ပျော်ရျွှင်းငြိမ်းချမ်းသောကမ္ဘာလေးရနိုင်ကျပါစေ
လာရောက်လည်ပတ်သူများကိုအထူပဲကျေးဇူတင်ပါသည်.ဇူလိုင်.မင်းဝေ

.

.

နိုင်ငံတကာ လာရောက်မိတ်ဆွေများ

วันศุกร์ที่ 31 กรกฎาคม พ.ศ. 2558

***ဗုဒ္ဓဘာသာဝင်တိုင်း သိမှတ်ထားသင့်သော “မေတ္တာသုတ်” အဓိပ္ပါယ်နှင့်၊ “မေတ္တာပွားရကျိုး” နှင့်၊ “မေတ္တာပွားသည့်အခါ အစွမ်းထက်လိုပါက လိုက်နာစောင့်ထိန်းဖွယ်များ”***

***ဗုဒ္ဓဘာသာဝင်တိုင်း သိမှတ်ထားသင့်သော “မေတ္တာသုတ်” အဓိပ္ပါယ်နှင့်၊ “မေတ္တာပွားရကျိုး” နှင့်၊ “မေတ္တာပွားသည့်အခါ အစွမ်းထက်လိုပါက လိုက်နာစောင့်ထိန်းဖွယ်များ”***
------------------------------------------------------------------------------
၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။
**မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာဝတို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္ဈာယ်သောသူသည်...
၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။
**ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့…
၃။ကရဏီယ မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊
**အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။
၎။ သန္တုဿကော စ သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
**စားသောက်စရာ၊ နေစရာအရာရာတို့တွင် ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊ ကိုယ့်ဝမ်းတခါးအတွက် လွယ်လင့်တကူပေါ့ပါးစွာ အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊ အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊ စိတ်သွားတိုင်းကိုယ်ပါနေသကဲ့သို့ ဖြစ်သင့်၏၊ ထို့ပြင်သာမက မျက်စိ၊ နားစသော ဣနြေ္ဒငါးပါးကို ထိန်းသိမ်းသူ၊ တည်ငြိမ်ရင့်ကျက်သူ၊ ဥာဏ်ပညာဖြင့် ချင့်ချိန်နိုင်သူလည်း ဖြစ်သင့်၏၊ ကိုယ့်နင့်ဆက်စပ်သော သူအားလုံးတို့အပေါ်၌ တွယ်တာမနေသင့်ပေ။
၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ၀ိညူ ပရေ ဥပ ၀ဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
**ရှေးရှေးသော ပညာရှိတို့ ကဲ့ရဲ့အပ်သော မကောင်းမှုမှန်သမျှ အသေးအမွှားလေးကအစ ဘာတစ်ခုမျှ မပြုလုပ်ပါစေကုန်လင့်၊ သတ္တ၀ါအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ချမ်းသာကြပါစေသတည်း၊ ဘေးရန်ကင်းကွာ ချမ်းသာစွာ နေနိုင်ကြပါစေသတည်း၊
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊
တသာ ၀ါ ထာဝရာဝ န၀သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အဏုက ထူလာ။
**ထွက်သက်ဝင်သက် အသက်ရှုနေကြသော သတ္တ၀ါမှန်သမျှ၊ ကြောက်ရွံ့ထိတ်လန့်တတ်ကြသောရဟန္တာမဖြစ်ကြသေးသော သတ္တ၀ါများ၊ မကြောက်မရွံ့ တည်ကြည်ငြိမ်သက်ကြသော ရဟန္တာမထေရ်မြတ်ကြီးများ၊ ခန္ဓာကိုယ်ရှည်လျားသော သတ္တ၀ါ၊ ခန္ဓာကိုယ်ကြီးမားသော သတ္တ၀ါ၊ မရှည်မတို၊ မကြီး မသေး အလယ်အလတ်ဖြစ်ကြသော သတ္တ၀ါ၊ ခန္ဓာကိုယ် ဆူဖြိုးသောသတ္တ၀ါ၊ အားဖြင့် နောက်ဆုံး အဏုမြူတမျှ သေးငယ်ကုန်သော သတ္တ၀ါတွေအပါအ၀င် အားလုံးတို့သည် ဘေးရန်မရှိ ချမ်းသာပကတိရှိကြပါစေ …
၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာဝ သမ္ဘဝေသီဝ၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
**မျက်စိဖြင့် မြင်နိုင်သောမြင်ဖူးသောသတ္တ၀ါ၊ မမြင်နိုင်သော၊ မမြင်ဖူးသောသတ္တ၀ါ၊ ကျွနုပ် အဝေးမှာ ရှိနေသော၊ အနီးနားမှာ ရှိနေသော၊ မနီးမဝေးမှာ ရှိနေသောသတ္တ၀ါများ၊ နောင်ဘ၀မဖြစ်ရတော့သည့် ရဟန္တာစသော သူတော်ကောင်းတို့သည်၎င်း၊ နောင်ဘ၀ဖြစ်ကြအုံးမည့် ပုထုဇဉ် သေက္ခစသော သတ္တ၀ါအားလုံးတို့သည်၎င်း ဘေးရန်ကင်းကွာ ချမ်းသာကြပါစေကုန်သတည်း၊
၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာည မညဿ ဒုတ္ခ မိစ္ဆေယျ။
**တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို၊ တိရိစ္ဆာန်တကောင်က တစ်ကောင်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ်မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာ မထီမဲ့မြင် မပြုကြပါစေလင့်။
ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။
၉။မာတာ ယထာ နိယံပုတ္တ၊
မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။
**တစ်ဦးတည်းသော သားရှိသော မိခင်သည် မိမိသားအပေါ် ဘေးရန်မကျရောက်အောင် အသက်ပေးကာ စောင့်ရှောက်သကဲ့သို့ အကျိုးကျေးဇူးအနန္တများပြားလှသော မေတ္တာစိတ်ကို သတ္တ၀ါအားလုံးတို့အပေါ်တွင် ဖြန့်ကျက်နေနိုင်ကြပါစေ..
၁၀။မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရ မသပတ္တံ။
**အထက်ဘ၀ဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊ အောက်အ၀ီစိအပါယ်ဘုံတိုင်အောင်၊ အလယ်အလတ် လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ရူပဗြဟ္မာ့ဘုံ အပါအ၀င် နေရာမလပ် အကျိုးအနန္တများပြားလှသော၊ အတိုင်းအဆပမာဏ မရေတွက်နိုင်သော မေတ္တာစိတ်ကို ပွားများနိုင်ကြပါစေ၊ အပိုင်းအခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းမရှိ၊ ကိုယ်တွင်းဘေးရန်လဲ မရှိ၊ ပြင်ပရန်သူလဲ မရှိပဲ အေးချမ်းစွာ နေနိုင်ကြပါစေသတည်း၊
၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာဝတာဿ ၀ီတမိဒ္ဓေါ။
ဧတံ သတႎ အဓိေ႒ယ်၊
ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာဟု၊
**ရပ်နေစဉ်၊ လမ်းလျောက်နေစဉ်၊ ထိုင်နေစဉ်၊ ခန္ဓာကိုယ်လဲလျောင်းနေစဉ် ဘယ်အချိန်မှာမဆို စိတ်ပျံ့လွင့်မှုကင်း ကြည်လင်ရွှင်ပြစွာဖြင့် မေတ္တာစိတ်နှင့်ယှဉ်သော သတိကို ထားနိုင်ကြပါစေ.. ထိုကဲ့သို့ မေတ္တာစိတ် ဖြန့်ကျက်ကာ နေခြင်းကိုပင် မြင့်မြတ်သော ဗြဟ္မာကြီးတို့၏ နေထိုင်ခြင်း ဗြဟ္မ၀ိဟာရဟူ၍ ပညာရှိအပေါင်းတို့ ဆိုကြပေ၏။
၁၂။ ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ၊
သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနယ ဂေဓံ၊
န ဟိ ဇာတု ဂ ဗ္ဘသေယျ ပုန ရေတိ။
မေတ္တသုတ္တံ နိဋ္ဌိတံ။
**အမြဲမပြတ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပွားများလေ့ ရှိသူသည်၊ အယူလွဲမှား ဖောက်ပြန်သောဘ၀သို့ မရောက်နိုင်တော့ပဲ လောကုတ္တရာသီလများနှင့် ပြည့်စုံပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုပင်မျက်မှောက်ပြုရတတ်သည်၊ သက်ရှိ၊ သက်မဲ့ ၀တ္တုအာရုံ ကာမဂုဏ်ငါးပါးတို့၌ မက်မောတွယ်တာမှုများ ကင်းကွာကာ နောင်တဖန် ပဋိသန္ဓေတည်နေရခြင်း ဇာတိဒုက္ခကိုပင် မခံစားရတော့ပေ။
(မေတ္တာသုတ် မြန်မာပြန်အဓိပ္ပါယ် ပြီးပါပြီ)
“မေတ္တာအကျိုး ( ၁၁ )မျိုး”
===============
၁။ ချမ်းချမ်းသာသာ အိပ်ပျော်ခြင်း၊
၂။ ရွှင်ရွှင်ပြပြ အိပ်ရာနိုးခြင်း၊
၃။ မကောင်းသော အိပ်မက်ဆိုးများ မမက်ခြင်း၊
၎။ ပတ်ဝန်းကျင်မှ လူများ၏ချစ်ခင်မှု ရရှိခြင်း၊
၅။ လူမှတပါး အခြားသော ပရလောကမှပုဂ္ဂိုလ်များ ချစ်ခင်ခြင်း၊
၆။ ဘုန်းတန်ခိုးကြီးမားသော နတ်ဗြဟ္မာများ စောင့်ရှောက်မှု ခံရခြင်း၊
၇။ မီးဘေး၊ အဆိပ်ဘေး၊ ဒုတ် ၊ ဓားလက်နက် မှန်သမျှ မထိရောက်နိုင်၊
၈။ ကမ္မဋ္ဌာန်းတခုခုကို အာရုံပြုလျင် စိတ်တည်ကြည် သမာဓိရလွယ်ခြင်း၊
၉။ မေတ္တာစိတ်ကြောင့် အမြဲတမ်း မျက်နှာကြည်လင်နေခြင်း၊
၁၀။ သေခါနီးဝယ် ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ သေနိုင်ခြင်း၊
၁၁။ ယခုဘ၀တွင် မဂ်ဖိုလ်မရလျင်တောင် မေတ္တာဈာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊
( မေတ္တာအကျိုး ဆောင်ပုဒ် )
မေတ္တာဂုဏ်ရည် , ဆယ့်တစ်လီကား , အညီသတ္တ၀ါ , မလပ်ပါအောင် , ခါခါနေ့စဉ် , မေတ္တာယှဉ်မှု , ကြည်လင်အိပ်ပျော် ထချိန်တော်၍ , နိုးသော် ရွှင်ရွှင် , အိမ်မက်မြင်လည်း , အစဉ်ကောင်းစွာ , မြင်မက်ရာ၏ ။ ပြည်ရွာလူသား , နတ်အများလည်း , မြင်ကြားသမျှ , ချစ်ခင်ကြသဖြင့် , ဒေ၀ထွေထွေ စောင့်ရှောက်လေ၏ ။ မီး , ရေ , ခိုးသူ , များရန်သူလည်း , မယူမဖျက် , မနှောက်ယှက်တည်း ။ စိတ်ဓာတ်လည်းတည် , မျက်နှာကြည်၍ , သေမည်ခါချဉ်း , တွေဝေကင်း၏ ။ မှန်းရင်းဓမ္မ , မဂ်မရလည်း , ဈာန်ရလေလစ် , ဗြဟ္မာဖြစ်သည် ... ဆယ့်တစ်မေတ္တာအကျိုးတည်း
“မေတ္တသုတ်တော်လာ လိုက်နာသင့်ဖွယ် ( ၁၅ )ချက်”
=============================
၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်၊
၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
၎။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏၊
၅။ မုဒု စ= စိတ်ထား နူးညံ့သိမ်မွေ့သင့်၏၊
၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း မာန်မာန မထားသင့်ရာ၊
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်၊
၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်၊
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏၊
၁၀။ သလ္လဟုက၀ုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏၊
၁၁။ သန္တိန္ဒြိယော စ= ငြိမ်သက်သော ဣနြေ္ဒရှိသင့်၏၊
၁၂။ နိပကော စ= ရင့်ကျက်သော တည်ငြိမ်သော ပညာဥာဏ်လဲ ရှိသင့်၏၊
၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ကုလေသု အနနု ဂိဒ္ဓေါ= အမျိုးလေးပါးတို့၌ တပ်မက်မှုမရှိသင့်ပေ၊
၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ - ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာ။
Special Thanks for your precious post – “ဗုဒ္ဓဘာသာစောင့်ရှောက်သူများအသင်း”
နှလုံးသားအာဟာရ

วันจันทร์ที่ 20 กรกฎาคม พ.ศ. 2558

"ထားခဲ့သူသို့ ပေးစာ"

"ထားခဲ့သူသို့ ပေးစာ"
ကောင်မလေးရေ.....
လွမ်းတိုင်းတာငိုရမယ်ဆိုရင် မျက်ရည်တွေလည်း
ခမ်းနေလောက်ပါပြီ မှတ်မိမယ်ဆိုရင်
ပန်းကြွေလေးတွေ ကောက်တဲ့မနက်မှာ
ရွှင်လန်းနေတဲ့မျက်နှာလေးက
သော်တာလမင်းကြီးထက် ပိုအေးချမ်းတယ်လို့
ပြောခဲ့ဖူးတယ်လေ ......
ကိုယ်တစ်ယောက်ထဲ အလွမ်းတွေဝေတဲ့ညမှာလေ
ခေါင်းအုံးလေးကိုအဖော်လုပ်လို့ မင်းအကြောင်းလေးတွေ ပြောပြမိတယ်
ကိုယ်တို့ သံသရာတစ်ကွေ့ကွေ့မှာပြန်ဆုံတွေ့ခဲ့ရင်
ကိုယ့်ခေါင်းအုံးလေးကိုမေးကြည့်ပါ မင်းအကြောင်းလေးတွေကို အပြောင်းအလဲ
မပါပဲပြောပြပါလိမ့်မယ်......
ကိုယ်လည်းအခုတော့နေတတ်နေပါပြီ
ချစ်ခြင်းတရားကို ဥပက္ခာထားလို့
ကိုယ့်ဘဝသက်တမ်း တစ်လျှောက်
အခြားတစ်ယောက်ရဲ့လက်ကိုမတွဲတော့ဘူး
မင်းကိုလွမ်းခဲ့ရင်တောင် ခေါင်းအုံးလေးက
ကိုယ့်ကိုအဖော်ပြုပေးမှာပါ
မင်းလည်းဘဝမှာပျော်ရွှင်ချမ်းမြေ့တဲ့
မိသားစုလေးကိုပိုင်ဆိုင်နိုင်ပါစေ။ ။
........ဇူလိုင်မင်းဝေ.........

နွံ


ချမ်းသာဖို့ နည်းလမ်း(၇)သွယ်


မှတ်သာစရာများ


"မြန်မာ တို့ အတွက် ဗဟုသုတ"


วันเสาร์ที่ 18 กรกฎาคม พ.ศ. 2558

အာဇာနည်နေ့ - လွမ်းဆွတ်ဖွယ် ဥသြဆွဲသံ


အာဇာနည်နေ့  - ဇူလိုင်လ (၁၉) ရက်နေ့ ၊ နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန်မှာ တစ်မိနစ်ကြာ တစ်နိုင်ငံ
လုံး နေရာအနှံ့  ကြားသိစေဖို့  ဥသြဆွဲပေးဖို့  တာဝန်မှာ တိုင်းပြည်အုပ်ချူပ်သူ အစိုးရ၏ တာဝန်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်က အသတ်ခံရတဲ့ ဂျူးလူမျိုးများအတွက် ဥသြဆွဲချိန် - အစ္စရေးနိုင်ငံ အဝေးပြေးလမ်းမကြီး
ပေါ်မှာ ပြည်သူပြည်သားတွေ ဘယ်လောက် အလေးထားကြလည်းဆိုတာ ကြည့်ပါ။

မြန်မာနိုင်ငံမှာ ဇူလိုင်လ (၁၉) ရက်နေ့  ရောက်ပြီဆိုရင် နှစ်စဉ်နှစ်တိုင်း ဥသြဆွဲ အလေးပြုခဲ့ကြတာပါ။

သန်းရွှေတို့  လက်ထက်ရောက်မှ ဒီ ဥသြဆွဲတာကို ရပ်ဆိုင်းပစ်ခဲ့ကြတာမို့  ယခု ဒီနှစ် ဇူလိုင်လ (၁၉) ရက်နေ့ က စပြီး နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့ ဇူလိုင်လ (၁၉) ရက်နေ့  ရောက်ရင် ဗိုလ်ချူပ်အောင်
ဆန်းနှင့်တစ်ကွ အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများကို အလေးပြုနိုင်ဖို့  ဥသြဆွဲပေးဖို့  တောင်း
ဆိုပါတယ်။

အာဇာနည်နေ့ ဇူလိုင်လ (၁၉) ရက်နေ့ မှာ ဥသြဆွဲဖို့ ကို ပြန်ကြားရေးဝန်ကြီးက လုပ်ရမယ်လို့ ၊ ရန်ကုန်
တိုင်းအစိုးရက လုပ်ရမယ်လို့  စည်ပင်က လုပ်ရမယ်လို့  ယဉ်ကျေးမှုက လုပ်ရမယ်လို့  ဘောလီဘောပုတ်
မနေပါနဲ့ ။ 

အာဇာနည်နေ့ ကို နိုင်ငံတော်အခမ်းအနားအနေနဲ့  လုပ်ရမှာမို့  သမ္မတကိုယ်တိုင် ဦးစီးပြီး သမ္မတကိုယ်တိုင်
ကိုယ်ကျ အာဇာနည်ကုန်းကို သွားရောက် အလေးပြုရမှာ ဖြစ်သလို၊ အာဇာနည်နေ့  ဥသြဆွဲတာကိုလည်း သမ္မတကနေ ဦးစီးဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ 

အစိုးရတစ်ဖွဲ့ လုံး၊ လွှတ်တော်အားလုံးက လွှတ်တော်အမတ်များအားလုံးက မဖြစ်မနေ အာဇာနည်နေ့ 
အခမ်းအနားများကို ဆောင်ရွက်ကြဖို့  ဖြစ်ပါတယ်။

ချစ်သူအတွက်


วันศุกร์ที่ 10 กรกฎาคม พ.ศ. 2558

အတိတ်မေ့ရောဂါ

အတိတ်မေ့ရောဂါ
-------------------------
မျက်ရေ တော့ မကျနဲ့နော် ချစ်သော ဘော်ဘော်တို့.....................................................................................................................................................
မင်းတို့ လေးတွေ ဗိုက်ထဲ ရောက်လာပြီဆိုတာ
သိလိုက်ရတဲ့ အချိန်ကစလို့  စားချင်တာမစားခဲ့ရ
ပါဘူး မင်းတို့ နဲ့ မတည့်မှာစိုးလို့ 
လူ့ လောက ကို ပို့ ပေးတော့လည်း
အသက်နဲ့ လောင်းကြေးထပ်ပြီး ပို့ ခဲ့ရတာပါ
အခု အသက်ကြီးလာတော့လည်း မင်းတို့ က
မင်းတို့ သားသမီးလေးတွေနဲ့ ပဲ ပျော်မွေ့ နေကြတော့ ငါတို့ ကို သတိတောင်မရကြတော့ဘူး 
အခုထိလည်း ငါတို့ မှာ စားချင်တာ မစားရတဲ့
ဘဝတွေပါပဲ ပြုစုပေးမဲ့ သားသမီး ဂရုစိုက်ပေးမဲ့
သားသမီး အနားမှာ မရှိလို့ 
မင်းတို့  ပိုက်ဆံရလာတဲ့အခါတိုင်း မင်းတို့ သားသမီး တွေဖို့  မင်းတို့ ရည်းစားတွေဖို့  ဆိုပြီး
သတိယ သလိုမျိုး ငါတို့ အပေါ်ကို သတိတယ
မရှိနိုင်ကြတော့ဘူးမလား
ငယ်ငယ်က မင်းတို့ ကို ထမင်းခွံ့ ကျွေးတဲ့အခါမှာ
ငါ့သားလေး ငါ့သမီး လေးများ ဝပြီလားဆိုပြီး
ဗို်က် ကလေးကိုစမ်းစမ်းကြည့် မဝမချင်း
ချော့မော့ပြီး ကျွေးခဲ့ရတာ အကြိမ်ပေါင်း
သောင်းနဲ့ ချီခဲ့ပါတယ်
အခုကျတော့လည်း ငါတို့ ကို အဲဒီလို ဂရုစိုက်ဖို့ 
တကြိမ်တခါတောင် မင်းတို့ သတိမရကြဘူးထင်ပါတယ်
ငယ်ငယ်က လက်ပေါ် ကျင်ကြီးကျင်ငယ်စွန့် တဲ့
အခါ ပေကျံ လိုနံစော်တာကို ငါတို့ တွေ ဂရုမစိုက်
အားပါဘူး ဝမ်းမှကောင်းရဲ့လားဆိုတဲ့ အတွေးက
ပေါ်လာပြီး စိုးရိမ်နေလို့ လေ
အခုကျတော့လည်း ငါတို့  ရဲ့ ကျင်ကြီးကျင်ငယ်ကို ဂရုစိုက်ဖို့ နေနေသာသာ
အမေတို့ အဖေတို့  နေကောင်းကြရဲ့လား လို့ 
တောင် မေးသံမကြားမိပါဘူး
မင်းတို့ ရဲ့ ပေကျန်နံစော်နေတဲ့ အဝတ်အစား
တွေကို အကြိမ်အခါခါ လျှော်ပေးဘူးပေမဲ့
ငါတို့ အသက်ကြီးလို့  နံစော်နေတဲ့အခါ တခါလောက်တောင် လျှော်ပေးဖို့  မင်းတို့ 
သတိမယကြဘူးမလား
တကယ်တော့
စားဝတ်နေရေး အဆင်မပြေတဲ့ မိဘတွေရဲ့
ဘဝတွေဟာ
တနေ့ တာ ကုန်လွန်ဖို့ တောင် ပင်ပမ်းကြီးစွာ
ဖြတ်သန်းနေရတာပါ
ငါတို့ လို မိဘတွေ လောကမှာ
ဘယ်လောက်တောင်များမလဲမသိဘူးနော်
ကိုယ့်မိဘ တွေဟာ
ကိုယ့်သားသမီးတွေကို
ဘယ်လောက်ထိ အားကိုးတယ်ဆိုတာ
မင်းတို့ တွေ မိဘနေရာ ရလာတဲ့တနေ့ 
သိကြရပါလိမ့်မယ်
ဘယ်မိဘမှ သားသမီးဆီမှာမမျော်လင့်ဘူး
ဆိုတာ မင်းတို့ တွေ ယုံကြည်သလား
မှားလိမ့်မယ်
တကယ်တော့ အဲဒါ မိဘတွေရဲ့
မာန နဲ့  မုသာဝါဒ ပေါင်းစပ်ထားတာလေ
ဂေါတမ ဘုရားရှင်က
မိဘများ သားသမီးများဆီမှ
မျှော်လင့်ခြင်းငါးမျိုး ထဲမှာ ငါတို့ သားသမီး
များသည် ငါတို့ အသက်ကြီးလာသောအခါ
တလှည့် လုပ်ကျွေးကြလိမ် မည် လို့  
ဟောထားတာ ကြားဘူးကြလား
မိဘတွေ မတောင်းဆိုရက်မှန်းသိလို့ 
ဖေါ်ထုတ်ပေးထားတာ မင်းတို့ တွေ့  ကြဘူး
မှာပေါ့
ဒါပေမဲ့
သားသမီးဆီက တောင်းဆိုရင်
မိဘမေတ္တာ လျော့ကျသွားမှာစိုးလို့ 
အသက်သာ အသေခံသွားမှာပါ
ငါတို့ မှာ
အသက်ကကြီးလာလို့  လုပ်အားနဲ့ 
မရှာဖွေနိုင်တော့ပါဘူး
ရှိသမျှ အားတွေကလည်း မင်းတို့ ကို လုပ်ကျွေး
ခဲ့ရလို့  ကုန်ခမ်း ကုန်ပါပြီ
တရားရှာနိုင်ဖို့  နေနေသာသာ
ထမင်းတနပ်တောင် မနည်းရှာစားနေရတဲ့
ဘဝတွေကို ရောက်နေပါပြီ
စားချင်တာမစားရ စားသင့်တာတောင် မစားရတဲ့
ဘဝပိုင်ရှင်တွေဖြစ်နေပါပြီ
မင်းတို့ ကတော့ ကိုယ့်သားသမီးတွေရဲ့ အနာဂတ်
လှပဖို့  ကြိုးစားနေကြတယ်
ကိုယ့်ချစ်သူနဲ့  အနာဂါတ် လှပဖို့  
ပုံဖေါ်နေကြတယ်
အဲဒီအချိန်မှာ
မင်းတို့ ရဲ့ မိဘတွေဟာ
မပြည့်စုံတဲ့ ဘဝတွေနဲ့ 
တနေရာရာမှာ ရှိနေကြတယ် ဆိုတာကိုတော့ဖြင့်
တကြိမ်တခါလောက်ကလေး
တွေးနိုင်ကြပါစေ