဉာဏ်ကို အဦးထား၍ဖြစ်သည်။ပစ္စေကဗုဒ္ဓါတို့ဧ။် သစ္စာသိကြောင်းမှာ သံဝေဂမုခ သံဝေဂဉာဏ်ကို အဦးထား၍ဖြစ်သည်။
သဗ္ဗညူ ဘုရားလောင်းတို့မှာ သတ္တလောကဟိတဇ္ဈာသယခေါ် သတ္တဝါတို့ဧ။် အကျိုးစီးပွားကိုဖြစ်စေလိုသော ဆန္ဒအား ကြီးစွာဖြစ်သည်။ပစ္စေကဗုဒ္ဓါလောင်းတို့မှာ သတ္တလောကဟိတဇ္ဈာသယအားနည်းသည်။အဓိကာရမှာမူ အတူတူပင်ဖြစ်သော်လည်း ဆန္ဒနှင့် အဇ္ဈာသယမတူကြကုန်။
ထို့ကြောင့် သဗ္ဗညူ ဘုရားလောင်းတို့သည် ငါသိလျှင် သူတပါးကိုလည်း သိစေမည်ဟူသော ဆုတောင်းပတ္ထနာရှိသည်။ပစ္စေဗုဒ္ဓါလောင်းတို့သည်ကား မိမိသိရန်သာလျှင် ဆုတောင်းပတ္ထနာရှိသည်။
ထို့ကြောင့်ပင်လျှင် သဗ္ဗညူ ဘုရားတို့သည် မိမိသိသောတရားကို သူတပါးတို့အားသိစေနိင်ကြသည်။သိအောင်ဟောပြောနိင်သည်။ပစ္စေကဗုဒ္ဓါတို့မှာမူ မိမိတို့သာ သစ္စာတရားကိုသိကြသည်။သူတပါးကိုသိအောင်မဟောပြနိင်ကြကုန်။မိမိသိမြင်သော သစ္စာတရားကို သူတပါးတို့သိအောင် မဟောပြနိင်သော်လည်း အလုံးစုံသော အဘိညာဉ် သမာပတ် ပဋိသမ္ဘိဒါဂုဏ်တို့နှင့်ပြည့်စုံတော်မူပြီး သဗ္ဗညူ ဘုရားကိုထား၍ တပါးသော သာဝကရဟန္တာတို့ပင် မမီနိင်ကြကုန်။……………
••••••••••••••••••••••••••••••••••••••
•••••••••••••••••••••••••••••

ไม่มีความคิดเห็น:
แสดงความคิดเห็น