ပျော်ရျွှင်းငြိမ်းချမ်းသောကမ္ဘာလေးရနိုင်ကျပါစေ
လာရောက်လည်ပတ်သူများကိုအထူပဲကျေးဇူတင်ပါသည်.ဇူလိုင်.မင်းဝေ

.

.

နိုင်ငံတကာ လာရောက်မိတ်ဆွေများ

วันอาทิตย์ที่ 12 กรกฎาคม พ.ศ. 2558

နွံ



နွံ
-
မေ့မှာစိုးတယ်....
ဘယ်တော့ဖြစ်ဖြစ် ၊ လွမ်းသစ်ထပ်ထပ်
တမ်းတတတ်လျှင် ၊ ရင်ခုန်မွတ်သိပ်
အိပ်မက်မှာလဲ(လည်း) ၊ တွယ်တာဆဲလေ ...
ရင်ထဲနင့်အောင် ချစ်ခဲ့သည် ...။
-
ကံကိုယိုး၍ ၊ ကြိုးစားဖြေလျော့
လွမ်းရုံပေါ့ကွယ် ၊ နွယ်ချစ်နုနွဲ့ 
ပူပန်ယဲ့နွမ်း ၊ ကိုယ့်ကြောင့်ကျွမ်းလိမ့်
ခြေလှမ်းရွံ့ ဆုတ် ၊ ငုတ်တုတ်ငိုက်မျဉ်း
အိပ်မက်ချည်းပင် ၊ အနီးကလေး
ဝေးကြီးဝေးလည်း ၊ ငှက်တေးစမ်းမြ
လရောင်မျှင်တန်း ၊ ပန်းတွေထဲမှာ
ဝေ့ဝဲသူရှိ ၊ ခံစားကြည့်တတ်
သတိတရ ၊ အောက်မေ့မှတော့
ကာလ ဘယ်လောက် ကြာချင်ကြာ....
-
မျှော်လင့်ခြင်းသည်...
ဆင်းရဲဝေဒနာ ၊ ဘာသာညှဉ်းဆဲ
စွဲလမ်းမူးယစ် ၊ အိပ်မက်ဖြစ်၏
သိလျှက်နစ်ကျွံ ၊ နွံ မှာပျော်ဆဲ
ဝမ်းနည်းမိလျှက် ၊ ငြိုငြင်ခက်စွ
ဘဝနှစ်ခု ၊ သိပ်သည်းထုခြား
သူ့ လမ်းကိုယ့်တာ ၊ ကွာကြီးကွာလှမ်း
လွမ်းရုံကျွမ်းရုံ ၊ ရင်တစ်ခုန်၌
မဆုံသာလည်း တွေ့ ချင်သည် ။
-
မောင်စိန်ဝင်း(ပုတီးကုန်း)

ไม่มีความคิดเห็น:

แสดงความคิดเห็น