အပျက် နဲ့  ဇွဲ
----------------
အောင်မြင်မှု့သာလိုချင်ကြတယ်
ဇွဲလဲမရှိဘူး ပျက်တော့လည်း စိတ်ဓာတ်ကျလွယ်ကြတယ်
ဒီကနေ့ မြန်မာနိုင်ငံမှာ အကြီးဆုံးစာသင်တိုက်ကြီးဖြစ်တဲ့ မန္တလေး မြို့ က
မစိုးရိမ်စာသင်တိုက်ဆိုတာ အရမ်းချမ်းသာတဲ့
သူဋ္ဌေးကြီး လှူခဲ့တာလို့  ထင်နေကြလား
ဦးသက်ရှည်လို့ ခေါ်တဲ့ ကုန်စိမ်း ထမ်းရောင်းတဲ့
လူကြီးတဦးက တနေ့ ကို မူးစု ပဲစု နဲ့ အစပြုပြီး
ကြိုးစားတည်ခဲ့လို့  ဒီကနေ့ သာသနာတော်အတွက် အကျိုးကျေးဇူးကြီးမားစွာ
အထေက်အကူဖြစ်ခဲ့တယ်
မဟာစည်သာသနာ့ရိပ်သာကြီးဖြစ်အောင်
တည်ထောင်ခဲ့ပြီး သူ့ အိမ်မြေနေရာကို လှူ ဒါန်း
နိုင်ခဲ့တဲ့ သူဋ္ဌေးကြီး ဆာဦးသွင်ဆိုတာ ရန်ကုန်
ရောက်ခါစက မိဘတွေပေးလိုက်တဲ့ပိုက်ဆံ ၇ သောင်း အလုပ်လုပ်ရင်း ကုန်ခဲ့လို့  နောက်ထပ်
ငွေငါးသောင်းနဲ့  ပြန်ပြီးအစကပြန်ကြိုးစားခဲ့ရတယ် အဲဒီအချိန်က
စက်ဘီးအစုတ်ကလေး တစီးနဲ့ ပေါ့
ပထမအကြိမ် စီးပွားပျက်တုန်းကသာ စိတ်ဓာတ်
ကျပြီးနောက်ဆုတ်ခဲ့ရင် ဒီကနေ့ မဟာစည်သာသ
နာ့ရိပ်သာဆိုတာ ပေါ်လာမှာတောင်မဟုတ်ဘူး
ဂုရုကြီး ဦးဂို အင်ကာ စီးပွားရေးတွေကို ပြည်သူ
ပိုင်အသိမ်းခံရတုန်းကသာ စိတ်ဓာတ်တွေ ကျ ခဲ့
မယ်ဆိုရင် ဒီကနေ့ နိင်ငံပေါင်း ၁၃၅ နိုင်ငံကို
သာသနာပြုနိုင်မှာ မဟုတ်ဘူး သူ့ ကျေးဇူး
ကြောင့်ကမ္ဘာကြီးဝိပဿနာ ထိတွေ့ ခွင့် ရခဲ့ကြ
တယ်
နောက်ထပ်အဲဒီလိုပုဂ္ဂိုလ်တွေ အများကြီးရှိပါသေး
တယ်
ကဲ
အပျက်အစီးဆိုတာကရော ဥာဏ်ကြီးသူ
ဇွဲရှိသူတွေအတွက် အောင်မြင်မှု့ အဖြစ်
မပြောင်းနိုင်ဘူးလား
မိတ်ဆွေတို့ ရော
ပျက်စီးရင် စိတ်ဓာတ်မကျဖို့ နဲ့ 
ဘုရားတရားကို ဖက်တွယ်တက်ဖို့ 
အရေးကြီးတယ်ဆိုတာ
အကြံကောင်းလေး ပေးပါရစေ
စိတ်ဓာတ်ကျသလား
ပြန်ကောက်ထား
သူမရှိလို့  မဖြစ်ဘူး တဲ့
အကောင်းမြင်ဝါဒကြောင့် လေယျဉ်ပျံ ပေါ်လာ
ရသလို
အဆိုးမြင်ဝါဒကြောင့် လေထီးပေါ်လာရတယ်
အကောင်းလောကဓံရော
အဆိုးလောကဓံပါ
လောကကို ကောင်းကျိုးပြုပါတယ်
ဒါပေမဲ့
အသုံးချတတ်ဖို့ တော့ လိုတာပေါ့
ไม่มีความคิดเห็น:
แสดงความคิดเห็น