ပျော်ရျွှင်းငြိမ်းချမ်းသောကမ္ဘာလေးရနိုင်ကျပါစေ
လာရောက်လည်ပတ်သူများကိုအထူပဲကျေးဇူတင်ပါသည်.ဇူလိုင်.မင်းဝေ

.

.

နိုင်ငံတကာ လာရောက်မိတ်ဆွေများ

วันอังคารที่ 16 มิถุนายน พ.ศ. 2558



လွမ်းမိပါတယ် ကောင်မလေးရယ်.
....................................................................................
တယောက်သော် သူ.အတွက်ပါ..ဇူလိုင်.မင်းဝေ..........
......................................................................................................................................................................................................" လရိပ်အောက်မှာနေပါ ၊ နေပူပူမှာ လမ်းမလျှောက်ပါနဲ့ "
လို့ ကောင်မလေးတစ်ယောက်ကို
ြေ ပြောချင်ပါတယ် ။ အခုသူက ကျွန်တော်နဲ့ အဝေးဆုံး တစ်နေရာမှာ ရှိနေလို့ပါ ။
ချစ်ခဲ့ဖူးတဲ့ ကောင်မလေးတွေကို လွမ်းတယ် ။
နမ်းခဲ့ဖူးတဲ့ ပါးပြင်ဖွေးဖွေးကို သတိရတယ် ။
အဖော်မဲ့လို့ အားငယ်နေချိန်မှာ ချစ်သူလက်ဖဝါးကို ဆုပ်ကိုင်ထားချင်တယ် ။
အချစ်က စိတ်ဓတ်တက်ကြွမှုကို ပေးတယ် ။
အချစ်က ပျော်ရွှင်မှုကို ပေးတယ် ။
ချစ်သူစကားတစ်ခွန်းနဲ့ လူတစ်ယောက်ဟာ သူရဲကောင်း ဖြစ်သွားနိုင်တယ် ။
ချစ်သူ မရှိတဲ့ သူတွေက ပျော်ရွှင်မှုကို လိုချင်လို့ဆိုပြီး Club မှာ သွားရှာတယ် ။
ထိုပျော်ရွှင်မှုတွေက နူးညံ့သိမ်မွေ့မှု မရှိဘူးဆိုတာ သူတို့ သတိမထားမိကြဘူး ။
ငါမမျှော်လင့်ဘဲနဲ့ အချစ်ကို ရရှိခဲ့ဖူးတယ် ။ အချစ်ကြောင့် ငါ ပျော်ရွှင်ခဲ့ဖူးတယ် ။
ငါ ချစ်သူနဲ့ လမ်းခွဲခဲ့ဖူးတယ် ။ ငါ အချစ်သစ်ကို ရှာဖွေဖို့ မကြိုးစားခဲ့ဖူးဘူး ။
ဒါပေမယ့် ငါ့ကို လိုလားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ မျက်ဝန်းတစ်စုံကို
ငါ တွေ့ဖူးတယ် ။ ငါ ကောင်မလေးတစ်ယောက်ရဲ့ အလှကို မြတ်နိုးမိပါတယ် ။
ဒါပေမယ့် ငါ ကောင်မလေးတစ်ယောက်ရဲ့ အလှကို တန်ဖိုး မထားချင်ဘူး ။
ေ ကောင်မလေးတစ်ယောက်က ငါ့ကို တစ်ဖက်သက် ချစ်ခဲ့တယ် ။
ငါကလည်း သူမကို ပြန်ချစ်ဖို့ ၊ ဂရုစိုက်ဖို့ ၊ တန်ဖိုးထားဖို့ ၊ ကြင်နာဖို့ ကြိုးစားခဲ့တယ် ။
သို့သော်လည်း သူမရဲ့ အမြင်မှာတော့ ငါဟာ မကြင်နာဘူး ၊ အေးတိအေးစက်နိုင်ပါတယ် တဲ့ ။
ဒီမှာ ကောင်မလေး မင်းရဲ့အလှကို ငါ မတို့မထိရက်ဘူး ။
မင်းမှာ မာယာရှိတယ်ဆိုရင် ငါ့ကို ပြုစားပါ ။
ငါဟာ အရက်မမူးဘဲနဲ့ အမှားကို မပြုလုပ်တတ်ဘူး ။
အချစ်က ဘောလုံးလေးဆိုရင် ဂိုးသွင်းကောင်းတဲ့ ကိုကိုက ဂိုးသွင်းကောင်းဖို့
လိုအပ်သလို ဂိုးဖမ်းမယ့်မမက ဂိုးဖမ်းကောင်းဖို့ လိုအပ်ပါတယ် ။
ရင်မှာ အချစ်တွေက ထာဝရရှင်သန်နေဆဲမို့လို့ ဘယ်ကောင်မလေးကို မဆို
ချစ်လို့ရပေမယ့် တွေ့တဲ့သူတိုင်းကိုတော့ အချစ်တွေ အလကား မပေးလိုက်ချင်ပါဘူး ။
ကိုယ့်ကိုလည်း စိတ်ဝင်စားမှ ၊ လိုလားမှ ကိုယ်ကလည်း အချစ်တွေ လိုလိုလားလား
ေ ပေးချင်မိမှာပေါ့ ။ တံခါးပိတ်ထားတဲ့ အိမ်ကို တံခါးခေါက်ပြီး မဝင်ချင်ပါဘူး ။
ကိုယ်ဝင်လာမှန်း ကြိုသိလို့ တံခါးဖွင့်ပေးထားတဲ့ တံခါးပေါက်ကိုပဲ မျှော်လင့်မိပါတယ် ။
မာနတွေ အတ္တတွေနဲ့ ရှင်သန်နေတဲ့ ငါက မင်းကို လွမ်းဖူးပါတယ် ကောင်မလေးရယ် ... ။
ငါဟာ ယောက်ျားတစ်ယောက်မို့လို့ ချစ်သူနဲ့ လမ်းခွဲ့လို့ မျက်ရည်မကျတတ်ဘူး ဆိုပေမယ့်
ငါကြောင့် မင်း ငိုကြွေးခဲ့ရတယ်ဆိုတာ သိပါတယ် ။ အခုလို နှစ်တွေကြာလို့ တစ်ခါတစ်လေမှ
မင်းကို သတိရမိတတ်တော့တယ် ဆိုပေမယ့် သတိရမိတိုင်း မင်းနေကောင်းပါစေ ၊
အဆင်ပြေပါစေ ၊ ချစ်တဲ့သူနဲ့ တွေ့ဆုံပါစေ လို့ ငါအမြဲ မေတ္တာပို့ပေးတတ်ပါတယ် ။
တကယ်လို့ မင်းမှာ ချစ်သူရှိတယ်ဆိုရင် ချစ်သူစဖြစ်တဲ့နေ့ ၊ ချစ်သူမွေးနေ့တို့ကို
မှတ်ထားဖို့လိုတယ် ။ မင်းမှာ ချစ်သူရှိတယ်ဆိုရင် ချစ်သူအမြဲပြောဖူးတဲ့ စကားတွေကို
မမေ့ဖို့လိုတယ် ။ မင်းမှာ ချစ်သူရှိတယ်ဆိုရင် ချစ်သူပေးတဲ့ လက်ဆောင်တွေကို
ဂရုတစိုက် သိမ်းထားဖို့လိုတယ် ။ ချစ်သူပေးတဲ့ ဓတ်ပုံကိုလည်း အမှတ်တရ
မပျောက်ပျက်အောင် သိမ်းထားပါ ။
တကယ်လို့ မင်းရည်းစားတွေ ထားခဲ့ဖူးတယ်ဆိုရင် မင်းရည်းစားတွေအကြောင်း
မင်းချစ်သူကို မပြောပြတာ အကောင်းဆုံးပဲ ။ ရည်းစားနာမည် ၊ ရည်းစားနဲ့
ပြတ်သွားရတဲ့ အကြောင်းရင်းတွေကို မပြောမိတာ ပိုကောင်းမယ် ။
အလုပ်ကိုပဲ အရမ်းကြိုးစားပြီး လုပ်တတ်တဲ့သူတွေကို ကောင်မလေးတွေက
သူတို့ကို အလိုမလိုက်ဘူး ၊ အချိန်မပေးဘူး ၊ မကြင်နာဘူး ၊
တကယ်ချစ်တာ ဟုတ်ရဲ့လား စတဲ့ သံသယတွေ ဝင်မိတတ်တယ် ။
ချစ်သူကို တကယ်ချစ်တယ်ဆိုရင် ချစ်သူအလိုကျ အချစ်ကိုပဲ စိတ်ဝင်စားပါ ။
အလုပ်ကိုလျှော့လုပ်ပါ ။ အလုပ်ကို တန်ဖိုးထားတယ် ။ အချစ်ကို
မလိုအပ်ဘူးလို့ ယူဆရင် အလုပ်ပဲလုပ်ပါ ။ အချစ်ကို မရှာပါနဲ့ ။
ချစ်ကြတဲ့ ချစ်သူနှစ်ဦးမှာ အချစ်ပဲလိုတယ် ။
လက်ထပ်ခြင်းဆိုတာ အရေးမကြီးဘူး ။
ကတိသစ္စာတွေလည်း မလိုအပ်ပါဘူး ။
အချစ်ဟာ သစ်ပင်တစ်ပင်ဆိုရင် အဲဒိသစ်ပင်ဟာ
နွေမိုးဆောင်း သူ့ဘာသာ ရှင်သန်နေပါလိမ့်မယ် ။
အချိန်တန် အိုမင်းလာလို့ သေမယ်ဆိုရင်လည်း သေပါစေလေ ။
မင်းကို ငါချစ်တယ်ဆိုတာ မင်းကို ငါနမ်းချင်တယ်လို့ ပြောခြင်း မဟုတ်ဘူး ။
မင်းကို ငါချစ်တယ်ဆိုတာ မင်းကို ငါယူမယ်လို့ ကတိပေးခြင်း မဟုတ်ဘူး ။
မင်းရဲ့ အလှကို ငါ မပိုင်ဆိုင်ချင်ဘူး ၊ မင်းနဲ့ငါ ဘဝခြင်း မပေါင်းချင်ဘူး
ဆိုရင်လည်း မင်းနဲ့ငါ ချစ်လို့ရပါတယ် ။ အချစ်မှာ တစ်ဖက်သတ်အချစ်
ဆိုတာ ရှိပါသေးတယ် ။
မင်းကို လွမ်းတဲ့အကြောင်း ငါစာတွေ ရေးထားတယ် ။
ငါ ရေးတဲ့ စာတွေကို မင်းမဖတ်သော်လည်း လူတွေအကုန်လုံး
ငါ့အချစ်ကို သိအောင် သက်သေပြမယ် ။ မင်းပြောတဲ့ စကားတွေကို
နားထောင်ချင်သော်လည်း မင်းက မရှိဘူး ။ မင်းရေးတဲ့ စာတွေကို
ဖတ်ချင်သော်လည်း မင်းက မရှိဘူး ။
တစ်နေ့ စိမ်းလန်းစိုပြေမှာ ငါတို့ ချိန်းတွေ့ ခဲ့ကြတယ် ။
ထိုင်ခုံလေး တစ်ခုံမှာ ငါတို့ အတူတူ ထိုင်ခဲ့တယ် ။
ဒီအချိန်မှာပဲ မိုးတွေ ရွာချတယ် ။ ဒီလိုနဲ့ မင်းနဲ့ငါ
ထီးလေးတစ်ချောင်း အတူတူ ဆောင်းဖြစ်ခဲ့တယ် ။
မင်းရဲ့ လက်ဖဝါးလေးကို ငါကိုင်မိတဲ့ အချိန်မှာ
မင်းက " အစ်ကိုရဲ့ လက်တွေက အေးစက်နေတာပဲ " လို့
ပြောခဲ့တယ်နော် ။ မင်းရဲ့ လက်ဖဝါးလေးက
အရမ်းကို နွေးခဲ့ပါတယ် ကောင်မလေးရယ် ... ။
မိုးထက်မင်းကဲ .............ဇူလိုင် .မင်းဝေ

ไม่มีความคิดเห็น:

แสดงความคิดเห็น