သို့ ... ကိုကို ,
အချစ်ဆိုတာ ပရုတ်လုံးမှန်း
ရည်းစားထားမှ သိသွားပြီ
အစက အလိုလိုက်သမျှ
ခုကျတော့ အမျိုးမျိုး
တန်ဖိုးထားပါ
နှလုံးသားက ဗိုင်းရပ်ကိုက်ရင်
မန်မိုရီတွေ ပျက်တတ်တယ်
ဒါကြောင့် ... ပစ်မထားပါနဲ့
ခေါ်ရင်လာပါ
ဆိုးရင်သည်းခံပါ
ဂိမ်းဆော့ချိန်တွေ တစ်ဝက်လျော့
ဖုန်းပြောချိန်လေးတိုးပေးပါ
ချစ်စ'ကလို အလိုလိုက်ပါ
မက်စေ့ပုံမှန်ပို့ပါ
ချစ်တယ်ပုံမှန်ပြောပါ
အိပ်မက်တွေဆိုးလို့ ဖုန်းခေါ်တဲ့အခါစိတ်ရှည်ပါ
သူငယ်ချင်းတွေရှေ့မှာ အလိုလိုက်ပါ
မိန်းကလေးပါ
မချစ်ရင် အနားကလေဖြတ်ရှူရင်တောင်မကြိုက်ပေမယ့်
ချစ်တဲ့အခါ အူတို...ရူးမိုက်တတ်လို့ပါ
တာနှောယက္ခလို ထားပါ
ဒဿဂီရိထက် ပိုချစ်ပါ
ဝေဿန္တရာတော့ မလုပ်ပါနဲ့
ဒီက ...
မဒီဒေဝီလိုတော့ ပါရမီမဖြည့်ဘူး
စူဠသုဘဒ္ဒါလို သောနုတ္တိုခေါ်ပြီး
ရောက်ရာဘဝကနေ နုတ်နုတ်လာစင်းပစ်မယ် ... ။
ไม่มีความคิดเห็น:
แสดงความคิดเห็น