Minwai Mon
လက်သမားကြီး၏ တသက်စာ
ပုံပြင်
...............................................................................................................................................................................................................................................................................တခါတုန်းကပေါ့ အလွန်တော်တဲ့ လက်သ္မားကြီးတယောက်ရှိသတဲ့ သူဟာ လက်သ္မားအလုပ်ကို သူ့အသက် ၁၃ နှစ်သားကတည်းက လုပ်ခဲ့တာဆိုတော့ သူ့လောက်တော်တဲ့လက်သ္မားဆြာ ဆိုတာမရှိဘူးလို့ ပြောလို့ရ အောင်လက်သ္မားပညာမှာတော်သတဲ့ သူရဲ့သူဌေးဆိုရင်လဲသူ့နဲ့ အတူတွဲလုပ်လာတာကြာပြီဖြစ်လို့ သံယော ဇာဉ်အတော်ဖြစ်နေပြီပေါ့။
ဒီလိုနဲ့လုပ်လာလိုက်တာ တရက်ကြတော့လက်သ္မားကြီးဟာ သူ့သူဌေးဆီမှာခွင့်တောင်းသတဲ့ သူဟာအသက် ကြီးပြီဖြစ်လို့ အလုပ်ကနေအနားယူတော့မှာ ဖြစ်တဲ့အတွက်သူကိုခွင့်ပြုပါပေါ့။ သူဌေးကလဲခွင့်ပေးပါတယ် ဒါပေမယ့် သူနေဖို့အိမ်တလုံးလောက် နောက်ဆုံးအနေနဲ့ ဆောက်ပေးပါလို့ ပြောသတဲ့ ဒါနဲ့လက်သ္မားကြီးလဲ စိတ်မပါတပါနဲ့ သူ့သူဌေးနေဖို့အိမ်ကို ဆောက်ပေးသတဲ့ စိတ်မပါတော့အိမ်ကသိတဲ့အတိုင်းပဲ တော်ရိလျှော်ရိ ပေါ့။
ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ အိမ်ဟာပြီးသွားသတဲ့ ပြီးပြီးချင်းပဲသူဌေးကို အပ်လိုက်သတဲ့ ဒါနဲ့သူဌေးက "မင်း ဟာငါ့နဲ့လက်တွဲ လုပ်လာတာကြာပြီ ငါ့အပေါ်မှာလဲသစ္စာရှိတယ် အဲတာကြောင့်ဒီအိမ်ဟာ မင်းအတွက်ပဲ မင်းယူလိုက်" လို့ပြောပြီး အိမ်ကိုပေးလိုက်သတဲ့....
ပုံပြင်လေးကတော့ ဒါပါပဲ... စဉ်းစားမိတာတွေက တော့အမျှင်တန်းသွားတာပေါ့ အကယ်၍သာသူနေရမယ့် အိမ်လို့သေချာသိရင် သူသေချာလုပ်မှာပေါ့နော့်... ဒါကလူ့သဘာဝပဲလေ.. ကျနော်တို့ဘ၀မှာလဲ အဲသည့်လို အခြေအနေမျိုးတွေ ဘယ်နှစ်ကြိမ်လောက် တွေ့ကြုံရပြီးပြီလဲ တွေ့ကြုံတိုင်းရောဒီလိုပဲ ဖြတ်သန်းလာသလား မေးခွန်းတွေတသီကြီးပေါ့။
တကယ်တော့ ကျနော်တို့ဖြတ်သန်းလာရာ ဘ၀တလျှောက်မှာ အိမ်တွေဆောက်လာကြတာပါ ကိုယ်လုပ်ခဲ့ တဲအရာတွေဟာ ကိုယ်အတွက်ဆိုတာကို ကျနော်တို့မေ့နေကြတာပါ.. မမေ့သင့်ပါဘူး ...အရာရာတိုင်း အခြေအနေတိုင်းဟာ ကိုယ့်သမိုင်းကိုရေးနေတယ် ဆိုတာမမေ့ကြပါနဲ့လို့ ပြောရင်း ပုံပြင်လေးကို အဆုံး သတ်လိုက်ပါတယ်...

ไม่มีความคิดเห็น:
แสดงความคิดเห็น