ပျော်ရျွှင်းငြိမ်းချမ်းသောကမ္ဘာလေးရနိုင်ကျပါစေ
လာရောက်လည်ပတ်သူများကိုအထူပဲကျေးဇူတင်ပါသည်.ဇူလိုင်.မင်းဝေ

.

.

နိုင်ငံတကာ လာရောက်မိတ်ဆွေများ

วันจันทร์ที่ 20 กรกฎาคม พ.ศ. 2558

"ထားခဲ့သူသို့ ပေးစာ"

"ထားခဲ့သူသို့ ပေးစာ"
ကောင်မလေးရေ.....
လွမ်းတိုင်းတာငိုရမယ်ဆိုရင် မျက်ရည်တွေလည်း
ခမ်းနေလောက်ပါပြီ မှတ်မိမယ်ဆိုရင်
ပန်းကြွေလေးတွေ ကောက်တဲ့မနက်မှာ
ရွှင်လန်းနေတဲ့မျက်နှာလေးက
သော်တာလမင်းကြီးထက် ပိုအေးချမ်းတယ်လို့
ပြောခဲ့ဖူးတယ်လေ ......
ကိုယ်တစ်ယောက်ထဲ အလွမ်းတွေဝေတဲ့ညမှာလေ
ခေါင်းအုံးလေးကိုအဖော်လုပ်လို့ မင်းအကြောင်းလေးတွေ ပြောပြမိတယ်
ကိုယ်တို့ သံသရာတစ်ကွေ့ကွေ့မှာပြန်ဆုံတွေ့ခဲ့ရင်
ကိုယ့်ခေါင်းအုံးလေးကိုမေးကြည့်ပါ မင်းအကြောင်းလေးတွေကို အပြောင်းအလဲ
မပါပဲပြောပြပါလိမ့်မယ်......
ကိုယ်လည်းအခုတော့နေတတ်နေပါပြီ
ချစ်ခြင်းတရားကို ဥပက္ခာထားလို့
ကိုယ့်ဘဝသက်တမ်း တစ်လျှောက်
အခြားတစ်ယောက်ရဲ့လက်ကိုမတွဲတော့ဘူး
မင်းကိုလွမ်းခဲ့ရင်တောင် ခေါင်းအုံးလေးက
ကိုယ့်ကိုအဖော်ပြုပေးမှာပါ
မင်းလည်းဘဝမှာပျော်ရွှင်ချမ်းမြေ့တဲ့
မိသားစုလေးကိုပိုင်ဆိုင်နိုင်ပါစေ။ ။
........ဇူလိုင်မင်းဝေ.........

ไม่มีความคิดเห็น:

แสดงความคิดเห็น